Monday, June 13, 2011

ငါသည်အရင်သွားနှင့်ပြီ

Please click on photo to ENLARGE!

သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်



ကျိုက္ကစံစေတီတော်၊ ရန်မျိုးအောင်စေတီတော် ဂေါပကအဖွဲ့များ၏ သြ၀ါဒစရိယ ရွှေကျင် နိကာယရတ္တညူမဟာနာယက၊ သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာသိပ္ပံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ သိရိဓမ္မ (နိုင်ငံတော်သြ၀ါဒစရိယ) သက်တော် (၈၈) နှစ်၊ ၀ါတော် (၆၈) ၀ါ သည် ၇.၆.၂၀၁၁ ရက်နေ့ နံနက် (၁၁း၄၅) နာရီအချိန်တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားပါ၍ မဟာသိပ္ပံပရိယတ္တိစာသင်တိုက်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ရွှေစတီး ကရ၀ိတ်ဖောင်တော်ဖြင့် အပူဇော်ခံထားရှိပြီး ၁၃.၆. ၂၀၁၁ (တနင်္လာနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် မဟာသိပ္ပံပရိယတ္တိစာသင်တိုက်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဆရာတော်ကြီး၏ ပုံတော်တင်ဆောင်ရန် ရှေ့ပြေးမော်တော်ယာဉ်၊ ဆရာတော်ကြီး၏ ကျန်ရစ်သောရုပ်ကလပ်တော်အား အထူးနိဗ္ဗာန်ယာဉ်ဖြင့် ပင့်ဆောင်ကာ စည်ကား သိုက်မြိုက်စွာဖြင့် အန္တိမဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ပေးခဲ့သည်။
 
မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သတိရ - တမ်းတ - သံဝေဂလင်္ကာ
ကံစေရာနောက်၊ ကောက်ကောက်ပါအောင်၊
ပုန်းရှောင်မရ၊ ငါလိုက်ရပြီ၊ ငါကအမှန် မလိုက်ချင်သေးပါ။
ငါ့မြေ ငါ့အိမ်၊ စည်းစိမ်ဥစ္စာ၊ ရတနာကို
ငါကခုံမင်၊ မစွန့်ချင်လည်း၊ ငါပင်စွန့်ရ၊ ပစ်ခဲ့ရပြီ၊
ငါကအမှန်၊ မစွန့်ချင်သေးပါ။
(အော်) မလိုက်မနေ၊ နေချင်မရ၊ မစွန့်ချင်လည်း စွန့်ပစ်ခဲ့ရ
ကံကစီမံ၊ ငါ့ကံအတိုင်း၊ အချိန်ပိုင်းလာ ခိုနားရာမှ
ပြန်လည်ကာလှမ်း၊ ဘ၀ကြမ်းပြင်၊ ခရီးနှင်ပြီ။
ငါသည်အရင်သွားနှင့်ပြီ . . . ။

ကျော်သူ

0 comments: