ပန်းချီ - ကိုမင်းကျော်ခိုင်
Please click on photo to ENLARGE!
" အမေ့ကိုချစ်ရင် "
အမေ့ကိုချစ်ရင်.....
ကိတ်မုန့်မလှီးနဲ့
ပန်းတိုင်သာ နီးပစေ။
ကိတ်မုန့်မလှီးနဲ့
ပန်းတိုင်သာ နီးပစေ။
အမေ့ကိုချစ်ရင်.......
အမေ့ထမိန် ဆွဲပြီးမလျှောက်နဲ့
အမေ့လက်ကို တွဲပြီးလျှောက်။
အမေ့ကိုချစ်ရင်.........
အမေအိုကို ၀န်မပိုစေနဲ့
ကိုယ်နိုင်တဲ့ဝန် ကိုယ့်ပုခုံးပေါ်တင်ကြ။
အမေ့ကိုချစ်ရင်........
နိုင်ငံရေးကို ခုတုံးမလုပ်နဲ့
နိုင်ငံ့အရေးကို ပြီးဆုံးအောင်လုပ်ကြ။
အမေ့ကိုချစ်ရင်......
တမြေခြားမှာ သာယာမနားနဲ့
ဘ၀တူတွေရဲ့ဒုက္ခကိုလည်း စဉ်းစားကြ။
အမေ့ကိုချစ်ရင်.....
အငြိုးအတေးတွေ ဥပေက္ခာပြု
အင်အားမှန်သမျှ ပေါင်းစု
ဒုတိယပင်လုံဆီ ရှေ့ရှုကြ။
အမေ့ကိုချစ်ရင်.......
အမေ ငြိမ်းချမ်းရေးတရားမွေးသလို
သားတွေလည်း တော်လှန်ရေးဓားသွေးကြ။
အမေ့ကိုချစ်ရင်..........
အမေ ဘေးဘယာကင်းစေကြောင်း
အဝေးကနေလည်း ဆုတောင်းသလို
အမေ့ရဲ့ မွေးနေ့ပွဲ
အမေနဲ့အတူ နွှဲခွင့်ကြုံစေ...။
(လူထုမိခင်၏မွေးနေ့အား ဤကဗျာဖြင့် ပူဇော်ပါ၏)
မောင်ပါလ
၁၈.၆.၂၀၁၁


5:56 PM

Posted in: 
0 comments:
Post a Comment