Thursday, May 8, 2008

Stallone takes on Myanmar junta

Reuters UK
May 7 - Sylvester Stallone is used to coming face-to-face with foes in the boxing ring but the latest Rambo takes on Myanmar's junta.

He was once a rags-to-riches boxer and tough-as-nails Vietnam veteran. Now box-office comeback champ Sylvester Stallone is set for his next mission -- to provoke a confrontation with the Myanmar junta over human rights -- just like his latest "Rambo" film.

စင်္ကာပူက ငွေပြန်ပို့ နာရေးအသင်းကြီးမှ "ဆန်" ဝေဖို့


ဂျေမိုး မေ ၇၊ ၂၀၀၈

စင်္ကာပူနိုင်ငံရှိ လမ်းပြကြယ်စာကြည့်တိုက်နှင့် ပြည်ပရောက်မျိုးချစ်မြန်မာများမှ လေမုန်တိုင်းဒဏ် ခံနေရသော မြန်မာပြည်သူများအတွက် အလှုငွေများနှင့် အခြေခံအသုံးအဆောင်ပစ္စည်းများကို မုန်တိုင်းဒဏ်ခံနေရသူများကိုယ်စား လက်ခံပေးလျှက်ရှိပါသည်။

လမ်းပြကြယ်စာကြည့်တိုက်မှ ၄င်းကောက်ခံရရှိသောငွေများအား နေ့ချင်းရန်ကုန်သို့ အရောက်ပို့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော နာရေးအသင်းကြီးမှတဆင့် ပြည်သူလူထုအခြေခံလိုအပ်ချက်ဖြစ်သည့် "ဆန်" ကိုအဓိကထားဖြန့်ဝေနေပါသည်။

"စင်္ကာမှာရှိတဲ့ မြန်မာအများစုက လေဘေးဒုက္ခသည်တွေကို ကူညီချင်တယ်ဗျာ အဲဒီတော့ လမ်းပြကြယ်အနေနဲ့က အလှုငွေတွေကိုလက်ခံပေးတယ်…ပြီးတော့ နာရေးအသင်းကြီးကို နေ့ချင်းလွှဲပေးတယ်" "သူတို့ကဟိုဘက်မှာ ဆန် ၀ယ်ပြီးလိုက်ဝေတယ်" "ဒီနေ့ဆိုရင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာ စတင်ပြီးဝေဖြစ်တယ်ဗျ"
ဟုလမ်းပြကြယ်စာကြည့်တိုက်မှ ကိုစိုင်း ကပြောပြပါသည်။


ပြည်ပရောက် မျိုးချစ်မြန်မာများမှလည်း မြန်မာပြည်ရှိဘုန်းကြီးကျောင်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှတဆင့် ပြည်သူလူထု အခြေခံလိုအပ်ချက်များကို ကူညီသွားမည်ဟု သိရပါသည်။

"ကျနော်တို့အနေနဲ့ကတော့ မုန်တိုင်းဒုက္ခသည်တွေ အဓိကရောက်နေတဲ့ ရန်ကုန်က ဘုန်းကြီးကျောင်းတွေကို မနက်ဖြန်ကစပြီး ဆန်ဝေသွားမယ်" ဟု ပြည်ပရောက် မျိုးချစ်မြန်မာများအဖွဲ့မှ ကိုစိုးထွန်း ကပြောပြပါသည်။

စင်္ကာပူနိုင်ငံရှိမြန်မာများမှာ ပင်နီဇူလပလာဇာရှိ အလှုခံဌာနများတွင် အလုပ်သိမ်းချိန်၌သွားရောက် လှုဒါန်းကြသော သတင်းများကို စင်္ကာပူနိုင်ငံရှိ နေ့စဉ်သတင်းစာများတွင် ဖေါ်ပြကြပါသည်။


စင်္ကာပူနိုင်ငံတွင် မြန်မာအများစု လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိပြီး လက်ရှိ မြန်မာလူဦရေ တစ်သိန်းခန့်ရှိကြောင်း သိရပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More