Thursday, October 13, 2011

ယ္ခုထိ သက်ရှိထင်ရှား တရားဟောနေသေးသည့် ဂေါတမ ဘုရားရှင်



သီတင်းကျွတ် နဲ့ ပါတ်သက်ပြီး ကြားဖူးတဲ့ ဗဟုသုတလေး တစ်ခု ကိုပြောပြပါရစေ။

ဘုရားရှင်ဟာ တာဝတ္တိံသာ နတ်ပြည်ကို တရားဟောဖို့ အသွားမှာ နတ်ပြည် နဲ့ လူ့ပြည်မှာ ကွာခြားနေတဲ့ အချိန်ရဲ့ ပြောင်းလဲမှု ကို ဆင်ခြင်မိတဲ့ အတွက် သူ့ရဲ့ ကိုယ်ပွားတော်ကိုဘဲ ဆက်လက် ဟောကြားစေခဲ့ပြီး သူကတော့ လူ့ပြည်ကို ပြန်ကြွချီလာခဲ့တယ်လို့ မှတ်သားဖူးပါတယ်။

ဘာလို့လဲ ဆိုတော့ နတ်ပြည်မှာ တစ်ရက် ဟာ လူ့ပြည်မှာ တစ်သက် (ပျမ်းမျှ နှစ်ပေါင်း ၈၀ ခန့် ကြာတယ်လို့ အဆိုရှိပါတယ်) ဖြစ်နေလို့ပါတဲ့။

ဒီတော့ ဒီ ဖေါ်မြူလာ အရသာတွက်ခဲ့မယ် ဆိုရင် ဘုရားရှင်ရဲ့ ကိုယ်ပွားတော် ဟာ ကျွန်တော်တို့ လူသားတွေ ရဲ့ သက်တမ်းအချိန် အရ ဆိုရင် ခုချိန်ထိ နတ်ပြည် မှာ အဲ့ဒိ တရားတော်ကို ဆက်လက်ဟောကြားနေဆဲဘဲ ဖြစ်တယ် လို့ သိပ္ပံပညာရှင် များက တွက်ချက်ထားတယ်လို့ သိရပါတယ်။  


ဘာလို့လဲ ဆိုတော့ ဘုရားရှင်ရဲ့ ကိုယ်ပွားတော်ဟာ ဝါတွင်း ၃ လ လုံး နတ်ပြည်မှာသာ သီတင်းသုံးပြီး တရားဒေသနာ ဟောကြားနေခဲ့တာ ဆိုရင် လူ့ သက်တမ်း အရ နတ်ပြည်ရဲ့ ရက် ၉၀ ဟာ လူ့ပြည်က နှစ် ပေါင်း ၇၂၀၀ နဲ့ ညီမျှလို့ပါဘဲ။

ဒါ Quantum Physic လို့ ခေါ်ကြတဲ့ Universe ရဲ့ လျှို့ဝှက်ချက် များစွာထဲက တစ်ခုလို့လဲ ပြောနိုင်ပါတယ်
Parallel Universe ဆိုတာ ကြားဖူးကြမှာပေါ့။


ကျွန်တော်တို့ အားလုံး သိနေမြင်နေတဲ့ စကြာဝဠာကြီး နဲ့ အတူ တစ်ချိန်ထဲ မှာ တစ်ပြိုင်ထဲမှာ ယှဉ်တွဲဖြစ်တည်နေသော စကြာဝဠာ ( Parallel Universe ) ပေါင်း များစွာ ရှိနေနိုင်တယ် ဆိုတာ သိပ္ပံပညာရှင် အားလုံး ယုံကြည်လက်ခံထားကြတဲ့ အတွက် ဂေါတမ မြတ်စွာဘုရားရှင် ရဲ့ သက်ရှိထင်ရှား ကိုယ်ပွားတော် တစ်ဆူဟာ ယ္ခုအချိန်ထိ သက်ဝင်လှုပ်ရှားရင်း တရားဒေသနာတော် ကို ဟောကြားနေတုန်းဘဲ လို့ တွေးမိတိုင်း ကျွန်တော် ကြက်သီးထမိပါတယ်။


မျိုးချစ်မြန်မာ


ကိုးကား -

http://en.wikipedia.org/wiki/Parallel_universe
http://www.npr.org/2011/01/24/132932268/a-physicist-explains-why-parallel-universes-may-exist
http://www.youtube.com/watch?v=Z7SDrj4Tjvk&noredirect=1

1 comments:

Unknown said...

အခုထိရှိလာ..မရှိလာဆိုတာတော့..မသိဘူး...ဒါပေမဲ့..လူ့ပြည်က... ၃ လကိုဆိုထားတယ်လို့..ကျွှန်တော်ထင်ပါတယ်...အဲဒါကြောင့်မရှိဘူးလို့...ကျွှန်တော်ကတော့ထင်တယ်..ဘုရားဟာ..တရာဟောတာ...အရမ်းမြန်တယ်လို့..ပြောပါတယ်..တရာ..ဟာ...ကျွှတ်တမ်းဝင်မယ့်သူကိုပဲ...ပိုအရုံရစေပါတယ်....အဲဒါဆိုရင်တော့..ကိုယ့်ဘာသာကိုပဲ...ထပ်စဉ်စားပါတော့....