Wednesday, March 14, 2012

“ ငါတို့မြေ "






" ငါတို့မြေ " 


စည်းစိမ်ဓန မပြည့်ဝ၍
နိမ့်ကျမွဲတေ ငါတို့တွေကို
နှိမ်လိုပါက နှိမ်ပါလေ ..


ဗိုလ်ချုပ်ကြီးများ နင်းချေသွား၍
ပြားကြေနေသော ငါတို့ ကျောကို
နင်းလိုပါက နင်းပါလေ ..


ကမ္ဘာ့အလယ် မျက်နှာငယ်၍
နှိမ့်ချသည်းခံ ငါတို့မာန်ကို
ဆဲရေးလိုလဲ ဆဲပါလေ ..


သို့ပေသော်ငြား တို့ဘိုးဘွားတို့
သွေးသားမြေခ ရင်းခဲ့ရသည့်
အမိမြန်ပြေ ငါတို့မြေကို ..
ခြေဖျားတစ်လှမ်း ကျူးကျော်လှမ်းက ..
ဆံတမျှင်မျှ ဖြတ်လာရှက ..
သဲတစ်မှုံစာ ထိပါးလာက ..


ထက်ရှနက်မှောင် သွေးတောက်ပြောင်ညီး
ငှက်ကြီးတောင်ဓါး သက်သေထား၍
ဘုရားရှေ့မှာ ကျိန်တွယ်ပါသည် ..


ကျူးကျော်ရဲက .. ကျူးကျော်ကြ ..
ရှေ့တိုးရဲက .. တိုးခဲ့ကြ ..
ထိပါးရဲက .. ထိကြည့်ကြလော့ ...


မျိုးချစ်မြန်မာ .. အို .. မြန်မာတို့ ..
အိပ်ယာနိုးထ .. ဓါးသွေးကြလော့ ..
မြန်မာ့အလှ .. ကာကွယ်ကြလော့ ..
တိုင်းတစ်ပါးရန် .. တွန်းလှန်ကြလော့ ...


မျိုးချစ်မြန်မာ 


(ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု အတွက် အမိမြေကို ကာကွယ်ကြစေလိုသော ဆန္ဒဖြင့် ရေးသားသည်။)




မှတ်ချက်။ ။

ကျွန်တော် အရမ်းမခံစားရဘဲ ကဗျာ ရေးလို့မရပါဘူး။

ဒီကဗျာ ကိုရေးနေရင်း ...
ကြက်သီးတွေ ထလာ ...
ပါးနားတွေ တောင့်တင်းမာကြောလာ ...
မျက်ရေတွေ မရပ်မနား စီးကျ လာ ခဲ့လို့ တော်တော်လေး အချိန်ယူရေးခဲ့ရပါတယ်။

ကျွန်တော်တို့ဟာ အစဉ်အလာကြီးခဲ့တဲ့ လူမျိုးတွေ ဖြစ်တယ်။
ဘယ်တုန်းကမှ ဘယ်နိုင်ငံကိုမှ ဒူးမထောက်ခဲ့တဲ့ အညံ့မခံခဲ့တဲ့ လူမျိုးတွေ ဖြစ်တယ်။

လျှပ်စစ်ဓါတ်တွေ ခဲယမ်းမီးကျောက်တွေ ကြိုးမဲ့ဆက်သွယ်ရေးစနစ်တွေ ကို သုံးနိုင်နေပြီဖြစ်တဲ့ ကျူးကျော်သူ စစ်တပ်ကြီးတွေကို 
ဓါးတွေ နဲ့ တုတ်တွေ နဲ့ ခုခံချေမှုန်းခဲ့တဲ့ ...
ဗြိတိသျှ နဲ့ နေမဝင် အင်ပါယာကြီးတွေကို အကြီးအကျယ် ခေါင်းခဲသွားစေခဲ့တဲ့ ...
ရဲရဲတောက် အာဇာနည်မျိုးတွေ ဖြစ်တယ်။ ...

ခုလဲ သမိုင်းက သွေးကြွေးတောင်းနေပြီ ...

ရခိုင်ကမ်းရိုးတန်းဟာ မြန်မာ့ ပိုင်နက်ဖြစ်တယ်။ ...

ကုလားပြည်ကို ဘာအတွက်မှ ဖဲ့ပေးစရာမလိုဘူး။ ...

ကျွန်တော်တို့ စည်းလုံးရမယ် ...
သတ္တိရှိရမယ် ...
ခုခံတိုက်ထုတ်ရဲရမယ် ...

ဘာဖြစ်လို့လဲ ဆိုတော့ ...

ကျွန်တော်တို့ အားလုံး မြန်မာတွေ ဖြစ်နေလို့ပါဘဲ။ ။ ။ 


မျိုးချစ်

0 comments: