Thursday, June 30, 2011

" တေးသံရှင် ယုဇန Lazy Club နှင့် ဖျော်ဖြေရန် Los Angeles သို့ရောက်ရှိ "

Yuzana has arrived to L.A




သတင်း နှင့် ဓါတ်ပုံ - မျိုးချစ်မြန်မာ


Lazy Club တေးဂီတ အဖွဲ့ရဲ့ ၂၀၁၁ အမေရိကန် ဖျော်ဖြေရေးအစီအစဉ်မှာ ပါဝင်ဖျော်ဖြေမယ့် တေးသံရှင်လေးတစ်ဦးဖြစ်တဲ့ ယုဇန ဟာ ဒီနေ့ Jun 29th, 2011 မှာ Los Angeles ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ကျန်တဲ့ တေးသံရှင်များ ဖြစ်တဲ့ တူးတူး R ဇာနည် Lလွန်းဝါ ကော်နီ ဖြူဖြူကျော်သိန်း တို့လဲ ရက်သတ္တပါတ်အနည်းငယ်အတွင်း ထပ်မံ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ရောက်ပြီးပြီးချင်း ခဏနားအပြီးမကြာခင်မှာဘဲ ကျွန်တော့် အိမ်ကို ယုဇန နဲ့ သူမရဲ့ မိသားစုတို့ လာရောက်လည်ပါတ်ရင်း ဒီဖျော်ဖြေပွဲလေး နဲ့ပါတ်သက်ပြီး နည်းနည်းပါးပါး ရှင်းပြဖိတ်ခေါ်ထားတဲ့ Video Invitation လေး ရိုက်ကူးဖြစ်ခဲ့ပါတယ်။

ပြီးတော့ ပွဲစီစဉ်သူ မသီတာ (L.A) ကနေ ကျွန်တော့် ကို မွေးနေ့ ညစာ လိုက်ကျွေးမယ်ဆိုတော့ အမှတ်တရ ဓါတ်ပုံလေးတွေ ကျွန်တော့်အိမ် မှာရော Penang Cusine ဆိုင်မှာပါ မှတ်တမ်းတင် ရိုက်ကူးဖြစ်ခဲ့ပါတယ်။

ညီမလေး ယုဇန က လမ်းမှာ အိပ်ရေးပျက်ခဲ့တာတွေ ကြောင့် မျက်နှာလေး နည်းနည်းချောင်နေတာရယ် ဘာမှ သေချာ မပြင်ဆင်ထားဘဲ နဲ့ ရှိတာလေးနဲ့ ကမမ်းကတန်းရိုက်ဖြစ်ခဲ့တဲ့အတွက် ပုံလေးတွေ မှာ အားနည်းချက်ရယ်လို့သာ ရှိခဲ့ရင်  ကျွန်တော့်ရဲ့ ညံ့ဖြင်းမှုသာ ဖြစ်ပါကြောင်း ရိုးသားစွာ ဝန်ခံပါတယ်။

တိုက်ဆိုင်စွာဘဲ June 30th မှာ ကျရောက်မယ့် ကျွန်တော့်ရဲ့ မွေးနေ့အကြိုညလေး ကို ပျော်ရွှင်စရာလေး ဖြစ်သွားစေခဲ့တဲ့ ညီမလေး ယုဇန နဲ့ မသီတာ ကို အထူး ကျေးဇူးတင်ပါတယ်လို့ ပြောကြားရင်း ...


ထာဝရမေတ္တာဖြင့်

မျိုးချစ်မြန်မာ

0 comments: