Wednesday, August 3, 2011

" ဘဝပြောင်းပေးခဲ့တဲ့ ကားလေးတစ်စီး "


Please click on photo to ENLARGE!


" ဘဝပြောင်းပေးခဲ့တဲ့ ကားလေးတစ်စီး "


ဒီကားလေးကြောင့် ကျွန်တော့် အသက်မွေးဝမ်းကျောင်းမှု ပြောင်းသွားခဲ့တဲ့ ကားလေးပါ။

သူ့ကိုဝယ်တုန်းက တော်တော်ငယ်သေးတော့ အဲ့တုန်းက Interest တွေ မတန်တဆ အဆော်ခံရမှန်းသိရဲ့သားနဲ့ စိတ်ညစ်ညစ်နဲ့ မဖြစ်မနေဝယ်လိုက်ရတဲ့ 98 Corolla အဟောင်းကလေးပါ။

ရှိနေတဲ့ကားစုတ်က လုံးဝ ပြင်မရအောင် ထိုးရပ်သွားတော့ အလုပ်နဲ့ ကျောင်းသွားဖို့ ချက်ချင်းလိုနေတဲ့ နေ့မှာဝယ်လိုက်ရတာမို့ပါ။

ကားက အလွန်ဆုံးတစ်ကယ် တန်လှ 8000$ လောက်ပါ
ကားကသာ Second Hand Used ပါ
သူ့ Payment က ခု 2011 G37 အသစ်ဝယ်တာထက် တစ်လ 8.00$ ပိုများပါတယ် ။



1998
Toyota Corolla အဟောင်း ကို
358.60$ X 60 Months = 21516$ + 2500$ Down = 24016$ Total ပေးလိုက်ရပါတယ်။

2011 Infiniti G37 အသစ်က
350$ X 72 Months = 25200$ + 16600$ Down = 41800$ Total ဘဲ ကျပါတယ်။


ကြွားနေတာ မဟုတ်ဘူးနော်
ကားဝယ်မယ့် မြန်မာကလေးတွေ တွက်ချက် နားလည်တတ်စေချင်လို့ပါ။

အဲ့ဒိကားဝယ်တုန်းက လူက ဘယ်လောက် အလဲ ဆိုရင်

ရောင်းလိုက်တဲ့ဈေးက ဘယ်လောက် ဆိုတာ မေးတောင် မမေးမိခဲ့သလို Contract ကိုလဲ သူတို့က ဆိုင်မှာ ပြန်ခေါ်ပြီး ပျောက်သွားတဲ့ပုံစံနဲ့ ယူထားလိုက်တော့ ကားကို ၅ နှစ်နေတော့ ပြန်ရောင်းလိုက်တဲ့ထိလဲ ကားဖိုးဘယ်လောက်ကျမှန်း မသိခဲ့ပါဘူး။

Contract Copy ကို ပြန်တောင်းတော့လဲ ဖုန်းပြန်မခေါ်တာနဲ့ ထပ် မမေးရဲခဲ့ပါဘူး။

တော်ကြာ စိတ်ပြောင်းပြီး ကားလေးပြန်ယူသွားမှာကြောက်လို့ပါ။

လူက ဘယ်လောက် တုံးသလဲဆိုရင် ကားဆိုင်မှာ သူငယ်ချင်း ကျော်ဖြိုးဟန် ကိုလိုက်ပို့ခိုင်းပြီးတော့ ချပေးပြီး သူက စောင့်နေတုန်း Sales Man ကို ကိုယ်က အားကိုး စိုးရိမ် တစ်ကြီး မေးလိုက်ပါသေးတယ်

" Are you sure you can sell me a car? because I have to send my friend back and I have no ride home " လို့

အင်မတန် ရိုးသားစေတနာ ကောင်းရှာတဲ့ Salesman မျက်လုံးတွေ အရောင်တွေ လက်လက်ထသွားတာ တွေ့တော့ သြော် သူ ငါ့ကို တကယ် ကူညီချင်တာပါလား ဆိုပြီး ကျေးဇူးတွေတောင် တင်နေခဲ့တာပါ။
" I swear to god, I wanted to kill that Salesman so bad.
He is still probably on the vacation with the money he's made off of me "
;(

အဲ့ဒိ အတွေ့အကြုံကြောင့် ကျွန်တော့်လို တခြား ပိုက်ဆံမရှိတဲ့ ရိုးတဲ့ အတဲ့ မြန်မာ ကလေးတွေ ကျောင်းသားလေးတွေ ကျွန်တော့်လို အလိမ်မခံရစေချင်လို့ ကျွန်တော် Sales Man လုပ်ဖြစ်ခဲ့တဲ့အထိ စိတ်နာခဲ့ရတဲ့ကားလေးပါ။

ဘဝနဲ့ရင်းခဲ့ရတဲ့ အသိတစ်ခုပေါ့ဗျာ။

ဘယ်တော့မှ မမေ့ပါဘူး။

အဲ့ဒိကထဲက ခုချိန်ထိ ကားရောင်းခဲ့တိုင်းလဲ ဆင်းရဲတဲ့ ကလေးတွေ ကျွန်တော့်လို ဘယ်တော့မှ အညာမခံရအောင် အမြဲ ကာကွယ်ပေးခဲ့ပါတယ်။

အထူးသဖြင့် ကလေးငယ်ငယ်လေးတွေ ရှိနေပြီး ကားကိုကြိုက်တာနဲ့  မတန်တဆပေးပြီး ဇွတ်ရအောင် ဝယ်ချင်နေတဲ့ လူငယ် မိသားစုတွေတွေ့တိုင်း ကျွန်တော် ဆိုင်ရှင်တွေ မသိအောင် နောက်ကွယ်ကနေ အမြဲ ဖျက်ပြီး သူတို့နဲ့ တကယ် သင့်တော်တဲ့ ကား ပေါပေါလေးတွေဘဲ ဝယ်ဖြစ်သွားအောင် ခိုးပြီး လုပ်ပေးခဲ့ပါတယ်။

ကျွန်တော့် စေတနာ တကယ် မှန်ခဲ့ရင် ရိုးသားတဲ့သူတိုင်း မသမာသူတွေရဲ့ အလိမ်ခံရခြင်း က ကင်းဝေးပါစေ လို့လဲ ဘုရားမှာ အမြဲ ဆုတောင်းပေးပါတယ်။

:)


ထာဝရမေတ္တာဖြင့်

မျိုးချစ်မြန်မာ

0 comments: