Wednesday, October 5, 2011

" ရာဇသံ "


Please click on photo to ENLARGE!


" ရာဇသံ "


ဒါ ငါတို့ မြေကြီး
ဒါ ငါတို့ မြစ်
ဒါ ငါတို့ နိုင်ငံ
ဒါ ငါတို့ နိုင်ငံသားတွေရဲ့ ဆန္ဒ

ငါတို့ ရဲ့ ခံစားမှု နဲ့ ဆန္ဒ
ကိုယ်စားပြုလိုက်တဲ့ ငါတို့ သမ္မတ

သူ့ ဆုံးဖြတ်ချက် ကို ခြိမ်းခြောက် ပြတာ
ငါတို့ တစ်နိုင်ငံလုံးကို ခြိမ်းခြောက် လိုက်တာဘဲ

ငါတို့ သမ္မတ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြတာ
ငါတို့ တစ်နိုင်ငံလုံးရဲ့ ဆန္ဒကို
အတိအလင်း ဆန့်ကျင် စော်ကား ပြလိုက်တာဘဲ


ငါတို့ ဟာ …
အစဉ်အလာကြီးခဲ့တဲ့
ရာဇဝင် အပြည့်နဲ့ လူမျိုးတွေ ဖြစ်တယ်

ငါတို့ မြေကြီးဟာ
ငါတို့ ရဲ့ မိခင် ဖြစ်တယ်

ငါတို့ မြစ်တွေဟာ
ငါတို့ ရဲ့ သွေးကြောတွေ ဖြစ်တယ်

ငါတို့ ရဲ့ တိုင်းရင်းသားတွေဟာ
ငါတို့ ရဲ့ သွေးချင်းတွေ ဖြစ်တယ်

ငါတို့ မြေကြီးပေါ်ကိုလာနင်းခြေမွ
ငါတို့ ရဲ့ အလှပဆုံးမြစ်ကြီးကို ပိတ်ဆို့
ငါတို့ ရဲ့ သွေးကြောတွေကို ဖြတ်တောက်နေ
ငါတို့ သွေးချင်းတွေကို အိုးအိမ်မဲ့စေပြီး
ငါတို့ ရဲ့ အလှပဆုံး သတို့သမီးကို
အားရပါးရ မုဒိန်းကျင့် ခံ ပြီးတော့မှ

ပြန်ရမယ့် ရလာဒ်က
တစ်ကျပ်မှာ ဆယ်ပြား ..
၁၀ ရာခိုင်နှုန်းတဲ့လား ကွ .. ဟေ

တောက် ….

တိုးတက်တဲ့နိုင်ငံတွေမှာဆို
စားပွဲထိုးသူကို
ခေါင်းငုံ့ရိုကျိုး
ထမင်းဟင်းလေးချပေးဖို့

TIP ဆိုတဲ့ မေတ္တာကြေးလေး
မကောင်းတတ်လို့ ပေးတာတောင်

၂၀ ရာခိုင်နှုန်းက
အနည်းဆုံးပေးရတာပါ


အခုတော့ ကွာ


ငါတို့ နိုင်ငံသားတွေကို
သူတောင်းစား တွေလို သဘောထားတာလား

ဆင်းရဲလို့ နှိမ်တာလား

သူတို့လောက် မတိုးတက်လို့
အမျိုးဖျက်ဖို့ ကြံရဲတာလား

ခွေးမသား တရုပ် (အစိုးရ) တွေ …
လုပ်ချင်တာလုပ် ငုံ့ခံရမှာလား


ဟေ့ ဒီမှာ …


လရောင်မှာ စာဖတ်ပြီး
Britain Emperor ကြီးကိုတောင်
ပညာပေးခဲ့တဲ့ ကောင်တွေပါ

ငှက်ကြီးတောင် ဓါးကိုသွေး
လွပ်လပ်ရေး ဆိုတာ
မရ ရ အောင် တိုက်ခဲ့တဲ့ ကောင်တွေပါ

ငါတို့ကို ဒီ တရုပ် (အစိုးရ) တွေက
ရသမျှ ဂုပ်သွေးစုတ်နေတာ
အသိသာကြီးပေမယ့်
ကံတရားရဲ့ လှည့်ကွက် အဖြစ်
အပြစ် မမြင်ပေးခဲ့သူတွေပါ


အေး …

ဒါပေမယ့် .....

ငြိမ်ခံ တာ အတော်များလာလို့ ...
အကြိမ်ဖန်တစ်ရာ မစော်ကားလာနဲ့

နူးညံ့ တတ်မှန်း သေချာ လို့ ...
ဒူးနှံ့ ဇာတ်လမ်း မကြေငြာ နဲ့

နေတတ်တာကြာပြီမို့ ...
ကြေနပ်လာပါပြီလို့ မထင်နဲ့

ငါတို့ ရဲ့ အမိမြေမှာ

ငါတို့ ဘာသာရေးတဲ့ဇာတ်လမ်း

ကြမ်း ချင် ကြမ်းပါစေ
လွမ်း ချင် လွမ်းပါစေ
မှား ချင် မှားပါစေ
ခါး ချင် ခါးပါစေ


ဒါ ငါတို့ရဲ့ သွေး
ဒါ ငါတို့ရဲ့ အဘေးတွေ ရဲ့ သွေးအမွေ
စစ်ခင်းပြီး ကာကွယ်ရပါစေ
ရဲရဲကြီး သေပြမှာပါ ...


ဒီမှာ ..

သေချာတာကတော့..

တရုပ်ကြီးတို့ရေ ...


သေမြေကြီး ရှင်ရွှေထီး
ငါတို့ ရဲ့ ဧရာဝတီမြစ်ကြီး ..
မီးဟုန်းဟုန်း တောက်သွားပါစေဦး
လုံးဝ ခေါင်းမငုံ့ နိုင်ဘူး ဟေ့ ။။။။



မျိုးချစ်မြန်မာ

မှတ်ချက် ။ ။

ကျွန်တော်တို့ နိုင်ငံကို ကျူးကျော်စော်ကားချင်တဲ့  နိုင်ငံတိုင်းဟာ ကျွန်တော်တို့ ရဲ့ ရန်သူတွေပါဘဲ ။

တရုပ်ဆိုတာ မြန်မာနိုင်ငံမှာမွေးလာ ကြီးလာတဲ့  တရုပ် (လူမျိုး) တွေ ကိုပြောတာမဟုတ်ဘူး

တရုပ်နိုင်ငံ အစိုးရ နဲ့ သူတို့ကို ထောက်ခံနေတဲ့ စီးပွားရေးလောဘသမား ကုမဏ္ဏီ တွေကို ဆိုလိုတာဖြစ်တယ် ။

ဒါဟာအမျိုးသားရေး ကိစ္စပါ ။
လူမျိုးရေး ကိစ္စ ဖြစ်သွားအောင် အလှည့်စားမခံကြပါနဲ့ ။
တရုပ်လို့ရေးရင် (အစိုးရ) ဆိုတာ ခုချိန်ကစပြီး ထည့်ရေးကြပါ ။

အကြောင်းအစုံအလင် သိချင်ရင် တရုပ်အစိုးရ ရဲ့ အရင်းအနှီးမြှုတ်နှံသူတွေက ကျွန်တော် တို့ မြန်မာအစိုးရကို ခြိမ်းခြောက်ထားတာကို ဒီမှာ ဖတ်နိုင်ပါတယ်။

0 comments: