Friday, May 30, 2008

တွယ်ရာမဲ့ဝိဥာဉ်

ဒုက္ခသည်များကြား ကင်မရာတလုံးနှင့်မှတ်တမ်းလိုက်ယူနေရင်း ကြုံခဲ့ရ သည့် အဖြစ်အပျက်တခုဖြစ်ပါသည်..။ ကျွန်တော် ပုံတွင်ပါရှိသည့်ဒုက္ခသည်မိသားစုကို ကင်မရာ ဖြင့်  ချိန်ကာ ရိုက်လိုက် အစဉ်အချိန် က အနီးအနားတွင်ကလေး များတဦးတလေ မှရှိမနေပါ… မှတ်မှတ်ရရ ပါ..ဓါတ်ပုံမှတ်တမ်းတင်ပြီး၍ ထိုဒုက္ခသည် မိသားစု များနှင့် စကားပြောဆိုနေချိန်တွင်လည်း မည်သည့်ကလေးငယ်မျှ အနီးအနားသို့ ရောက်မလာ ပါ…။ ကျနော် အိမ်ပြန်ရောက်၍ကွန်ပြုတာဖြင့် ပုံ ကြီးချဲ့လိုက်သောအခါတွင်မျှ ခြေထောက်တဖက်မပါသည့်  ကလေးငယ်တဦး၏ ၀ိုးတ၀ါးပုံရိပ်ပေါ်ပေါက်နေပါသည်။ ကျနော်ထိုပုံကိုအထပ်အခါခါ စမ်းစစ်ကြည့်ပါသည်..။သေချာပါသည်..မကျွတ်မလွတ်သေးသော..သေဆုံးသွားသည့်ကလေးငယ်၏ပုံဖြစ်နေပါသည်။

ယခုဓါတ်ပုံအား ကျနော် စာတန်းရေးယုံ က လွဲ လို့  ပြုပြင်ပြင်ဆင်ထားခြင်း လုံးဝမရှိပါကြောင်း ရဲရဲဝံ့ဝံ့ အာမခံ နိုင်ပါသည်…။ကင်မရာ ရှပ်တာအနှေးဖြင့် လဲရိုက်ထားခြင်း လဲမဟုတ်ပါ..။ကျနော်တို့အနေဖြင့်  အသက်ရှင်ကျန်နေခဲ့သူများအား ကူညီကယ်ဆယ် နေခြင်းအပြင် သေဆုံးသွားကြသူများကိုလဲ အမျှအတမ်း ပေးဝေကာကောင်းမှု ကုသိုလ်ပြုပေးကြပါရန် သတိပေးလိုက်သကဲ့သို့  ဖြစ်နေပါတော့ သည်…။
( မှတ်ချက် ) …ဤပုံသည် နာဂစ်မုန်တိုင်း ဖြစ် ပြီးလေးရက် မြောက်နေ့ တွင် ကွမ်းခြံကုန်းမြို့ပေါ်ရှိဒုက္ခသည်စခန်းတခုတွင်ရိုက်ကူးထားသော ပုံ ဖြစ်ပါသည်

စိတ်ဝင်စားစရာလို့သတ်မှတ်တင်ပြပါတယ် မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်

0 comments: