Thursday, August 25, 2011

Lazy Club in Las Vegas 2011


Please click on photo to ENLARGE!



Photos - Myo Chit Myanmar

Aug 23rd ရက်နေ့ ည Neveda ပြည်နယ် Las Vegas မြို့မှာ ကျင်းပမယ့် Lazy Club အဖွဲ့ကို ဖိတ်ခေါ်ထားတဲ့ Las Vegas က မြန်မာ မိသားစု များ စီစဉ်တဲ့ တွေ့ဆုံ ဖျော်ဖြေပွဲကလေးပွဲ ကို ပွဲစီစဉ်သူ မသီတာ နဲ့ မိတ်ဆွေများရဲ့ ဖိတ်ခေါ်မှုကြောင့် ကျွန်တော် သွားရောက် မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ 


အမေရိကားတိုက်ရဲ့အရှေ့ဖက်အခြမ်း Utica မြို့မှ တေးသံရှင်များ တီးဝိုင်းအဖွဲ့သားများ နဲ့ Los Angeles မှ ကျွန်တော်တို့ အားလုံး အမေရိကန် ပြည်ထောင်စုများ မှာ လူတိုင်းက အိပ်မက်များရဲ့ မြို့တော် လို့ အမည် ပေးထားကြတဲ့ Las Vegas မြို့ကို ည ၁၁ နာရီ ကျော်ကျော် လောက်မှာ အသီးသီး မရှေးမနှောင်းရောက်ရှိခဲ့ကြပါတယ်။
ပွဲစီစဉ်သူ မသီတာ နဲ့ အတူ အခက်အခဲတွေ အစီအစဉ် မကျ ဖြစ်နေတာတွေ အလွဲတွေ အားလုံး ဖြေရှင်းပြီးတဲ့အခါမှာ မနက် ၄ နာရီ ထိုးနေပြီ ဖြစ်တဲ့အတွက် အားလုံး နာလန်မထူ နိုင်ကြတော့ပါဘူး

အထူးသဖြင့်အရှေ့ဖက်ခြမ်းက လာခဲ့ကြတဲ့ အဖွဲ့သားတွေ အတွက်က ကြားထဲမှာ အချိန်ကွာဟ မှုကြောင့် ပျောက်သွားတဲ့ ၃ နာရီ ကိုထည့်တွက်လိုက်ရင် မနက် ၇ နာရီ လောက်မှ အိပ်ရသလို ဖြစ်နေတဲ့အတွက်ပါဘဲ
ကျွန်တော်ကတော့ ခရီးသွားတိုင်းဖြစ်နေတဲ့ ဒုက္ခဖြစ်တဲ့ အိပ်မပျော်ခြင်းကြောင့် တရေးမှ မအိပ်ဖြစ်ဘဲ မိုးလင်းသွားခဲ့ပါတယ်

ဒီလိုနဲ့ မနက်ကျတော့ အားလုံး အနားယူအပြီးလောက်မှာ ဖိတ်ကြားထားတဲ့ မိတ်ဆွေ တွေ ဆီသွားရောက်လည်ပါတ်ရင်း Casino သွားသူသွား နားသူနား နဲ့ ပွဲကျင်းပချိန် ရောက်ရှိလာခဲ့ပါတယ်
အတိုဆုံးပြောရရင် ဒီ Show ဟာ မူလနားလည်ထားတဲ့အတိုင်း Private Gathering တစ်ခုလိုဘဲ ကျင်းပဖြစ်ခဲ့ပါတယ်
ပုံမှန် Concert တစ်ခုလို လူအများအပြား အတွက် မရည်ရွယ်ခဲ့ပါဘူး

Las Vegas မြို့ဟာလဲ ပုံမှန် နဲ့ ပြင်းထန်ကွာခြားတဲ့ ရေမြေအနေအထား မတူညီတဲ့ စီးပွားရေးလည်ပါတ်မှု စသည်တို့ကြောင့် မြန်မာ လူမျိုး အင်မတန် နည်းပါးတဲ့ အရပ်ဒေသတစ်ခုလဲ ဖြစ်ပါတယ်။
ဒါကြောင့် အားလုံးလဲ ပုံမှန်ထက် ပေါ့ပါးလွတ်လပ်စွာ ခံစားခဲ့ရပါတယ်။

အစီအစဉ်ကို လူမစုံသေးပေမယ့် Lazy Club ရဲ့ စည်းကမ်းအတိုင်း မူလ သတ်မှတ်ချိန် ညနေ ၇ နာရီခွဲ အတိ မှာ စတင်တီးခတ်ခဲ့ပါတယ်

စတင်ချိန်မှာ အနည်းငယ် အေးစက်သလို မိနစ် အနည်းငယ် ခံစားရပေမယ့် လုံးလုံး (L လွန်းဝါ) စ ဆို လိုက်တာ နဲ့ ခန်းမတစ်ခုလုံး အသက်ဝင် နွေးထွေးလာခဲ့ပါတယ်

အဲ့ဒိကနေ ကိုတူးတူး ဇာနည် မကော် တို့ အားလုံး ရဲ့ ဖျော်ဖြေမှု ပထမ ပိုင်း အပြီး မှာ အခန်းထဲမှာ နွေးထွေးတဲ့ ရင်ခုန်သံဂီတ တွေ နဲ့ ပြည့်နှက်နေပါပြီ

ဒီလို နဲ့ဘဲ ကျွန်တော် ချစ်တဲ့ အကိုအမတွေ ညီလေးတွေ ရဲ့ ဂီတ သံစဉ်တွေ နဲ့ ပူလောင်လွန်းတဲ့ Las Vegas ရဲ့ ညလေးတစ်ည ခေတ္တ တော့ အေးချမ်းသွားခဲ့ရပါတယ် ဆိုတာလေး ပြောပြရင်း ...

ဒီအစီအစဉ်လေး ကို ငွေကြေးကို အဓိက မထားဘဲ မဖြစ်ဖြစ်အောင် ပူးပေါင်း စီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ ကိုခင်မောင်လွင် နဲ့ မြို့ခံ ဂီတချစ်သူ မိတ်ဆွေတွေ ...
အင်မတန်နည်းပါးတဲ့ မြန်မာ လူဦးရေလေး ကြားထဲက ရောက်အောင် လာအားပေးခဲ့ကြတဲ့ မြို့ခံ မြန်မာ မိသားစုတွေ
ကိုညီညီ နဲ့ Oyshi Sushi ဆိုင် မိသားစု ...
အခြားသော ကျွန်တော် အမည် ဖေါ်ပြဖို့ မမှတ်မိတဲ့ မိတ်ဆွေတွေ ...


အားလုံးကို ...


တေးသံရှင် တူးတူး ကော်နီ အယ်လွန်းဝါ Rဇာနည် တို့ရဲ့ ကိုယ်စား ...
Lazy Club တေးဂီတအဖွဲ့သားများအားလုံး နဲ့ မန်နေဂျာ ကိုအီကြာကွေးရဲ့ ကိုယ်စား ...
ပွဲစီစဉ်သူ မသီတာ နဲ့ မိတ်ဆွေများရဲ့ကိုယ်စား ...
အတိုင်းမသိ ကျေးဇူးအထူးတင်ရှိပါတယ်လို့ လေးနက်စွာ မှတ်တမ်းတင် ပြောကြားလိုက်ပါတယ်။ ...


ထာဝရ မေတ္တာဖြင့်

မျိုးချစ်မြန်မာ (သားကြီး)

0 comments: