Saturday, May 31, 2008

ဘဝရဲ့မုန်တိုင်း

Storm Of Life by myochitmyanmar

ရေးသားတီးခတ်သီဆိုသူ - မျိုးချစ်မြန်မာ

" ဘဝရဲ့မုန်တိုင်း "


ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ
ဆင်းရဲခြင်းများနဲ့ ခါးစည်းနေ့တွေဖြတ်သန်းခဲ့ လောကဓံဒီဘဝထဲ
မှားယွင်းမွေးဖွားခဲ့ နှုတ်ဆက်ရက်ကို ကြိုနှင့်လို့ ဖြစ်တည်နေထိုင်ခဲ့
လောကရဲ့လှည့်ကွက် ရက်စက်လွန်းစွာ ဝင်ရောက်ခဲ့ ခုခံနိုင်စရာမဲ့

ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်

လူးလွန့်လှုပ်ခတ်ဖို့ မရတော့တဲ့ဒီအချိန်လေးရယ် ဟစ်အော်သံတွေနဲ့
ဖုံးလွမ်းသွားခဲ့တဲ့ ရေလှိုင်းရဲ့အောက်မှာ ကျန်ခဲ့တဲ့ ကလေးတွေငိုနေဆဲ
လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေလွင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်

သွေးပျက်ကြောက်လန့်လို့ နိုးထခဲ့အိပ်မက်ဆိုးရယ် အကျည်းတန်နာကျင်ဆဲ
လှိုင်းများဖုံးလွမ်းခဲ့ သောကဝိဥာဉ်မြို့များရယ် ဟစ်အော်ဆူညံဆဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သူကြိုးစားခဲ့တာ အကုန်လုံးလဲ ကောင်းကင်လိုကြေကွဲခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သူရင်းနှီးခဲ့တာတွေအားလုံး မျက်ရေမှာနစ်မျောခဲ့တယ်

SOLO

လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေလွင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်
ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ…..



မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်
ရေးသားတီးခတ်သီဆိုသူ - မျိုးချစ်မြန်မာ

Timbaland ၏ Apologize မှ Body Frame ကို အနည်းငယ်အခြေခံထားပါသည်

17 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

It's very touching song.

It would be more touched and grip to the heart if u create with video footage which is related with your lycris. Then to submit in Youtube would be awesome that people can watch it.

It would be really nice to see with video. If u could please try....,

Thanks!!
SMNTL

Anonymous said...

nice.. it's almost a pop song. can't you make it into a mtv?

you have a good singing voice

Anonymous said...

ကိုမျိုးချစ်ရေသီးချင်းကိုနားဆင်ပြီးခံစားရတယ်ဗျာ။ ကျွန်တော်ဘလောက်မှာတင်ထားလိုက်ပြီး။ခွင့်တောင်းနောက်ကျတဲ့အတွက်ခွင့်လွှတ်ပါ
မင်း

Anonymous said...

I love this song!!

If you upload it on youtube, I am ready to link on my blog as well and let everyone else know.

Please really let me know if the vid is available to be put on my site.

Thanks!!
Kaung

Anonymous said...
This comment has been removed by the author.
Anonymous said...

ကိုမျိုးချစ်

နားထောင်ရပြီဗျာ၊ တော်တော်လေး download လုပ်လိုက်ရတယ်။
အရမ်း ရသမြောက်ပါတယ်၊ melody ရော စာသားတွေရော ဆွဲဆောင်မှု အပြည့်နဲ့ နားထောင်ရတဲ့အတွက် လေဘေးသင့် ဒုက္ခသည် များကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်၊ ကျနော်က ဒီဒုက္ခများအားလုံးရဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူတစ်ယောက်မဟုတ်လို့ သူတို့ကိုယ်စားပြောခွင့် ရှိ/မရှိမသိပေမဲ့ သူတို့ အတွက်ပြောပေးတာလို့ဘဲ သဘောထားပါဗျာ။

ကျနော်အလုပ်လုပ်နေတဲ့ အခု ကုမ္ပဏီက လေဘေး/ရေဘေးကြောင့်ဒုက္ခအတိရောက်နေကြရတဲ့ သူတွေအားလုံးရဲ့ ရှေ့ရေးအတွက် ထိရောက်တဲ့ donation တစ်ခုလုပ်ဖို့ ညှိနှိုင်းနေပါတယ်၊ အစိုးရနဲ့လဲ မပတ်သက်၊ NGO တွေနဲ့လဲ မပတ်သက်၊ UN နဲ့လဲ မပတ်သက်ပါဘူး၊ ကျနော်တို့ သီးခြားလုပ်မှာပါ။

လုပ်ဖြစ်တဲ့နေ့မှာ ဒုက္ခသည်တွေရဲ့ကြားကို ကိုမျိုးချစ်ရဲ့သီချင်း "ဘဝရဲ့မုန်တိုင်း" ကို ဘေးဒုက္ခ ခံစားနေကြရသူများ နားထောင်လို့ရအောင် ကျနော်လုပ်ချင်ပါတယ်၊ ဘယ်လိုလဲဆိုတာတော့ အကြံမရသေးပါဘူး၊ လုပ်ဖြစ်ရင် ကိုမျိုးချစ် လုပ်ခွင့်ပြုပေးပါလို့ request လုပ်ချင်တာပါ။

ကျေးဇူးအထူးတင်လျက်

maricopa

Anonymous said...

Very very nice song. I am really proud of you. I was away from the office since two months ago and I just came back from south america. I miis all of you from C-box. Say hello to them and will be back soon in C-box.
Yar Zar

Anonymous said...

ko myo chit da kal bie song ka ya tha myaut par dal.....nuck htet lae` poe pay bar oo...dar nae` ko myo chit ka song sat tar da kal bie ya tha myaut tal....ah yan lay sar mi dal byar....nuck htet lae` poe pay bar oo byar............

FreedomFighter88 said...

ရင်ထဲကခံစားချက်တွေကိုနှလုံးသားနဲ့ ဖွဲ့ ဆိုလိုက်တဲ့သီချင်းလေးမို့ အလွမ်းရသမြောက်သွားပါတယ်၊ ဒီသီချင်းလေး မိုင်ထောင်ချီဝေးတဲ့အရပ်ဆီကနေဘ၀တွေပျောက်ဆုံးသွားရတဲ့သူတွေဆီဧရာဝတီနဲ့ အတူထာဝရစီးဆင်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်၊၊
Freedomfighter88

Anonymous said...

Such a touching song! Thanks for the great effort!

Anonymous said...

ဟယ်လို ကိုမျိုးချစ်......

သီချင်းနားထောင်ပြီးရင်ထဲမှာတော်တော်ခံစားရတယ်..ကိုမျိုးချစ်ရဲ့ဖန်တီးမှုနဲ့ ခံစားချက်ကိုလည်းလေးစားပါတယ်..နောက်ဒီထက်ပိုပြီးကိုမျိုးချစ်ရဲ့ ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်ပါစေလို့
ဆုတောင်းပေးပါတယ်........

Anonymous said...

Dear brother,
please send for me second song also.
Thanks you so much and I'm so appreciate for your work and well done.
our myanmar will get freedom soon

thanks and best regards,
kyaw

Anonymous said...

အရမ်းမိုက်တယ်ဗျာ။ စာသားရော သံစဉ်ရော ဆိုထားတဲ့ စတိုင်ရော...။

Anonymous said...

ကိုမျိုးချစ်ရေ သီချင်းစာသား ခံစားချက်ကိုထိတယ်ဗျာ၊ သံစဉ်စာသားက ရုပ်ဒြပ်ညီတယ်၊ ဆရာဦးဝင်းဖေ လက်ခံနိုင်တဲ့ သံစဉ်နဲ့ အကြောင်းအရာ သီဖွဲ့မှုမျိုးပါပဲဗျာ

Anonymous said...

This song is very touching.. Impressive of the songs as well as all the information here and all the picture created. On top of that attitude of the song is great.

I would request to get permisson to down load that song and post to my personal bolg.

Thank you

Anonymous said...

hi!
i love your song very much and it is very heart breaking because of everything in the song is true. thank you for your song on behalf of my lovely burmese people specially nargis cylone victim.
thida

Bagothu said...

hi!
i love your song very much and it is very heart breaking because of everything in the song is true. thank you for your song on behalf of my lovely burmese people specially nargis cylone victim.
thida