Thursday, May 1, 2008

အကျပ်အတည်း အချုပ်အနှောင်မှ လွတ်မြောက်စေနိုင်သောဂါထာ


မိတ်ဆွေတို့

မစိုးရိမ် ဘုန်းဘုန်း အကြောင်းတွေရေးနေရင်း သတိရလာတဲ့ ကိစ္စလေးရေးလိုက်ပါတယ်
ဘုန်းဘုန်း အတွက်အမှတ်တရလဲဖြစ်သလို အများကိုလဲဝေမျှချင်တဲ့ ကိုယ်တွေ့ကိစ္စလေးမို့ပါ
အထူးသဖြင့် အကျဉ်းချခံနေရတဲ့ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက်ရည်ရွယ်ပါတယ်
ယုံယုံကြည်ကြည်စမ်းကြည့်ကြပါဗျာ

ကျွန်တော် ငယ်ငယ်တုန်းက မစိုးရိမ်ဘုန်းဘုန်းကဗေဒင်တွက်ပေးခဲ့ဖူးပါတယ်
ဘဝ မှာ ထောင်ကျကိန်းနှစ်ခါရှိတယ်တဲ့
မင်းဒီဂါထာလေးသာရွတ် မြန်မြန်ပြန်လွတ်မယ်တဲ့
သိပ်မကြာပါဘူး ကျွန်တော်နိုင်ငံရေးကိစ္စနဲ့ထောင်ကျခဲ့တယ်

အဲဒိဂါထာလေးနေ့တိုင်းရွတ်တာပေါ့နော် နှစ်လ ကျော်ကျော်ကြာတော့ ပြန်လွတ်လာတယ်
(အိမ်ကလဲ အသေလိုက်ခွံ့ရတာလဲပါတာပေါ့နော်)
ဘယ်လိုဘဲဖြစ်ဖြစ် လွတ်စရာမရှိတော့ပေမယ့်လွတ်လာခဲ့ပါတယ်


နောက်ပြီး ၂၁ နှစ်ပြည့်ခါနီးကျတော့လဲ တခါသူငယ်ချင်းလင်မယား Anniversary သွားလည်ရာကအပြန်
သူတို့ကားတိုက်တာရပ်ပြီးကြည့်မိရာကနေ ဘီယာ ၂ လုံးလောက်သောက်ထားတာကိုအကြောင်းပြုပြီး
အဖမ်းခံခဲ့ရပြန်ပါသေးတယ် ဒီတော့ ဒီဂါထာလေးဘဲ အသေရွတ်ပြန်တာပေါ့နော် ခနနေတော့ပြန်ထုတ်ပေးခဲ့ပါတယ်

နောက်တခြားမိတ်ဆွေတွေထဲက ဒီဂါထာကိုသိတဲ့သူတိုင်းက သူတို့ကိုယ်တွေ့အကျိုးထိရောက်ကြောင်းပြောပြကြပါတယ်
ဒီဂါထာရဲ့အစွမ်းထက်မှုကတော့ အချုပ်အနှောင် အကျဉ်းအကျပ် မှန်သမျှက လွတ်မြောက်စေတာပါဘဲ
ထောင်ချခံထားရတာမျိုး စီးပွားရေး လူမှုရေးမှာ ထွက်ပေါက်ပိတ်သလိုဖြစ်နေတာမျိုး စိတ်ဓါတ်အရကျဉ်းကျပ်နေတဲ့ကိစ္စမျိုး
အဲဒါမျိုးတွေကပေါ့ဗျာ အလွယ်တကူလွတ်မြောက်နှိုင်တဲ့ ထူးဆန်းတဲ့တန်ခိုးရှိပါတယ်

ခုလဲ အဖမ်းခံနေရတဲ့ ကျွန်တော်တို့မိတ်ဆွေ ကျောင်းသား သံဃာ ဘလော့ဂါ အနုပညာသမားတွေအားလုံးအတွက်
ခုဒီဂါထာကိုသတိရလာလို့ ရေးပေးလိုက်ပါတယ် သူတို့ကိုရည်မှန်းပြီးရွတ်ပေးကြဖို့လဲ တိုက်တွန်းလိုပါတယ်

နမောတေ ဂါထာတော်ကြီး

နမောတေ
ဗုဒ္ဓဝိရတ္ထု
ဝိပ္ပမုတ္တောတိ
သဗ္ဗတိသမ္ပါဒ
ပဍိပန္နောသမိ
တဿမေသရဏံ ဘဝ။

(အသံထွက်အမှန်)
နမောတေ
ဗုဒ္ဓဝိရတ္ထု
ဝပ်ပမုတ်တောတိ
သပ်ဗတိ သမ်ဗာဒ
ပတိတ်ပမ်နောသမိ
တတ်သမေ သရဏံ ဘဝ

လူသားအားလုံး အနှောင်အဖွဲ့ အကျပ်အတည်းတွေမှန်သမျှက လွတ်မြောက်ကြစေရန် ရည်ရွယ်ပါသည်

မျိုးချစ်

1 comments:

khin oo may said...

တို့ကိုလည်းမစိုးရိမ်ဘုန်းဘုန်းပေးခဲ့တာဘဲ။ တို့လဲရွတ်တတ်တယ်။ မကြာခဏဘဲ။