ကျွန်တော်ကအစထဲကအချစ်သီချင်းဘဲရေးတတ်တဲ့ကောင်ပါ
အခုမှ မြန်မာပြည်ကလူတွေကိုသနားလို့ သူတို့အတွက်သီချင်းတွေရေးဖြစ်ခဲ့တာပါ
ဒါပေမယ့်ရင်ထဲကအချစ်သီချင်းတွေကတော့ ရှိနေသေးတယ်
အဲဒါအခုမှဖြစ်လာတာမှမဟုတ်တာ.. မွေးကထဲကဘဲလေ
ဒီကိစ္စနဲ့ပါတ်သက်ပြီးသူငယ်ချင်းတွေနဲ့တိုင်ပင်ကြည့်ဖူးတယ်
ကျွန်တော့်ဘလော့ကလူမှုရေးကိစ္စတွေနဲ့လူသိတာဆိုတော့
ကျွန်တော့်ဘလော့မှာဒီသီချင်းကိုတင်သင့်မတင်သင့်ပေါ့နော် ပြောဖြစ်ကြတယ်
သူငယ်ချင်းတစ်ချို့ကပြောတာကတော့ မင်းဘလော့မှာတင်လိုက်ရင်လူတွေဝေဖန်ကျမယ်ပေါ့နော်
မင်းကနိုင်ငံရေးကိစ္စတွေနဲ့ ဒီလိုအချစ်သီချင်းတွေရေးပြီးဆိုနေရင်လူတွေပြောစရာဖြစ်မယ်ပေါ့နော်
သူတို့ကစေတနာနဲ့ပြောတာပါ ဒါပေမယ့်ကျွန်တော်စိတ်ညစ်သွားတယ်…
ကျွန်တော်ကအစထဲက နိုင်ငံရေးသမားလို့လဲမခံယူမကြွေးကြော်ထားပါဘူး..
နောက်ပြီးကျွန်တော်ကအာသဝေါကုန်ခမ်းနေတဲ့သူတော်စင်လဲမဟုတ်တဲ့ဟာကို…
ဒီတော့ ကျွန်တော်တစ်သက်လုံးကချစ်မြတ်နိုးခဲ့တဲ့ အချစ်သီချင်းလေးတွေကိုမဖန်တီးရတော့ဘူးလား
တစ်ချို့ကလဲပြောတယ် နောက်ထပ်နာမည်တစ်မျိုးပြောင်းပြီး ဘလော့ အသစ်တစ်ခုထပ်လုပ်ပေါ့တဲ့
အဲဒါကြီးကလဲညာရတာကြီးဗျ…
နာမည်ပြောင်းရအောင် ကျွန်တော်ကမကောင်းတာလုပ်နေတာမှမဟုတ်တာ
ကိုယ့်ဖန်တီးမှုအနုပညာကို နာမည်မခံရဲစရာအကြောင်းမရှိသင့်ဘူးလေ
နောက်ပြီး ကျွန်တော့်ပုရိသာတ်တွေ.. မိတ်ဆွေတွေကိုမညာချင်ဘူး
မျိုးချစ်က မျိုးချစ်ပေါ့ဗျာ ဘာညာစရာရှိလဲ
ကျွန်တော်လဲလူဘဲ… လူတယောက်လိုဘဲ ချစ်တတ်တယ် လွမ်းတတ်တယ် ခံစားတတ်တယ်
အဲဒါဘာမှမမှားဘူးထင်တာဘဲ
ဒီတော့ ကျွန်တော်လူလည်ကျဖို့ကြံရတော့တယ်
တကယ်လို့ ခုနကလိုဝေဖန်ချင်တဲ့သူတွေ ရှိခဲ့ရင်.. ပြောလာခဲ့ရင်ပေါ့ဗျာ
ကျွန်တော်အချစ်သီချင်းရေးလို့ဆိုပြီးဝေဖန်ချင်တဲ့သူတွေအတွက်အဓိကပေါ့နော်
အကြံကတော့ဒီလိုဗျ...
ကျွန်တော်ဒီသီချင်းလေးကိုရေးနေတုန်းက တခုသတိထားမိပါတယ်
ကျွန်တော်ကြားဖူးခဲ့တဲ့အချစ်သီချင်းမှန်သမျှထဲမှာ အချစ် (သို့မဟုတ်) ချစ် ဆိုတဲ့စကားမပါတာမရှိဘူး
မိတ်ဆွေတို့လဲသေချာတွေးကြည့်ပါ
အချစ်သီချင်းစာသားတွေထဲမှာ အချစ် နဲ့ ချစ် ဆိုတာမပါတဲ့သီချင်းရှိရဲ့လားလို့
ကျွန်တော်တော့ကြားဖူးသမျှ မြန်မာသီချင်း တွေအားလုံးပြန်စဉ်းစားမိတယ်
ဒီတော့ ကျွန်တော်တွေးမိတာက အချစ်သီချင်း လို့ခေါ်နိုင်ဖို့အတွက်လိုအပ်ချက်တစ်ခုပေါ့နော်
အဲဒါကတော့ သီချင်းစာသားထဲမှာ အချစ် သို့မဟုတ် ချစ် ဆိုတဲ့စကားလုံးလေးတော့ပါရမယ်ပေါ့နော်
မြန်မာထုံးစံအရ ဒီစကားလုံးလေးမပါရင် အချစ်သီချင်းလို့ခေါ်လို့မရဘူးပေါ့ဗျာ
ဒါဆို ကျွန်တော့်သီချင်းလေးကိုလဲ အချစ်သီချင်းလို့ အမည်တပ်လို့မရတော့ဘူးပေါ့
ဟဲဟဲ
ဘာလို့လဲဆိုတော့ ကျွန်တော့်သီချင်းလေးထဲမှာလဲ…
အချစ် သို့မဟုတ် ချစ် ဆိုတဲ့စာသားတစ်လုံးမှမပါအောင်ရေးထားပါတယ်
နားဆင်ကြည့်ကြပါဦး
မျိုးချစ်
Song Without Love by myochitmyanmar
သံစဉ် စာသား ရေးသား တီးခတ် သီဆို - မျိုးချစ်မြန်မာ
Harmony - မျိုးချစ်မြန်မာ
ထုတ်လုပ်သူ - မျိုးချစ်မြန်မာ
မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်
မင်းရဲ့မျက်နက်ဝန်းထဲ အိပ်မောကျခဲ့ဖူးပါတယ်
သိပ်ဆန်းပြားလွန်းတဲ့ စကားလုံးများရဲ့အဓိပ္ပါယ်ကိုကြားလိုက်တယ်
ခိုးကြည့်အပြုံးနုလေးအတွက် ခြေလှမ်းမှားခဲ့ဖူးပါတယ်
ပြန်မောင်းထုတ်မရတဲ့ အိပ်မက်များထဲအပြီးတိုင်ကျဆုံးခဲ့တယ်
ငါမယုံနိုင်ပါဘူး ဖြစ်နိုင်မယ်မထင်ခဲ့ဘူး
အသက်ရှုတောင်မမှန်တော့ဘူး ငါရူးသွားတယ် ( အကြည့်လေး )
ငါမယုံနိုင်ပါဘူး ဟုတ်မယ်ကိုမထင်ခဲ့ဘူး
ခေါင်းတွေချာလည်အောင်မူး ငါရူးသွားတယ် ( အကြည့်လေး )
သီချင်းလေးထက်ပိုလှတဲ့ သူ့စကားလေးအမြဲကြားနေတယ်
ဘယ်ဆည်းလေးလေးမှနှိုင်းလို့မရတဲ့ မင်းရီသံလေးများရယ်
အဆိုးဆုံးရောဂါများထက် ပြန်ကုသဖို့ခက်နေတယ်
ဘာဆေးဝါးနဲ့မှတားဆီးမရတဲ့ အကြည့်တွေသိပ်အားပြင်းတယ်


12:59 PM
Posted in: 