Sunday, August 14, 2011

လမင်းမိုမို ရဲ့ ထူးအိမ်သင်

Please click on photo to ENLARGE!

ခဲပန်းချီ - လမင်းမိုမို


ဒီနေ့ဟာ ကျွန်တော်တို့ အားလုံး လေးစားချစ်ခင်ရတဲ့ ကိုငှက်ကြီး (ခ) တေးသံရှင် ထူးအိမ်သင် ကွယ်လွန်ခြင်း ( ၇ ) နှစ်မြောက်တဲ့နေ့ပါ


ဘယ်တော့မှ ပြန်မပွင့်နိုင်တော့မယ့် ပန်းတပွင့်ကြွေလွင့်သွားခဲ့ရတဲ့ နေ့ တစ်နေ့ ပေါ့


ဒါပေမယ့် အဲ့ဒိ ပန်းလေးပွင့်ခဲ့တဲ့အချိန်မှာ သူနဲ့ အတူ ရှင်သန်ကြီးပြင်းခွင့် ခဏလေးဘဲ ဖြစ်ဖြစ် ရရှိ စေခဲ့တဲ့အတွက် ဘုရားသခင်ကို ထာဝရ ကျေးဇူးတင်နေတော့မှာပါ ...


ကိုငှက်ကြီးရေ တစ်နေ့ ကောင်းကင်ဘုံမှာ တွေ့မှ သီချင်းတွေ တူတူရေးကြမယ်ဗျာ  



မှတ်ချက်။ ။ ချစ်တဲ့ မကြီး လမင်းမိုမို က ဒီနေ့ သူ အရမ်း လေးစားနှစ်သက်တဲ့ ကိုငှက်ကြီး ကို သတိတရ ဖြစ်လာလို့ ချက်ချင်းဘဲ ဒီပုံလေး ကို ခဲတံလေးတစ်ချောင်းနဲ့ ကောက်ဆွဲဖြစ်သွားတာပါတဲ့

အင်မတန် သက်ဝင်ပြောင်မြောက်တဲ့ ပန်းချီကားလေး အတွက် စွယ်စုံထူးချွန်တဲ့ မကြီး ကို အရမ်းလေးစား ဂုဏ်ယူ မိသလို ငွေနဲ့ဝယ်လို့မရတဲ့ ပုံရိပ်လေး တစ်ခု ဖန်တီးပေးခဲ့တဲ့အတွက် ကျေးဇူးလဲအထူးတင်မိပါတယ် ။


ထာဝရ ချစ်ခြင်းဖြင့်

သားကြီး  

0 comments: