Tuesday, July 12, 2011

နောက်ဆုံးဂါရဝ





သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်


နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ရန်ကုန်မြို့၊ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်၊ နာယကချုပ်ဆရာတော်၊ ဇိနမာရ်အောင်စေတီတော်ဂေါပကအဖွဲ့ သြ၀ါဒါစရိယ၊ (၁၀၈)တောင်စေတီတော်ဂေါပကအဖွဲ့ သြ၀ါဒါစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာ ကမ္မဋ္ဌာနာစရိယ သက်တော်ရှည် အောင်စကြာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန မဟာနာယက ဆရာတော်ကြီး ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ သက်တော် (၈၅) နှစ်၊ ၀ါတော် (၆၅)၀ါသည် ၅.၇.၂၀၁၁ ရက်နေ့တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့ပြီး ယနေ့ ၁၁.၇.၂၀၁၁ ရက်နေ့ နေ့လည် ၁း၀၀ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများသည် သာကေတမြို့နယ်၊ အောင်စကြာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းမှ ရေဝေးသုဿန် ခန်းမဆောင်သို့ပင့်ဆောင်၍ နေ့လည် (၃း၀၀) နာရီအချိန်တွင် အန္တိမအဂ္ဂိ ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။  

ယင်းအခမ်းအနားတွင် ဆရာတော်ကြီးများ၊ တပည့်သံဃာ၊ ဒါယကာ၊ ဒါယကာမများနှင့် ပင့်ဆောင်ရန်လမ်းခရီးတလျှောက် လမ်းဘေးဝဲယာမှ အများပြည်သူတို့သည် ဆရာတော်ကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အား လေးစားကြည်ညိုစွာဖြင့် လက်အုပ်ချီမိုး၍ နောက်ဆုံး ဂါရ၀အဖြစ် ပူဇော်ကန်တော့ခဲ့ကြသည်။

ကျော်သူ

0 comments: