Showing posts with label Music. Show all posts
Showing posts with label Music. Show all posts

Thursday, April 25, 2013

" တုံ့ပြန်မှုကင်းသော "


"The Unreturned"

Lyrics, Music, Instruments - Myo Chit Myanmar

Vocals & Harmonies - Myo Chit Myanmar
Sound Engineer - Myo Chit Myanmar
Producers - Myo Chit Myanmar & Sawng Hnin Pwint

Property of Myo Chit Myanmar HD Media Production.
ALL RIGHTS RESERVED.



" တုံ့ပြန်မှုကင်းသော "

သံစဉ်/စာသား/တီးခတ်/သီဆို - မျိုးချစ်မြန်မာ
ထုတ်လုပ်သူ - မျိုးချစ်မြန်မာ + ဆောင်းနှင်းပွင့်

Intro - F | F♯dim | Gm | C7

B♭        C7 Am           Dm  
မိုးလင်းတာနဲ့ တွေ့လိုက်ရင်ဘဲ
Gm         C7              F  F♯dim
နင့်ရုပ်မြင် အန်ချင်တယ်တဲ့
B♭           C7  Am                     Dm 
ဝိုင်းဟားနေကျ အပေါင်းအသင်းတွေထဲ
Gm            C7          F      F♯dim
အမြဲခေါင်းငုံ့ ငါခွင့်လွှတ်တယ်။

တစ်ခုခုလိုမှ သတိရတာလဲ
သိရက်ငါ ကြည်ဖြူပါတယ်
မင်းခိုင်းစေသမျှ လုပ်ခဲ့ပေမယ့်
အမြဲငါ့ကို အပြစ်ပြောတတ်တယ်

B♭            C7 A                Dm
အခါခါ တွေးလဲ ငါ့ ... အပြစ်နဲ့ ငါပါဘဲ
Gm           C7           F
မင်းလေးကို မငြိုငြင်ဘူးကွယ် ...
B♭                 C7   A                   Dm 
နာကျင် ... ဝမ်းနည်း တိုးတိတ် .. ဒီ အမှောင်ထုထဲ ..
B♭           G                C7
မင်းပြုံးတာဘဲ .. တွေ့ချင်တယ် ....

မင်းရဲ့ကောင်လေး ဖုန်းမဆက်တာနဲ့
ငါ့ဖုန်းတွေ ဆူညံလာတယ်
တခွန်းလောက်ဟိုက ချော့လိုက်တာနဲ့
မင်းဖုန်းကို ပိတ်ထားတတ်တယ်

မင်းနဲ့ငါ့အရေး တစ်ချို့ကလာမေး
ငါ့အဖြစ်ကို မရှက်ဘူးလားတဲ့
မေးခွန်းတွေထဲ ဆို့နင့်ပေမယ့်
အေးဆေးပါ သူငယ်ချင်းလေးရယ်

(SOLO) 

V2 | V3 

CHO: 

V1 + (Gm | C7 | F | F♯dim) 3              
အမြဲငါ့ကို အပြစ်ပြောတတ်တယ်
မင်းဖုန်းကို ပိတ်ထားတတ်တယ်
အေးဆေးပါ သူငယ်ချင်းလေးရယ် ...

<3 <3 <3 <3 <3

ထာဝရမေတ္တာဖြင့်

မျိုးချစ်မြန်မာ

Tuesday, October 30, 2012

" မျက်လှည့် "


ဝိုင်းစုခိုင်သိန်းရဲ့ " မျက်လှည့် " MTV


Also Available  HERE

Tuesday, June 19, 2012

" မျဉ်းပြိုင်ပေါ်က ချစ်သူနှစ်ဦး "


" Paralell Lovers "

Lyrics, Music, Instruments - Myo Chit Myanmar
Vocals & Harmonies - Myo Chit Myanmar & Thet Thet Htun Win
Sound Engineer - Myo Chit Myanmar
Producers - Myo Chit Myanmar & Sawng Hnin Pwint

Property of Myo Chit Myanmar HD Media Production.
ALL RIGHTS RESERVED.



" မျဉ်းပြိုင်ပေါ်က ချစ်သူနှစ်ဦး "

သံစဉ်/စာသား/တီးခတ် - မျိုးချစ်မြန်မာ
တေးဆို - မျိုးချစ်မြန်မာ + သက်သက်ထွန်းဝင်း
ဟာမိုနီ - မျိုးချစ်မြန်မာ + သက်သက်ထွန်းဝင်း
ထုတ်လုပ်သူ - မျိုးချစ်မြန်မာ + ဆောင်းနှင်းပွင့်
______________________________________________

INTRO:

V1
မတူညီတဲ့ အသိုင်းအဝိုင်း နှစ်ခုကြားမှာ ..
ကြိုတင်စည်း ခြားထားတဲ့ကြားက
နင့်ကိုမှ ဘာ့ကြောင့်များ ..
တွေ့တာနဲ့ ချစ်မိသွား ..
ငါ့စိတ်တွေ အံ့သြစရာ ...

V2
လွန်ဆန်ဖို့ ကျိုးစားထဲ့ကြားက ..
မရှောင်နိုင်ဘူး နှလုံးသားကခေါင်းမာ
အချစ်ကို အားကိုးရမလား ..
အသိကို ခေါင်းငြိမ့်ရမလား ..
တွေးရင်း ငါ လှိုက်မောလာ ...

CHO:    အဖေအမေတွေရဲ့ တင်းကြပ်လွန်းတဲ့ မေတ္တာ
            လူငယ်တွေက ချစ်စိတ်တစ်ခုနဲ့ ခေါင်းမာ
            ဂုဏ်ငွေတွေ ရဲ့ ခြားနားမှုနောက်မှာ
            ငါတို့ ဝေးသွားရမှာလား ........

           ဘာသာလူမျိုး ဝိုင်းခွဲခြားတဲ့ကြားမှာ
           တူညီနေတဲ့ အနှိုင်းမဲ့ တို့ မေတ္တာ
           ကျန်တာဘာမှ မတွေးခဲ့တာ တို့နှစ်ယောက်မှားနေလား

V3
ဘယ်လိုလုပ်မလဲ စဉ်းစားမိတိုင်းမှာ ..
တူတူမခွဲ ထားခဲ့တဲ့သစ္စာ
တို့ အနာဂါတ် တို့ ဘဝများ ..
တခြားသူ ဆုံးဖြတ်မှာလား
အဓိဟာ နင် နဲ့ ငါ ...

V4
သေချာတွေး တို့လျှောက်ရမယ့်လမ်းမှာ ..
ရင်ဆိုင်ဖို့ အဓိက တို့နှစ်ယောက်ပါ
ဘေးလူကပြောတဲ့စကား ..
တို့အဖြေဖြစ်တော့မှာလား ..
ငါ့ အချစ်ကို ယုံစမ်းပါ ...

CHO:


SOLO:


V 2

V 3

(CHO:) 2

FADE OUT





___________________________________________


မိတ်ဆွေတွေကို ပြောပြချင်တာလေးတွေ ပြောပြပါရစေ။

ဒီသီချင်းလေးဟာ ကျွန်တော် ငယ်စဉ်အခါထဲက ရင်ထဲမှာ မွေးဖွားခဲ့ပြီးသား သီချင်းလေး ဖြစ်ပါတယ်။

ဒီသီချင်းလေးကို ရေးဖြစ်ခဲ့တဲ့ အဓိကတွန်းအားက ကိုငှက်ကြီးရဲ့ ကာရန်မညီသောဆိုတဲ့ သီချင်းလေးပါ။

ဘယ်တော့ နားထောင်ထောင် အသက်ဝင်နေတဲ့ သီချင်းလေးပါ။
ဒါပေမယ့် သီချင်းထဲမှာ ကျွန်တော် ဖြည့်စွက်ချင်ခဲ့တဲ့ လိုအပ်ချက် နှစ်ခု ကျန်နေခဲ့ပါတယ်။


အရမ်းကို အဓိက ကျတဲ့ မတူညီတဲ့ အားပြိုင်မှု တွေရဲ့ အရင်းခံ ဖြစ်တဲ့ စည်းစိမ်ဓန နဲ့ ဘာသာ မတူညီတာကိုဘဲ သူက ရေးဖွဲ့ခဲ့ပါတယ်။

ဂီတ အစည်းအရုံး ရဲ့ ပေါ်လစီတွေကြောင့်လဲ မဟုတ်ခဲ့ပါဘူး။
သူခံစားရတဲ့အတိုင်းဘဲ သူရေးခဲ့တာပါ။

ကျွန်တော့် အတွေးထဲမှာ ချစ်သူတွေ ဟာ ဘာလို့ မပေါင်းရတာလဲဆိုတာတွေရဲ့ အဓိက အရင်းမြစ်ကို တွေးကြည့်တတ်လာတဲ့အရွယ်မှာ ...

မြန်မာပြည်မှာ ဘာသာနဲ့ ချမ်းသာကြွယ်ဝမှု မတူတာနဲ့ တင်မက အသားအရောင် (လူမျိုး) ဆိုတာတွေ မတူတာနဲ့တင် မဟုတ်ဘဲ ...

တိုင်းရင်းသား ဆိုရင်တောင် လူမျိုးမတူတာ ကြောင့် မိဘ တွေက ခွဲကြတာတွေ ကြားသိမြင်လာတဲ့အခါမှာ ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်ခဲ့ဖူးပါတယ်။


ဒါကြောင့် ကျွန်တော် ဒီသီချင်းလေးရေးဖြစ်ခဲ့တာပါ။

ဒါပေမယ့် ကျွန်တော် လောလောဆယ် ဖြတ်သန်းနေရတဲ့ မြန်မာပြည် ရဲ့ အခြေအနေအရ ကျွန်တော် မဖြန့်ချီရက်ခဲ့ပါဘူး။

ကျွန်တော့် သီချင်းမှာ လူမျိုးတွေ ဘာသာတွေ အဆင့်အတန်းတွေ ပါနေတယ်။
ကျွန်တော် ရည်ရွယ်တဲ့ နေရာက လွဲသွားကြမှာစိုးတယ်။

ဒီတော့ ကျွန်တော် ယောကျာ်းတစ်ယောက် ရဲ့ သိက္ခာ နဲ့ သစ္စာ အရ အတိအလင်းပြောပြပါ့မယ်။

ကျွန်တော့် သီချင်းဟာ မြန်မာနိုင်ငံသားစစ်စစ် တွေ ထဲက မတူညီတဲ့ ယုံကြည်မှုတွေ ကိုးကွယ်မှုတွေ နဲ့ ရပ်တည်နေတဲ့ မြန်မာတွေ အတွက် ဘဲ ရည်ရွယ်ပါတယ်။

အဲ့ထဲမှာ တိုင်းရင်းသားတွေ အကုန်ပါတယ် ။
မြန်မာပြည်ဖွား တရုပ်တွေ ပါတယ် ။
မြန်မာပြည်ဖွား ကုလား တွေ ပါတယ် ။

ဒါပေမယ့် ....

Rohingyas လို့ခေါ်တဲ့ ဘင်္ဂါလီ မျိုးမစစ်တွေ မပါဘူး။ ...

ဟုတ်ကဲ့ ထပ်ပြောမယ်နော် ။ ။ ။
ကျွန်တော့် သီချင်းရဲ့ ရည်ရွယ်ချက်မှာ အကြမ်းဖက် ကျူးကျော်နေတဲ့ ဘင်္ဂါလီ ကုလားတွေ မပါဘူး ။


ကျွန်တော် ရန်ကုန်မှာ ငယ်ငယ်တုန်းက အနေအများဆုံးဟာ ၃၆ လမ်း နဲ့ မဂိုလမ်းကြားမှာပါ ။

ကျွန်တော့် မှာ ကုလားသူငယ်ချင်းတွေ ရှိတယ် ။
ကျွန်တော် မြန်မာ ကုလားတွေ ကို မမုန်းပါဘူး ။

ဒါပေမယ့် ကျွန်တော့် တိုင်းပြည် နဲ့ လူမျိုးတွေကို လာကျူးကျော် စော်ကားနေတဲ့ ဘင်္ဂါလီကုလားတွေကို လုံးဝ မုန်းတီး ရွံရှာစွာ ဆန့်ကျင်တယ် ။

ရခိုင်တွေ အတွက် .. မြန်မာ တွေအတွက် .. ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး ။

အဲ့ဒါ ကျွန်တော့် ရဲ့ သစ္စာစကားပါဘဲ ......

ကဲပါလေ ...

သီချင်းလေးကို နားထောင်ကြည့်ကြပါ ...

:)


အမိမြေနှင့် လူမျိုးအတွက် ထာဝရ မေတ္တာဖြင့် ...


မျိုးချစ်မြန်မာ


FaceBook - https://www.facebook.com/notes/myo-chit-myanmar/မျိုးချစ်မြန်မာ-ကိုယ်ပိုင်သံစဉ်-သီချင်းသစ်-မျဉ်းပြိုင်ပေါ်က-ချစ်သူနှစ်ဦး-/401909009844236

Friday, May 18, 2012

" စစ် နှင့် ငြိမ်းချမ်းရေး "







ညဆိုအမြဲ ကြောက်ရွံ့ဆဲ အိပ်မပျော် တုန်လှုပ်ခြင်းများထဲ
ဗုံးတွေကွဲ သေနပ်သံထဲ အနားမှာ အဖေအမေလဲ မရှိခဲ့
ကလေးလေးတွေရယ် ကြောက်လန့်နေတယ်
ညညဆို ကျိတ်ပြီးတော့ မျက်ရေဝဲ

