Sunday, June 22, 2008

ကယ်သူမဲ့လက်များ (Slide Show)


ဖန်တီးသူ - ကိုမောင်ရစ်(မိုးမခ)

ကယ်သူမဲ့လက်များ

မိတ်ဆွေတို့

ကျွန်တော်ဒီသီချင်းလေးရေးနေတုံးက ခန ခန ငိုခဲ့ရပါတယ်

ကျွန်တော် ခနခန ငိုတယ်ဆိုတာနဲ့ပါတ်သက်လို့လဲ တစ်ချို့ကဝေဖန်ကြတယ်လို့ မိတ်ဆွေတစ်ချို့ကပြောခဲ့ဘူးပါတယ်
ရပါတယ်ဗျာ ကျွန်တော် အနုပညာသမားပါ စိတ်နူးညံ့ပါတယ်
စစ်သားမဟုတ်ပါဘူး ခံနိုင်ရည်မရှိပါဘူး
မကျေနပ်လဲ မခံနိုင်ဘူး
မပျော်လဲ မဖုံးဖိတတ်ဘူး
ဒါပေမယ့် ကျွန်တော် လောလောဆယ်ခံစားနေရတာတွေကအရမ်းများနေတယ်ဗျာ

ကလေးလေးတွေ.....

ကလေးတွေ သေနေကြပြီ အဲဒါသိကြရဲ့လား...
ကလေးတွေ ငတ်ပြီးသေနေကြပြီဗျာ .... အဲဒါ ... သိကြရဲ့လား...

ထားပါတော့လေ... ဘယ်သူ့အပြစ်လို့ပြောနေလဲ ဘာမှတော့မထူးလာတော့ပါဘူးဗျာ

ဒီသီချင်းလေးအတွက် ကျွန်တော် ခံစားချက်တွေနဲ့မွန်းကျပ်နေတဲ့နေ့ပေါင်းများစွာကြားက ဖန်တီးခဲ့ရပါတယ်
သီချင်းရေးပြီးတော့ ဆိုနေတုန်းကလဲ ခန ခန ငိုခဲ့ရပါတယ် အဲဒါကြောင့်လဲကျွန်တော် တော်တော်အချိန်ယူခဲ့ရတာပါ
အခုတော့ပြီးသွားပါပြီဗျာ မိတ်ဆွေတို့ စောင့်ရကျိုးနပ်မယ်ထင်ပါတယ်နော်

ကျေးဇူးတင်ပါတယ်ဗျာ

မျိုးချစ်

Helpless Hands by myochitmyanmar


" ကယ်သူမဲ့လက်များ "

သံစဉ်၊ စာသား၊ ရေးသား၊ တီးခတ်၊ သီဆို သူ - မျိုးချစ်မြန်မာ

Harmony - ခွန်ချို ၊ သိင်္ဂီ
ထုတ်လုပ်သူ - မျိုးချစ်မြန်မာ
မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်။


ဆင်းရဲနွမ်းပါးစွာ နေသားကျခဲ့ဘဝတွေရယ်
လောကလှည့်ကွက်မှာ ကျဆုံးရှုံးနိမ့်ခဲ့ရှာတယ်
လှိုင်းများရိုက်ချက်မှာ ရှောင်တိမ်းခုခံနိုင်စရာမဲ့
ဧရာဝတီရယ် ဒီလို ဘာကြောင့်ရက်စက်ခဲ့တာလဲ

ခါးသီးအိပ်မက်မှာ ပြန်နိုးထဖို့ခက်နေတဲ့
ကလေးများရဲ့မျက်နှာကြည့်ရင်းဝမ်းနည်းမိလာတယ်
မိဘနဲ့ဝေးကွာ ခိုနားဖို့ရာအိမ်မရှိဘဲ
နေဝင်ပြီဆိုအဖေအမေမျှော်ရင်း ကလေးများမျက်ရေဝဲ

ကိုယ်နေထိုင်စားသောက်ဖို့အတွက် သင့်မှာအလုံအလောက်ရှိခဲ့ပြီးရင်လဲ
ပိုလျှံတာနဲနဲလောက်တော့ ငဲ့ညှာစိတ်ထားပေးကမ်းသင့်ပါတယ်
တနေကုန်ငတ်မွတ်မှုနဲ့ အားငယ်ငိုကြွေး ကလေးလေးများစွာလဲ
ကယ်သူမဲ့ လက်များကမ်းလို့စောင့်နေကြတယ်

လမ်းမရဲ့ဘေးမှာ နေ့တိုင်းရပ်လို့စောင့်နေတဲ့
တို့ရဲ့သွေးချင်းတွေ ရင်ထဲဆို့နင့်မိစေတယ်
ကမ်းလှမ်းမဲ့လက်ကို စောင့်စားရင်းမျှော်နေကြလဲ
ကူညီသူတွေဘာရယ်ကြောင့်များ ခုထိမရောက်တာလဲ

ရက်စက်တဲ့ညနေ မှောင်မဲမွန်းကျပ်လို့နေဆဲ
အတိတ်ကအမေ့မျက်နှာ ရင်ထဲကူးလွန့်လှိုက်ခတ်ဆဲ
အဝေးကကမ်းနားဘေးမှာ တယောက်ထဲညတွေငိုနေဆဲ
ကယ်တင်ရှင်ရယ် လူတွေဘယ်အထိစောင့်ရဦးမှာလဲ

Twitter Delicious Facebook Digg Stumbleupon Favorites More