Thursday, June 23, 2011

" ငါ "


" ငါ "


ငါဟာ
ရဟန္တာ မဟုတ်ဘူး
ဒါပေမယ့်
အရမ်းညှာ တတ်တယ်

ငါဟာ
မဖြူစင်ပြတတ်သေးပါဘူး
ဒါပေမယ့်
လူခင်ရင်ဘဝဆပ်ပေးတတ်တယ်

ငါဟာ
ကျွမ်းကျင်သူ မဟုတ်ဘူး
ဒါပေမယ့်
လမ်းမြင်ရင် ထမ်းတင်ပေးတတ်တယ်

ငါဟာ
ပညာရှိမဟာဂုဏ် နောက်ကမဟုတ်ပါဘူး
ဒါပေမယ့်
မြင်လာမိတာအကုန် ထောက်ပြတတ်တယ်

ငါဟာ
အာသဝေါမစွန့်ရက်ခဲ့ပါဘူး
ဒါပေမယ့်
စာသဘော အထွန့်တက်တတ်ခဲ့တယ်

ငါဟာ
တနေ့မှ မပြည့်ဝခဲ့ပါဘူး
ဒါပေမယ့်
တွေ့သမျှ အလေ့အထတိုင်းကို လေးစားခဲ့တယ်

ဒါပေမယ့် ...

ငါဟာ...

မလိမ်ညာတတ် စစ်မှန်မိခဲ့တဲ့အတွက်
အကြိမ်ကြိမ် ရာဇသတ် ပစ်ဒါဏ်ထိခဲ့ဘူးတယ်


မျိုးချစ်

_________________________________________

အမေ ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၆၆) နှစ်ပြည့် မွေးနေ့ မင်္ဂလာအတွက် ရည်ရွယ်ပြီးရေးသားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် နောက်ကျသွားတဲ့ မွေးနေ့လက်ဆောင်လေးပါ။
ကျွန်တော့်ဘဝရဲ့ အမဲရောင် နေ့ရက်တွေနဲ့ လဲ တော်တော်လေး တူညီနီးစပ်စွာ ခံစားမိလို့ ရေးချဖြစ်သွားတာပါ

________________________________________

(ယနေ့ အမေစု ထံ ပေးပို့လိုက်သောစာ)

______________


အမေ

သား အမေ့မွေးနေ့တုန်းက အမေ နဲ့ အမေ့ သားငယ် ရဲ့ ပုံလေးတွေ ကြည့်ပြီး အရမ်းဝမ်းသာကြည်နူးရပါတယ်။

ဦးမောင် (ကိုကျော်သူ) + မကြီးရွှေဇီးကွက် တို့နဲ့ အမေ တို့ ခုလို ပြည်သူတွေ အတွက် ချစ်ခင်စွာ အတူတူလက်တွဲနေကြတာကိုလဲ အရမ်းဝမ်းသာပါတယ်။

ဒီကဗျာလေးကိုလေ အမေ့မွေးနေ့တုန်းက အမှီပို့ချင်ပေမယ့် ရေးနေရင်း ပီတိ နဲ့ သောက က ဖြစ်လာတဲ့ ဆို့နင့်သွားတဲ့ ခံစားချက်တစ်ခုကြောင့် အဆုံးမသတ်နိုင်ခဲ့လို့ အမေ့ရဲ့ မွေးနေ့ အမှီ မပို့နိုင်ခဲ့တာပါ၊

ဖတ်ပြီးရင် အမေ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ် အမေ။ ။

သားတို့ချစ်တဲ့အမေ အတွက် ကံတရားကပေးထားတဲ့ လက်ကျန်နေ့စွဲတွေ အားလုံးမှာ သောက ဗျာပါဒ ကင်းဝေးပြီး ပျော်ရွှင်ခြင်းအတိ ပြီးပြည့်စုံပါစေ လို့ ဆုတောင်းရင်း ...

အမေ့ ကို အဝေးက ဘဲ ရိုသေစွာ ဦးချ ကန်တော့လိုက်ပါတယ် ၊ ၊ ။


သားကြီး

(မျိုးချစ်မြန်မာ)

1 comments:

မမ said...

အမေ့ပေါ် ဂုဏ်ယူနေတဲ့ သားတစ်ယောက်ရဲ့ ခံစားမှုလေးတွေ့လိုက်ရပါတယ်။ အမေ့အပေါ်ကျေးဇူးဆပ်နိုင်တဲ့သားတစ်ယောက် ဖြစ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။