လေးစားရပါသော မျိုးချစ် မိတ်ဆွေတို့
ဒီနေ့ စဒ္နီမြင့်လွင် နဲ့ ရတနာခင် တို့က NO ဆိုပြီး ကန့်ကွက်မဲပေးဖို့ တိုက်တွန်းထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် ပညာရှင်များ အစည်းအရုံး ကဆိုပြီး ပုံလှလှလေးတွေ ရောက်လာပါတယ်
ရရချင်းထဲက သူတို့ သဘောနဲ့ လုပ်တာမဟုတ်မှန်းလဲ သိပါတယ် ဒါပေမယ့် ကျွန်တော်လဲ ရေးစရာတင်စရာမရှိလို့တွေးနေတုန်း ဒါလေးကတော့ရီရတယ် လူတွေသဘောကျမှာဘဲလို့ လွယ်လွယ်တွေးပြီး တင်လိုက်မိပါတယ်
မိနစ်ပိုင်းအတွင်း ကျွန်တော့်အမေ ဖုံးဆက်လာပါတယ်
သားကလဲဟယ် ဟိုမှာ ကလေးတွေ ဒုက္ခရောက်တော့မယ် အဲလိုမလုပ်ပါနဲ့ဟယ် ဆိုပြီးအပြစ်တင်ပါတော့တယ်
ကိုယ့်လောကသားချင်း ကိုယ်ချင်းစာပါဟယ် တဲ့
အခုက NO ဆိုတဲ့ T-Shirt ဝတ်တဲ့သူတွေကိုတောင် လိုက်ဖမ်းနေတဲ့အချိန်
သူတို့ ဆန္ဒခံယူပွဲ ကို မထောက်ခံဘူး လို့ပြောတဲ့သူတွေ ကိုတောင် လိုက်ရန်ရှာပြီး ဖမ်းဆီးနေတဲ့အချိန်ဆိုတော့ မကောင်းဘူးပေါ့ တဲ့
ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်
ကျွန်တော် ဘာရယ်မဟုတ် လုပ်လိုက်မိတာလေးတစ်ခုက
ပြည်တွင်းက အနုပညာသည် ကလေးမလေး နှစ်ယောက်မှာ ဘယ်လောက်ထိ ထိခိုက်သွားနှိုင်တယ်ဆိုတာ မတွေးလိုက်မိဘူး
အဲဒါ အသုံးမကျတဲ့ မိုက်မဲတဲ့ ကျွန်တော့်ရဲ့ အတ္တစိတ်ကြောင့်ပါဘဲ
ကိုယ်က အနုပညာသမားတွေကို ကာကွယ်ပေးရမယ့်အစား ဒုက္ခရောက်အောင် ချောက်တွန်းလိုက်မိသလိုဖြစ်သွားတယ်၊
တကယ်က အဲဒိပုံတွေက ကလေးမလေးတွေရဲ့ ဆန္ဒ မပါဘဲ Computer ပေါ်မှာဖန်တီးခဲ့တာ သိသာပါတယ်
တကယ်ဆို ကျွန်တော် အဲဒိလို ပေါ့ပေါ့တွေးပြီး ပျော်စေပျက်စေမလုပ်သင့်ပါဘူး
ကျွန်တော် ရူးကြောင်ကြောင်နဲ့ နက်နက်နောနော မတွေးလိုက်မိဘူး
ဒီအတွက် ကျွန်တော့်ကိုယ် ကျွန်တော် မိုက်မဲတဲ့ကောင်အဖြစ် သုံးသပ်ပြီး ရှုံ့ချပါတယ်
ဒီတော့ ခုထဲက ရှင်းအောင်ပြောပြပါရစေ
ဒီညီမလေး နှစ်ယောက်ရဲ့ ပုံတွေဟာ သူတို့ရဲ့ သဘောတူညီမှု လုံးဝ မရဘဲနဲ့ တင်လိုက်မိတာပါ
ဒီအတွက် သူတို့နှစ်ယောက်မှာ လုံးဝ လုံးဝ တာဝန် မရှိပါဘူး
နောက်ပြီး ဒီပုံတွေကိုဖန်တီးတာ ကျွန်တော်လဲမဟုတ်သလို သူတို့ နှစ်ယောက်နဲ့လဲ ဘယ်လိုမှမပါတ်သက်ပါဘူး
ရုပ်ရှင်အစည်းအရုံး နဲ့လဲ လုံးဝမပါတ်သက်ပါဘူး
ကျွန်တော့်ဆီကို မိတ်ဆွေတယောက်က Email ကနေ ပို့ပေးလိုက်တာပါ
ကျွန်တော် မှားမိတဲ့အတွက် စာဖတ်သူတွေ အားလုံးနဲ့တကွ ကာယကံရှင် ညီမလေး နှစ်ယောက်ဖြစ်တဲ့ စဒ္နီမြင့်လွင် နဲ့ ရတနာခင် တို့ကိုရော သူတို့ရဲ့မိသားစုတွေကိုပါ မိုက်မဲတဲ့ မျိုးချစ်မြန်မာက လေးနက်စွာ တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်
ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကျွန်တော့်ကို အချိန်မရွေး မေးမြန်း စုံစမ်း နှိုင်ပါတယ်
အချိန်မရွေးလဲ ရှုံ့ချနှိုင်ပါတယ်
လေးစားစွာဖြင့်...
မျိုးချစ်


11:59 PM
Posted in: 