ခိုင်ခန့် (ရန်ကုန်) | ဇွန် ၂၄၊ ၂၀၀၈
ဒီရွာလေးဟာဆိုရင်ဖြင့် မအူပင် နဲ့ ဘိုကလေး ကြားမှာရှိတဲ့ ချောင်းရိုးလေးမှတဆင့် သွားရတဲ့ (၁) ညအိပ် (၂) ရက်ခရီးလေးဖြစ်ပါတယ်။
၎င်း ဇီးကုန်းရွာလေးသို့ အသွားအပြန် (၆) နာရီကြာအောင် မော်တော်စီးရပါတယ်။
နာဂစ် မုန်တိုင်း တိုက်ခတ်ချိန်က အသေအပျောက် သိပ်မရှိပေမယ့် အိမ်ခြေ တော်တော်များများ ပျက်စီးသွားခဲ့ပါတယ်။
ယခုအချိန်တွင် ကိုယ်ထူကိုယ်ထ အားဖြင့် ဆောက်လုပ်ပြီးစီးသော အိမ်များရှိသလို
မဆောက်လုပ်နိုင်သေးသော အိမ်ခြေများလည်း အနည်းငယ် ကျန်ရှိနေသေးပါတယ်။
ယခု ကျောင်းများပြန်ဖွင့်ချိန်ရောက်နေသဖြင့် တခြားရွာမှ စာသင်ကျောင်းများ ပြန်လည်သင်ကြားနေပြီဖြစ်ပေမယ့်
ဇီးကုန်းရွာလေးမှာ စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်ချင်သော်လည်းကျောင်းသုံး(သင်္ခန်းစာ) ဖတ်စာအုပ်နှင့်
အခြားသင်ရိုးအထောက်အကူပစ္စည်းများလိုအပ်နေသဖြင့် စာသင်ကြားနိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်။


11:43 PM
Posted in: 
0 comments:
Post a Comment