Monday, December 10, 2007

ညီရဲ့လားဟေ့

Nyi Yea Lar Hae by myochitmyanmar

ကဲဗျာ………

အကြာကြီး စောင့်ပြီးမေးနေတဲ့ မိတ်ဆွေတွေကိုအားနာလာတာရယ်
အမှန်အတိုင်း ပြောရရင် ကျွန်တော်ကိုယ်တိုင်လဲ ပင်ပန်းလာတာရယ်
ဒီလို အကြောင်းအမျိုးမျိုးတို့ကြောင့် ဒီသီချင်းလေး ကိုထုတ်ဖြစ်သွားပါပြီဗျာ
စိတ်တိုင်းတော့ လုံးဝမကြလိုက်ပါဘူး
ကျွန်တော် လုပ်ဘူးတဲ့ Own Tune တွေထဲမှာ ဒီသီချင်းက ရေးရတာ တော်တော်ခက်ပါတယ်
အထူးသဖြင့် Chord တခုထဲနဲ့ သီချင်းဖြစ်အောင်ရေးကြည့်ချင်တဲ့
ကျွန်တော့်ရဲ့ အတ္တက စိန်ခေါ်မှုတခုကြောင့် တော်တော်လေး ခေါင်းစားခဲ့ရပါတယ်
နောက်ပြီးတီးဖို့ ကလဲ ကျွန်တော့် Tyros ထဲက Preset Programs တွေနဲ့ မရပါဘူး
ဒီတော့ မအားတဲ့ သူငယ်ချင်း P.L ကိုဘဲ အပူကပ်ရတော့တာပေါ့
သူဘဲ တပုဒ်လုံးတီးပေးထားတာပါ Instruments တွေအားလုံးပေါ့

မနေ့ ကခနလေး အကြမ်းလွှင့်ဖြစ်ပါတယ် Feed Back ပေးလာသူတွေကိုကျေးဇူးပါ
ဒီသီချင်းလေးက အချိန်ယူပြီးခေါင်းတော်တော် စားပေမယ့်
တစ်ချို့ကတော့ ပျံသန်းနေဆဲခွပ်ဒေါင်းများသို့ ကို ပိုနားစွဲလွယ်တယ်လို့ပြောကြပါတယ်

ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့ဗျာ
နားထောင်ခံစားပေးကြတာကိုဘဲ ကျွန်တော်ကတော့ ကျေးဇူးတင်လှပါပြီဗျာ…
အနဲဆုံး ကျွန်တော် ပင်ပန်းရကြိုးနပ်တာပေါ့နော်

Cbox မှာ ကိုမျိုးချစ် ကို မတွေ့ပါလား လို့မေးလာတဲ့မိတ်ဆွေတွေကိုလဲ ပြောချင်ပါတယ်
အလုပ်လိုက်ရှာနေရတာကြောင့် ကျွန်တော် အရင်လောက်မလာနှိုင်တော့ပါဘူး
အမြဲတော့စောင့်ကြည့်နေပါတယ် ၀င်သာမရေးဖြစ်တာပါ

ခုဖြစ်နေတဲ့ ပြည်တွင်းကိစ္စတွေကြောင့် ကျွန်တော်ကိုယ်တိုင်လဲ ခံစားနေရပါတယ်
ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ဗျာ

ကျွန်တော့် လက်တွေ ရှိနေသ၍ စာတွေဆက်ရေး သွားမယ်
ကျွန်တော့် လျှာမပြတ်သေးသ၍ သီချင်းတွေလဲ ဆက်ဆိုသွားမယ်
ကျွန်တော့် အသက်ရှိနေသေးသ၍ တော်လှန် ပုန်ကန်သွားမယ်
ဘာကြောင့်မှ …
ဘာအတွက်မှ …
ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး

မျိုးချစ်

မှတ်ချက် ။ Compose လုပ်ပေးသူ PL အားအထူးကျေးဇူးတင်ရှိပါသည်

Twitter Delicious Facebook Digg Stumbleupon Favorites More