Wednesday, December 26, 2007

Merry Christmas

ဒီနေ့ ကမ္ဘာရဲ့ အနောက်ဖက်ခြမ်းမှာ ကလေးတွေ နိုးထလာတဲ့အခါ
အိမ်ရှေ့ကို အပြေးထွက်ကြပါတော့မယ်…
ပြီးရင် အဖေနဲ့ အမေက Santa က လာပို့သွားတယ်လို့ပြောထားတဲ့
Christmas Tree ရဲ့အောက်က လက်ဆောင်ထုပ်လေးတွေ အလုအယက်ဖေါက်နေကြချိန်…

တချိန်ထဲမှာဘဲ မြန်မာပြည်မှာတော့
သန်းရွှေကျေးဇူးကြောင့် ညစ်ပတ်စုတ်ပြတ်နေတဲ့ လူမမယ်ကလေးတွေ အအေးရဲ့ဒါဏ်ကိုအံတုရင်း ညစာငတ်မွတ်ရင်းနဲ့ဘဲ..
စုတ်ပြဲနေတဲ့ ဓနိခေါင်မိုးက အပေါက်တွေကနေတဆင့်
ကြယ်စင်တွေကို မော့ကြည့်ငိုကြွေးနေကြရင်း..
မိုးမလင်းခင်မှာဘဲ ခနလေးနေလိုက်ရတဲ့ လူ့ဘ၀ကြီးကို
ကျောခိုင်းထွက်ခွာသွားနေကြရပြီ ဆိုတာ…
သတိလေးတော့ရပေးကြပါဗျာ…..

မြန်မာပြည်သူ ပြည်သားအပေါင်းတို့
ငတ်မွတ်ဆင်းရဲခြင်း အဖိနှိပ်ခံရခြင်းတို့မှ ကင်းဝေးကြပါစေ…

မိတ်ဆွေတို့အားလုံး ပျော်ရွင်နှိုင်ကြပါစေ…

ပျော်စရာ ခရစ္စမတ်နေ့လေးတနေ့ ပိုင်ဆိုင်နှိုင်ကြပါစေဗျာ…..

မျိုးချစ်

Twitter Delicious Facebook Digg Stumbleupon Favorites More