Thursday, May 1, 2008

မြန်မာနိုင်ငံသို့ အားပြင်းသောမုန်တိုင်း Nargis ဖြတ်ကျော်မည်


အားပြင်းသောမုန်တိုင်း Nargis သည် မြန်မာနိုင်ငံသို့  မေလ ၂ရက်နေ့ တွင်ဖြတ်သန်း တိုက်ခတ်မည်ဖြစ်ပြီး ကပ္ပလီပင်လယ်ပြင်မှု ဗဟိုပြု၍ မြန်မာနိုင်ငံကမ်းရိုးတန်း ကမ်းခြေသို့  17.8 N, 93.9 E. နေရာမှ 14:00 GMT အချိန်တွင် ကုန်းတွင်းပိုင်းသို့  ဖြတ်ကျော် ဝင်ရောက်မည်ဖြစ်ပါသည်။



မိုးသည်း ထန်စွာ ရွာသွန်း၍ လေတိုက်ခတ်နှုန်းမှာ တနာရီ ၉၂ မိုင် နှုန်းဖြစ်မည်ဟု ခန့်မှန်းပါသည်။


မုန်တိုင်းသည် အဆင့် (၁) (category 1) ဖြစ်ပြီး
ကျော်ဖြတ်ရာနေရာ တို့ တွင် လှိုင်းအမြင့်  ၄ - ၅ ပေခန့် မြင့်တက်ခြင်း။
ခိုင်မာသောအဆောက်အဦး များကို မထိခိုက်စေနိုင်သော်လည်း.
သစ်ပင် ခြုံပင်များ တဲများ။ မခိုင်မမာ အိမ်ငယ်များ နှင့် 
အချို့မြေနိမ့်ဒေသများတွင် မိုးသည်းထန်၍ ရေကြီးနိုင်ပါသည်။
ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီး ဒီရေတက် ရေလွမ်းမိုးမှုများရှိနိုင်ပါသည်။

မြန်မာနိုင်ငံမှ ပြည်သူများ သတိရှိနိုင်ပါရန် နှိုးဆော်အပ်ပါသည်။
ဘေးရန်ရှင်းလင်း အန္တရာယ်ကင်းပါစေရန်လဲ..ဆုမွန်ကောင်း တောင်းအပ်ပါသည်။

မူရင်းသတင်း ကို ဒီမှာ ကြည့်နိုင်ပါတယ်

0 comments: