Wednesday, May 7, 2008

အရှိန်ပြင်းဆဲမုန်တိုင်း


မိတ်ဆွေတို့ရေ

ခုမြန်မာပြည်မှာ မုန်တိုင်းကြောင့် သေဆုံးသူဦးရေဟာ သိန်း ဂဏန်းနီးနေပြီဖြစ်သလို
သေသလားရှင်သလားမသိဘဲ ပျောက်ဆုံးနေတဲ့ သူဦးရေဟာလဲ ၄ သိန်းလောက်ရှိမယ်လို့ခန့်မှန်းရပါတယ်
ဒါမြန်မာပြည်သမိုင်းမှာသာမက ကမ္ဘာရဲ့သမိုင်းမှာပါအဆိုးရွားဆုံးဖြစ်ရပ်ပါဘဲ


ကျွန်တော်တို့မိတ်ဆွေတွေစုပေါင်းပြီး ပြည်တွင်းမှာဒီကိစ္စကိုကူညီနေကြတဲ့ အဖွဲ့တွေကိုထောက်ပံ့လှုဒါန်းနေပါပြီ
ကိုကျော်သူတို့နာရေးကူညီမှုအသင်းဝင်တွေလဲအလောင်းတွေကိုသဂြိုလ်နေရတာ လက်မလည်အောင်ဖြစ်နေပါပြီ
ကိုကျော်သူလဲသူကိုယ်တိုင်တောင် ခေါင်းကိုသံဝိုင်းရိုက်နေရပါတယ်ခင်ဗျာ
ဒီတော့မိတ်ဆွေတို့လဲလက်လှမ်းမီရာကနေတဆင့် ကျွန်တော်တို့ပြည်သူတွေကိုကူညီပြီး အလှုငွေထည့်သွင်းပေးကြပါခင်ဗျာ
သဒ္ဒါတတ်အား နည်းများမဆိုပေါ့ဗျာ ကိုယ်တတ်နှိုင်သလောက် လုပ်ပေးကြပါ
နိုင်ငံတကာကကူမယ်ဆိုတာတောင် ပြည့်ဝလုံလောက်မှုရှိနှိုင်တဲ့ အခြေအနေကိုလွယ်လွယ်နဲ့ ရောက်မှာမဟုတ်တော့ပါဘူး
ဒီတော့လူကိုယ်တိုင်မသွားနှိုင်တဲ့ မိတ်ဆွေတို့ ငွေအားလေးနဲ့တော့ ကူညီပေးကြပါဗျာ
ရရှိတဲ့ငွေတွေကို ကျွန်တော်တို့ အပါတ်စဉ် တောက်လျှောက်ပို့ပေးသွားမှာပါ
နောက်ဒီငွေတွေက ပြည်သူတွေထဲက တကယ့်လက်ရှိကူညီနေတဲ့ကျွန်တော်တို့ မိတ်ဆွေတွေဆီကို တိုက်ရိုက်ပို့ပေးမှာပါ
ဘယ်နိုင်ငံရေးအဖွဲ့အစည်းကမှတဆင့်သွားတာမဟုတ်ပါဘူး
အစိုးရလက်ထဲလဲမရောက်စေရပါဘူး
ကျွန်တော်တို့ လုံးဝယုံကြည်စိတ်ချရတဲ့ ဆီ ဥပမာ ကိုကျော်သူတို့ နာရေးကူညီမှုအသင်းလိုမျိုးပေါ့နော်
အဲလိုလူတွေဆီပို့မှာပါ

အခုလို ပြည်ပကကျွန်တော်တို့ အေးချမ်းစွာ နေထိုင်နေတဲ့ မိနစ်တိုင်းမှာ အသက်ပေါင်းများစွာဆုံးရှုံးနေကြပါပြီဗျာ
အခု ဆိုရေနစ်သေသူတွေသာမက အအေးဒါဏ်နဲ့
Infection နဲ့ ရေကနေတဆင့် ဖြစ်လာတဲ့ကူးစက်ရောဂါတွေကြောင့်လဲ အများအပြားသေဆုံးနေကြပါပြီ


မိတ်ဆွေတို့စားဖို့သောက်ဖို့ လုံလောက်တယ်ဆိုရင် ပိုလျှံတဲ့ငွေလေးအနည်းငယ်ကိုဘဲဖြစ်ဖြစ်ပေါ့နော် ပို့ပေးကြပါ
ဆင်းရဲစွာသေဆုံးသွားကြတဲ့ သေဆုံးလုဆဲဆဲဖြစ်နေတဲ့ မြန်မာတွေအတွက်သတိလေးရပြီး ကူညီပေးကြပါဗျာ


ညနေအိမ်ပြန်ရောက်လို့ မိသားစုတွေ ချစ်သူတွေ တပျော်တပါး ထမင်းဆုံညီစားကြတိုင်း...
စားစရာဘာမှမရှိတဲ့အပြင် ရေသန့်တောင်သောက်စရာမရှိတော့ဘဲဆာလောင်မွတ်သိပ်ရင်းသေဆုံးသွားတဲ့ မြန်မာတွေကိုမြင်ယောင်ပေးပါ

