Wednesday, May 23, 2012

" ဓါး ရဲ့ မာန "





" ဓါး ရဲ့ မာန "


တစ်ကယ်လို့ ငါသာ
ဘဝတစ်လျှောက်
သွေးသောက်ခွင့်မရခဲ့တဲ့
အသုံးမဲ့ ဓါးတစ်ချောင်းသာ
မလွှဲသာ ဖြစ်ခဲ့မယ်ဆိုရင်ပေါ့


ပရိသတ် အလိုကျ 
မောဟ ဇတ်ခုံပေါ်
သံချေးတော် ထူလဗွ
ခပ်တုံးတုံး အသွားတစ်စနဲ့
သုံးမရမယ့် ဓါးတော့ 
လုံးဝ မဖြစ်ခဲ့ချင်ဘူး


အချိန်တိုင်း သွေးနေခဲ့သမျှ
သွေးနေရင်း တောက်ပ
အသွေးလွန်ပြီး ကျိုးကျ
လုံးဝကို မသုံးခဲ့ရတဲ့ 
သိပ် ထက်ရှတဲ့ ဓါးတစ်ချောင်းဘဲ ဖြစ်ခဲ့ချင်တယ်။


မျိုးချစ်မြန်မာ

0 comments: