Thursday, July 24, 2008

အကြည့်


တည်းဖြတ် တင်ဆက်သူ - JJ

ဦးမောင် နဲ့ မမရွှေဇီးကွက် မြေးရပြီဟေ့

လေးစားချစ်ခင်ရပါသော မျိုးချစ်မြန်မာ မိတ်ဆွေများခင်ဗျာ

ဒီနေ့တော့ ကျွန်တော့်ရဲ့မိတ်ဆွေတစ်ဦးက ခိုးဝှက်ပြီးယူလာတဲ့ ခိုးရာပါသတင်းဓါတ်ပုံတွေကို ပေးလာပါတယ်

အဲဒါကတော့ ကျွန်တော်ချစ်တဲ့ အကိုကြီး ဦးမောင် ခေါ် ကိုကျော်သူနဲ့ မမရွှေဇီးကွက် တို့ရဲ့သမီးလေးဖြစ်တဲ့ မြင့်မိုရ်ဦး ရဲ့
သားဦးလေးကို ဖွားမြင်ခဲ့တဲ့ အမှတ်တရ ရိုက်ကူးထားတဲ့ဓါတ်ပုံလေးတွေပါဘဲ

ကျော်ကိုကိုဇင် (Dicky) နှင့် မြင့်မိုရ်ဦး(Dimple) တို့ရဲ့သားဦးရတနာလေးကို Dylan လို့ အကြမ်းနာမည်ပေးထားပြီး
မြန်မာနာမည်ကိုတော့ရွေးချယ်နေဆဲဖြစ်ပါတယ်

သားလေးကို July 16th 9:20 AM Australia မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်

အောက်တန်းကျတဲ့ စစ်အစိုးရရဲ့ တမင်တကာခွဲခြားထားတာကို ခံနေရတဲ့ ဦးမောင်နဲ့ မမရွှေဇီးကွက်တို့လဲ
မြေးဦးလေးနဲ့ အမြန်ဆုံးတွေ့ဆုံနိုင်ကြပါစေလို့ဆုတောင်းပြုလိုက်ပါတယ်

အော်.. နောက်ပြီးအရေးအကြီးဆုံးကတော့..

ဒီပုံတွေကို ကျွန်တော့်ဘာသာစိတ်တိုင်းကျ ကာယကံရှင်တွေရဲ့ခွင့်ပြုချက်တစုံတရာမရှိဘဲ မိုက်မဲစွာအသုံးပြုထားတာပါ
ဒါ့ကြောင့် ပုံထဲမှာပါတဲ့ သူတွေအားလုံးဟာ မျိုးချစ်မြန်မာ နဲ့လုံးဝပါတ်သက်မှု မရှိပါဘူးဆိုတာပြောချင်ပါတယ် :P

မျိုးချစ်

Twitter Delicious Facebook Digg Stumbleupon Favorites More