Wednesday, February 6, 2008

သတ္တိ နဲ့ သေမလား နတ္ထိ နဲ့ နေမလား

ခုတလော ခေတ်စားနေတဲ့ Rambo ဇာတ်ကားက Slogan ကိုလူတွေ အမျိုးမျိုး ဘာသာပြန်နေကြပါတယ်
ဒီတော့ ကျွန်တော်လဲ မနေနှိုင်တော့ဘူးဗျာ

Live For Nothing OR Die For Something ဆိုတာ

ဘာမှမဟုတ်တာအတွက် ရှင်သန်မလား
ဒါမှမဟုတ် တခုခု အတွက် သေဆုံးမလား လို့ အဓိပါယ်ရပါတယ်

ဒီမှာတွေးစရာရှိလာပါတယ်
ကျွန်တော် တို့ တိုင်းပြည်ရဲ့ အခြေအနေက လူချင်းဝင်တိုက်ရတော့မယ့်သဘောပါဘဲ
ဒီတော့ ကျွန်တော့်မှာလဲ ပြောစရာတွေရှိလာပါတယ်
အတိုဆုံးဘဲပြောပါရစေ

ဒီစစ်တပ်ရဲ့ ယုတ်မာမှုတွေ အောက်မှာ ခေါင်းငုံ့ခံနေမလား
ကိုယ်တတ်နှိုင်တဲ့ နည်းနဲ့ ပြန်ချကြ မှာလား

ဘဝဆိုးကြီးထဲမှာဆက်နေနေကြဦးမလား
ဘဝသစ်တခုအတွက် အသက်ပေးကြမလား

ဒါကို အလွယ်ဆုံးနည်းနဲ့ ဘာသာပြန်ပေးလိုက်တယ်ဗျာ

သတ္တိ နဲ့ သေမလား နတ္ထိ နဲ့ နေမလား လို့ ပေါ့

သဘောပေါက်ကြမှာပါ

ဒါလေးပါဘဲဗျာ

မျိုးချစ်

Twitter Delicious Facebook Digg Stumbleupon Favorites More