Wednesday, March 5, 2008

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်း

ဒီတနင်္လာနေ့ ညနေပိုင်း ကဖြစ်တောင့်ဖြစ်ခဲ သေနတ်ပစ်ခတ်မှု တစ်ခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုအကျဉ်းချထားရာ နေအိမ်အနီး ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း မှာ ဖြစ်ပွားခဲ့ပါတယ်

အစိုးရဧည့်ဂေဟာ အနီး မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုဧည့်ဂေဟာ မှာ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ တွေ့ဆုံရေး ဝန်ကြီး တွေ့ဆုံဆွေးနွေးလျင် အသုံးပြုနေကြ နေရာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာ ရှိပြီး အစိုးရ မှ အမြဲတန်း အစောင့်ချထားသော နေရာလဲ ဖြစ်ပါတယ်

အမည်မဖေါ်လိုတဲ့ အနီးပတ်ဝန်းကျင် မှ သူများ ပြောပြချက်အရ ဘာဖြစ်တယ် ဆိုတာတော့ အသေအချာ မပြောနှိုင်သေးပါဘူး
Fuji House coffee shop ရဲ့ ပိုင်ရှင်ဖြစ်သူ ဥိးသူဇော်ရဲ့ နေအိမ်ဖြစ်ပါတယ်။
မနေ့ ညနေက ဦးသူဇော် ၄င်းရဲ့ အိမ်ကိုပြန်ချိန်မှာ ယောက္ခထီးဖြစ်သူ ဦးစောကြည်ဖေ၊ ယောက္ခမဖြစ်သူ ဒေါ်နန်းစန်းမြ၊ မိန်းမဖြစ်သူ မမြစန္ဒာ၊ ခယ်မဖြစ်သူ မနှင်းပွင့်အေးနဲ့  အိမ်ဖေါ်ဖြစ်သူ မနော်အေးဖေါ တို့  သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ ရတာဖြစ်ပါတယ်။

အိမ်ရှိ အတွင်းပစ္စည်းများကိုလဲ အကုန်ယူသွားတယ်လို့ သိရတာကြောင့် ဓါးပြမှု တခုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်

တိုင်းရင်းသား လူမျိုးစု များနှင့် နယ်စပ်ဒေသများမှာ ပြည်တွင်းစစ် ဖြစ်နေတာ နှစ်ပေါင်း ၆၀ ကျော်နေပြီ ဖြစ်တဲ့ မြန်မာပြည်မှာ ဒါမျိုးက အလွန့် ကို ဖြစ်တောင့်ဖြစ်ခဲပါ။

မြန်မာပြည်ဟာ သာမန် ပြည်သူတွေ လက်နက် ကိုင်ဆောင်ခွင့်လုံးဝ မရှိယုံသာမက လက်နက်မှန်သမျှ ကိုအစိုးရကသာ ထိန်းချုပ်ထားသောနိုင်ငံဖြစ်ပါတယ်
အထူးသဖြင့် ဒီနိုင်ငံထဲ ဒီလောက်တောင် လုံခြုံရေး အပြည့်အဝ တင်းကျပ်ထားတဲ့ ဒီလိုနေရာမျိုးမှာ ဒါမျိုး ဖြစ်တယ် ဆိုတာကတော့ တော်တော် လေး ထူးဆန်းနေပါတယ်

မျိုးချစ်

0 comments: