Monday, June 9, 2008

သနားစရာကလေးမ

အိသန္ဒာထက်လို့ခေါ်တဲ့ ကလေးမလေး ကို မေ ၂၃ ရက်နေ့မှာ တွေ့ဆုံခဲ့ရပါတယ်၊ ဒီကလေးနဲ့ သူတို့မိသားစုဟာ နာဂစ်မုန်တိုင်းဒဏ်ကိုခံခဲ့ရပေမယ့် အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ ကလေးမက အခုရန်ကုန်မှာမိသားစုနဲ့အတူရောက်နေပြီး Frontonasal encephalocele လို့ခေါ်တဲ့ရောဂါကိုခံစားနေရတယ်လို့သိရပါတယ်၊
အမည်မဖေါ်လိုသူ စေတနာရှင်တစ်ဦးကတော့ ကလေးအတွက် ခွဲစိတ်မှုကုန်ကျစားရိတ် ရန်ပုံငွေရှာပေးဖို့လုပ်ခဲ့ပါတယ်။
Catscan ရဲ့ရလာဒ်တွေအရကတော့ ၁ နှစ် ၂ နှစ် အတွင်းမှာ မကုသခဲ့ရင် သူ့ရောဂါအကျိတ်ရဲ့ပြန့်နှန့်မှုက ဦးဏှောက်ထဲထိကြီးမားသွားနိုင်တယ်လို့ခန့်မှန်းခဲ့ပေမယ့် ဂျွန် လ ၆ ရက်နေ့မှာတော့ ရန်ကုန်ဆေးရုံကြီးမှာ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပါတယ်။
Photo - Beyond Rangoon Project

0 comments: