Friday, July 8, 2011

ပဋ္ဌါန်းဆက်ကုသိုလ်

Please click on photo to ENLARGE!



Please click on photo to ENLARGE!

သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်

မြောက်ဒဂုံမြို့နယ်ရှိ မဟာရာမသီလရှင်ကျောင်းတွင် သမိန်ဒွတ်ရွာ၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်ရှိ ဆရာတော်ကြီး ဦးလာဘသာမိ သက်တော် (၉၄)နှစ် နှင့် သထုံမြို့နေ ဦးယုကောင်း အသက် (၉၁) နှစ် (အမြင်အာရုံမကောင်းမွန်) နှစ်ဦးတို့ ဆုံတွေ့စဉ်နှစ်ဦးစလုံး၏ စိတ်ဆန္ဒတွင် အလှူဒါနတစ်ခု ပြုလုပ်လိုကြောင်း
ယင်းအလှူသည် အများအကျိုးကို သယ်ပိုးနေသော သူတို့ထံတွင် လှူဒါန်းလိုကြောင်း ပြောဆိုကြရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းမှုပြုရန် နှစ်ဦးစလုံး အဖြေတစ်ခု ရရှိသွားသည်။

ထို့ကြောင့် ၇.၇.၂၀၁၁ (ကြာသပတေး) နေ့တွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆရာတော်ကြီး ဦးလာဘသာမိ၏ သမီးဖြစ်သူ သီလရှင်တစ်ပါးမှ ခေါ်ဆောင်လာကာ ဦးလာဘသာမိမှ အလှူငွေ ၁၀၀၀၀၀/- ကျပ်၊ ဦးယုကောင်းမှ အလှူငွေ ၂၀၀၀၀၀/- ကျပ်တို့ကို လှူဒါန်းသွားခဲ့သည်။

ထိုသို့ လှူဒါန်းမှုကိုလာရောက်ပြုလုပ်စဉ် ဆရာတော်ကြီးမှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူအား ဦးကျော်သူ၏ တပည့်သားသမီးတို့အားလုံး သီလလုံရန်တိုက်တွန်းကာ သီလလုံကာမှ အသက်ရှည်ကျန်းမာပြီး အများအကျိုးကို ဆထက်တန်ဘိုး ထမ်းဆောင်နိုင်မည်ဖြစ် ကြောင်း ဆိုဆုံးမ၍ ဆုမွန်ကောင်းများ ပေးအပ်သွားခဲ့သည်။
ထို့ပြင် မိမိတို့နှင့် ယခုလို ဆုံတွေ့ခြင်းမှာ ယခင်ဘ၀များကတည်းက တော်စပ်ခဲ့သော ပဋ္ဌါန်းဆက်များ ကြောင့်ပင်ဖြစ်ကြောင်း၊ မိဘသဖွယ် ရင်းနှီးနွေးထွေးစွာ ပြောဆိုခဲ့သည်နှင့်အညီ ကျွန်တော်၏ စိတ်တွင်လည်း ဆရာတော်ကြီး ဦးလာဘ သာမိ မော်တော်ယာဉ်ပေါ်မှ ဆင်းဆင်းခြင်း ကျွန်တော်၏ ဖခင်သဖွယ်၊ ကျွန်တော်၏ အဘိုး သဖွယ် ဆရာတော်ကြီးအား မြင်တွေ့ခံစားမိသည်။

တစ်ရံသောအခါက တော်စပ်ခဲ့ဖူးသော မိဘ၊ ဘိုးဘွား များတို့နှင့် ပြန်လည်ဆုံတွေ့ရသကဲ့သို့ ၀မ်းသာ ပီတိ ဖြစ်မိတော့သည်။

ကျော်သူ

0 comments: