Tuesday, February 26, 2008

မြန်မာတပြည်လုံး မီးတွေ ထလောင်နေပြီ







မန္တလေးမြို့ ရတနာပုံဈေး နှင့် MICT Park တို့မှာ ဒီနေ့ (တနင်္လာ) မနက်ပိုင်း ၈ နာရီ ၁၅ မိနစ်မှစတင်ပြီး မီးများစတင်လောင်ကျွမ်းခဲ့တာ အခုအချိန် ထိ ဆက်လက် လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ကြားသိရပါတယ်

ရတနာပုံဈေး အမ်အိုင်စီတီပတ်ခ် ထဲက ကွန်ပျူတာ သင်တန်းခန်းမှာ မီးစက် ဓာတ်ဆီလောင်းရာက စတင်မီးလောင်ကျွမ်းတာ ဖြစ်တယ်လို့ သိရကြောင်း မီးလောင်ရာသို့ သွားရောက် ကြည့်ရှုသူ မြို့ခံတဦးက ပြောပါတယ်။ အာဏာပိုင်များထံမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

လောလောဆယ်တော့ MICT Park, Ray World Office Complex နဲ့ Relex တို့ ကတော့ ကုန်သလောက်ဖြစ်သွားပြီလို့သိရပါတယ်
ရတနာပုံဈေးနဲ့ Skywalk shopping Mall တွေလဲကုန်မယ့်ပုံရှိနေပါပြီ ရပ်ကွက်ထဲကိုပါ ကူးတော့မယ့်အလားအလာရှိပါတယ်
လောင်တဲ့ အကြောင်းအရင်းက MICT ထဲကသင်တန်းကဝါယာရှော့ဖြစ်တာလို့ လဲပြောနေကြပါတယ်

မြို.ခံတဦးရဲ. အပြောအရဆိုရင်တော့ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေက ကူညီသလိုလိုနဲ. ပစ္စည်းတွေကို လုယူပြေးကြတယ်လို့လဲ ဖုန်းကနေတဆင့် ပြောပြခဲ့ပါတယ် (မနက် ၁၁း၄၀)


မန္တလေးမြို့ ရတနာပုံဈေးမှာ မီးလောင်ပြီးခါစမှာဘဲ ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုံ အမှတ် (၄) အနီးရှိ ရေအုတ်ကန်ရွာမှာလဲ မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၂ဝဝ ကျော် ပျက်စီးပြီး လူဦးရေ ၃ ထောင်ခန့် အိုးအိမ်မဲ့ ဖြစ်သွားပါတယ်

ရေအုတ်ကန်ရွာမှာရှိတဲ့ အခန်းပေါင်း ၁၆ ခန်းရှိ နှစ်ထပ်ဆောင်ကစပြီး ဒီနေ့မနက် ၇ နာရီခွဲမှာ မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး
အိမ်ခြေ ၂ဝ၁ လုံး ပျက်စီးကာ လူဦးရေ ကျားမ ၂၉၆၉ ဦး အိုးအိမ်မဲ့သွားခဲ့ပါတယ်။ ( Mizzima )

မြိတ်ခရိုင် ပုလောမြို့နယ် အမှတ်(၁) ရပ်ကွက်မှာလဲ ၂၄ရက်နေ့ နေ့လည် ၁ နာရီ ခန့်မှာ မီးလောင်ကျွမ်းပါတယ်။
အိမ်ခြေ ၁၀၀ ခန့် ပါသွားတယ်လို့ သိရပါတယ် ( မြိတ် Blog ) (ဟစ်တိုင်)

ရတနာပုံဈေး ရဲ့ အရှေ့ဖက်ဝင်း ထဲ မှာ လဲ မိးလောင်ပြန်တယ်တဲ့ မီးတွေဆက်တိုက်လောင်လျက်ရှိနေတယ် လို့ သိရပါတယ် (နေ့လည် ၂ နာရီ )

နောက်ဆုံး မန္တလေးက ဝင်ရောက်လာတဲ့သတင်းကတော့ ဈေးအပြင်ကို ကူးလုဆဲ မီးကတော့ ငြိမ်းသွားပါပြီတဲ့
ဒါပေမယ့် အတွင်းမှာကတော့ ဆက်လက်လောင်ကျွမ်းနေသေးတယ်လို့သိရပါတယ်

နောက်ထပ်သတင်းများကိုလဲ ကျွန်တော်နဲ့ ပြည်တွင်းက ကျွန်တော့်မိတ်ဆွေ တွေ အပူတပြင်း စုံစမ်းပေးနေပါတယ်

လောလောဆယ်တော့ ဘာကြောင့်စလောင်တယ်ဆိုတာ သေချာမပြောနှိုင်ကြသေးပေမယ့်
စစ်အစိုးရရဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေကို စွတ်စွဲ ဖို့နဲ့ တိုင်းပြည် ဆူပူအောင် လှည့်ကွက်တခု လုပ်တာလို့
မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်

လောလောဆယ်တော့ ရရှိထားတဲ့ ပုံတွေကို တင်ပြပေးလိုက်ပါတယ်
နောက်ထပ်ဝင်ရောက်လာမယ့် သတင်း နဲ့ ပုံတွေ ရသမျှ ကိုလဲ အချိန်နှင့် တပြေးထဲတင်ပို့ပေးပါ့မယ်
မန္တလေး မြို့သူမြို့သား အပေါင်းတို့ အသက်အိုးအိမ် စည်းစိမ်မကွာ ကျန်းမာချမ်းသာ ကြပါစေဗျာ

ဆုတောင်းလျက်

မျိုးချစ်

သတင်း နှင့် ဓါတ်ပုံများ အတွက် ပေးပို့သူ အမျိုးချစ်သူ နဲ့ ကိုကို၊ ဗီဒီယို ပေးပို့သူ ကို နစ်နေမန်း တို့ကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်

1 comments:

WanderFish said...

စပြီးမှတ်သားမိသလောက် မြန်မာပြည်မှာ မီးလောင်မှု ဖြစ်စေတဲ့ အကြောင်းတွေထဲက အများဆုံးတစ်ခုက “လျှပ်စစ်ဓါတ်အား“ မရနိုင်လို့ပါ။ အခု မန္တလေး မီးဆိုရင်လဲ မီးမလာလို့ မီးစက်မောင်းထားရာက စဖြစ်တာလို့ ပြောနေတယ်။ ၂၀၀၅ တုန်းက ကျွန်တော်တို့ ကော့သောင်းဈေး မီးလောင်တုန်းကလဲ မီးမလာလို့ ဖယောင်းတိုင် ထွန်းရာက ဖြစ်တယ်လို့ ကြားရတာပဲ။

နောက်တစ်ခုက ဈေးမီးလောင်ပြီဆိုရင် အများအားဖြင့် မငြိမ်းနိုင်တာ တွေ့မိပါတယ်။ ကျွန်တော့်အမြင်တော့ မြန်မာပြည်ရဲ့ ဈေးအတော်များများ ဟာ ဈေးအင်္ဂါရပ်နဲ့ မညီညွတ်ပဲ (နေရာ ရောင်းစားချင်ကြလို့ စည်ပင်နဲ့ ကန်ထရိုက်တာ ပေါင်းလုပ်ကြတာလဲ ပါမှာပေါ့။ )ဆောက်ထားကြတာ တစ်ချက်ကြောင့်ပါ။ မီးသတ်အဖွဲ့ နဲ့ မီးသတ်ကားတွေလဲ စံမမီကြပါဘူး။ (ဘယ်မီနိုင်ပါ့မလဲ။ လိုအပ်တဲ့ ဘတ်ဂျက်ကို မချပေး။ ချပေးတဲ့ ဘတ်ဂျက်ကလဲ လူကြီးဆိုတဲ့ လူတွေရဲ့ အိတ်တွေထဲပဲ အများစုရောက်သွား၊ သိကြတဲ့အတိုင်းပဲ၊ အခုခေတ်မှာ မီးသတ် ဖွဲ့ထားတဲ့ ရည်ရွယ်ချက်ကိုကလဲ မီးသတ်ဖို့မဟုတ်ပဲ အာဏာပိုင်တွေရဲ့ တောက်တိုမယ်ရ ခိုင်းဖို့ဖြစ်နေ၊ မီးသတ်ထဲ ဝင်ပြီး ယူနီဖောင်းနဲ့ ဖင်ကျယ်နေတဲ့ ကောင်တွေကလဲ အပြင်မှာ ဘာမှသုံးစား မရလို့ ရောက်သွားတဲ့ကောင်တွေက အများစု။

ဟူး၊ ရှေ့ကိုဆက်တွေးကြည့်တော့.....မလွယ်သေးပါဘူး။ ဝမ်းနည်းစရာပါပဲ။

 
/* EOT ----------------------------------------- */