Tuesday, March 20, 2012

" မရှိမဖြစ်တဲ့ အမေ "


ဒေါ်အောင်ဆန်းစုကြည်

(သို့မဟုတ်)

မြန်မာနိုင်ငံတော် ၏ အနာဂါတ်


Please click on photos to ENLARGE!



အမေရယ်

သား အမေ့ကို အရင်ထဲက ပြောခဲ့ပါတယ်

အမေ ဂရုစိုက်ပါဆိုတာလေ

လူတွေတိုင်းကို အရမ်း အကပ်မခံပါနဲ့တော့

အမေ အရမ်း မစွန့်စားပါနဲ့တော့ နော်


အမေ့ အသက်က သားတို့ အသက်ပါ

အမေ သေရဲပေမယ့် ပြည်သူတွေ မသေရဲသေးဘူး

အမေ အနာခံရဲပေမယ့် သူတို့ အနာမခံရဲသေးဘူး

အမေ သေသွားလို့ လုံးဝမဖြစ်ဘူးအမေ 


အမေ့ အသက်ဟာ 
လူသားသန်းပေါင်းငါးဆယ် မက ကို ကိုယ်စားပြုနေတယ်ဆိုတာ 
အမေ အမြဲ သတိရပေးပါနော် 



ဒီ ကလေးလေးတွေ ရဲ့ အနာဂါတ် မှာ အမေ မရှိလို့ မရဘူး အမေ

အမေ့ကိုသားတို့ အားလုံး

အလင်းရောင်လို
ရေလို
လေထုလို
နေရောင်ခြည်လို
သွေးစက်တွေလို 

လိုအပ်ပါတယ်

အမေ့ အတွက် သား အရမ်း စိတ်ပူလို့ပါ အမေရယ်

အမေ ထာဝရ ကျမ္မာပါစေ



...........



.....

.

မျိုးချစ်မြန်မာ



Photos - FaceBook

1 comments:

mie mie 911 said...

words are really touched my heart.I broke tears while reading this words.What a great LADY we have.GOD bless her.