ရေချိုးခါနီး ရေနွေးစပ်ရင်းထိုင်စောင့်နေတဲ့ခနလေးတိုင်း...
လပ္ပတ္တာကရွာလေးတွေက ကလေးလေးတွေနဲ့ မိခင်တွေ
အေးစက်နေတဲ့ သစ်ပင်ထက်မြင့်တဲ့ရေလှိုင်းတွေကြားမှာ မျောရင်း အအေးနဲ့ပင်ပန်းတာနဲ့ကြောင့်သေဆုံးသွားကြတာကိုမြင်ယောင်ပေးပါ

ညဘက် TV ကြည့်ရင်းချမ်းလို့ Heater လေးဖွင့် စောင်လေးခြုံဖို့ လုပ်တဲ့အခါ
စိုရွှဲ စုတ်ပြတ်နေတဲ့အဝတ်တစုံနဲ့ အမိုးအကာမရှိဘဲ ခိုက်ခိုက်တုန်ရင်း သတိမရတရဖြစ်နေတဲ့သူတွေကို မြင်ယောင်ပေးပါ

နွေရာသီမို့ ပင်လယ်ကမ်းခြေတွေမှာရေသွားကူးကြတဲ့အခါ
ခုပင်လယ်ဝမှာပေါလောပေါ်နေတဲ့ ဘယ်သူမှန်းမသိဘဲအမြန်သင်္ဂြီုလ်နေရတဲ့ ရာထောင်ချီနေတဲ့အလောင်းတွေကို မြင်ယောင်ပေးပါ

မိတ်ဆွေတို့ အပျင်းပြေရုပ်ရှင်သွားကြည့်ကြလို့ ဒေါ်လာ ၁၀ လောက်ကုန်တဲ့အခါတိုင်း
အဲဒိလောက်ငွေလေးရဖို့ တစ်ပတ်လုံးဆင်းရဲစွာရှာဖွေရင်း ထမင်းတောင်နပ်မမှန်တော့တဲ့ ရုပ်ရှင်မဟုတ်တဲ့ဘဝအစစ်တွေကိုမြင်ယောင်ပေးပါ


ကျွန်တော်ပြောချင်တာမိတ်ဆွေတို့နားလည်မှာပါဗျာ
ခုချိန်မှာ ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်ကယ်တင်ကြရတော့မယ်ဆိုတာလေးတော့ အားလုံးသတိလေးရပြီး
လူသားချင်း စာနာတဲ့စိတ်လေးထားပြီး တတ်နှိုင်သမျှ ကူညီကြပါဗျာ
အသက်ရှင်ကျန်ရစ်ခဲ့သူတွေ ဆက်လက်ရှင်သန်ရေး
သေဆုံးသွားတဲ့သူတွေ ဘဝကူးလေးကောင်းအောင် လူကိုလူလိုသင်္ဂြီုလ်နိုင်ရေး
ရိက္ခာနဲ့ ဆေးဝါးဖြည့်စီးပေးရေးတွေအတွက် ကျွန်တော်တို့အားလုံး ကူညီကြဖို့လိုနေပါပြီ

ခုကူညီနေကြတဲ့သူတွေကိုလဲ ကျွန်တော်ဒီတသက် ဘယ်တော့မှမမေ့ပါဘူးဗျာ

မုန်တိုင်း နာဂစ်(စ်) ကတော့ခနပြန်ငြိမ်သွားပါပြီ
ကျွန်တော့်ရင်ထဲမှာတိုက်နေတဲ့မုန်တိုင်းကတော့ အရှိန်ပြင်းတုန်းဘဲလေ...


ဝမ်းနည်းစွာဖြင့်

မျိုးချစ်မြန်မာ

မှတ်ချက်၊ လှုဒါန်းလိုသူများ ကျွန်တော့်ဘလော့ပေါ်ကနေတိုက်ရိုက်လှုဒါန်းနိုင်ပါတယ်

မုန်တိုင်း၏နောက်ဆက်တွဲသတင်းဗီဒီယိုများ (CNN)


Warning! This report includes graphic content and/or disturbing images that may not be appropriate for everyone.
Viewer discretion is advised.




All footages that were broadcasted on CNN News.

Total - 18 Videos. Player will automatically play every videos.
To skip, please click on the right arrow inside the player next to the right end preview icon.

Situation in Irrawaddy Division

Cyclone Nargis completely destroyed a third of all fifty-six (56) village tracks, in Laputta Township of Irrawaddy Division. The most severely damaged village tracts include Thingan Gyi, Pyinsalu, Rway, and Layyin Kwin. During the night of the storm, a 12 to 16 foot tidal wave crashed down and flooded all one-story buildings, forcing people to climb on top of buildings for survival. When severe winds blew, people were thrown into the water, branches of trees broke, and house pillars collapsed. According to an eye witness, only one of the village’s one thousand houses remained standing after the flood.

In Laputta Township, local residents report that over 80,000 people have died or remain missing, and most people still do not have access to food or drinking water. Ships collected the survivors who were sent to monasteries and pagoda compounds. Donations from Laputta Township were collected to feed people with porridge. In Bogalay, over 10,000 people died and remain missing. In Kunchan Gone Township, about 5,000 people from town and 5,000 people from the countryside, have died or remain missing.

It is necessary for the State Peace and Development Council (SPDC) to call for immediate international assistance and to launch relief work in affected areas as soon as possible. In so doing, it is also necessary for the relief materials and cash assistance to reach the real victims of the natural disaster in the right way.

Twitter Delicious Facebook Digg Stumbleupon Favorites More