နိုးလာခဲ့ မနက်တွေလဲ ညအချိန်အိမ်ပြန်ရောက်ဖို့ရယ်
မသိပေမယ့် အပြုံးတွေနဲ့ ဖုံးကွယ် ဟန်ဆောင်နှုတ်ဆက်ခဲ့
သိနှင့်နေတယ် ပြောမထွက်နိုင်တယ်
နှလုံးသားတွေ ကြေကွဲရင်း ကျွမ်းလောင်ဆဲ

CHO:  စစ်တစ်ခုဖြစ်တာနဲ့ အရင်ဆုံးပေးဆပ်ရတာ အပြစ်မဲ့တဲ့ ကလေးတွေ ဆိုတာ ပြန်စဉ်းစားသင့်တယ်
          မရက်စက်ကြပါနဲ့ ရှင်းသန့်တဲ့ အိပ်မက်တွေ လှပတဲ့ ဖူးပွင့်ခွင့်လေးတော့ ပေးသင့်ပါတယ် ...

အလင်းရောင်မဲ့ အနာဂါတ်တွေထဲ ဖေးကူဘယ်သူလမ်းပြမလဲ
မသိနိုင်ခဲ့ အားအင်မဲ့ နေ့တွေ ကျော်ဖြတ်ရင်းနဲ့ဘဲ
မွန်းကျပ်နေတယ် ဆို့နင့်နေတယ်
တို့ဘဝတွေ ဘယ်လိုရှေ့ဆက်ရပါ့မလဲ ...

CHO:
SOLO:

နိုးလာခဲ့ မနက်တွေလဲ ညအချိန်အိမ်ပြန်ရောက်ဖို့ရယ်
မသိပေမယ့် အပြုံးတွေနဲ့ ဖုံးကွယ်ဟန်ဆောင်နှုတ်ဆက်ခဲ့
ကလေးလေးတွေရယ် ကြောက်လန့်နေတယ်
ညညဆို ကျိတ်ပြီးတော့ မျက်ရေဝဲ

CHO:
CHO:
CHO: & FADE OUT:


(ကလေးငယ်တစ်ဦး)


မေမေ ... မေမေရော .... မေမေ .....


(စကားပြော)

စစ် ဆိုတဲ့ အရာတိုင်းဟာ ...
လူကြီးတွေ ရဲ့ မိုက်မဲမှု ကနေ စတင်ပြီးတော့ ...
ကလေးတွေရဲ့ ပေးဆပ်ရခြင်းနဲ့ အမြဲ အဆုံး သပ်ခဲ့ပါတယ် ...
ကျွန်တော်တို့ စစ်မဖြစ်လို့မရဘူးလားဗျာ ...
စစ်မဖြစ်လို့မရဘူးလား ...........

..............................................................................


ခုလို နားဆင်ပေးတာ ကျေးဇူးပါနော်။

ကျွန်တော် တစ်ပါတ် နီးပါး ကျိုးစားဖန်တီးခဲ့ရတဲ့ သီချင်းလေးဖြစ်ပါတယ်။

လတ်တလော ကချင်ပြည်ရဲ့ နယ်စပ်ဒေသတွေ
 မှာ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ မြန်မာ နဲ့ ကချင် စစ်ပွဲတွေကြားထဲ သိန်းနဲ့ချီပြီး ခိုကိုးရာမဲ့နေရှာတဲ့ တိုင်းရင်းသားကလေးလေးတွေ အတွက် ထိခိုက်ကြေကွဲမှုတွေရဲ့ တွန်းအားကြောင့် လျှံကျလာတဲ့ သံစဉ်လှိုင်းတွေကို ပုံဖေါ်ထားတာပါ။

ကျွန်တော့် ရင်ထဲက မျက်ရေ နဲ့ ရေးထားတဲ့ သံစဉ် ပန်းချီကားလေးကို ဝိုင်းဝန်း ပုံဖေါ်ပေးခဲ့ကြတဲ့ တိုင်းရင်းသား ညီအကို မောင် နှမ အားလုံးကို ကြီးမြတ်သော ဘုရားသခင်အားလုံး က ကလေးတွေ ရဲ့ ကိုယ်စားကောင်းချီးပေးကြပါစေလို့ ကျေးဇူးတင်စွာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

လူသားချင်း စာနာ နိုင်ကြပါစေ။
အမိမြေ ထာဝရ ငြိမ်းချမ်းပါစေ။
ကလေးတွေတိုင်း ပျော်ရွှင်စွာ ကြီးပြင်းခွင့် ရရှိနိုင်ကြပါစေ။


ရန်သူ ဘဲ ဖြစ်ခဲ့ဖူးပါစေ ..
လူကတော့ အသစ်ဖြစ်မလာပေမယ့် ...
သူ့ဖက်က မူသစ် စိတ်သစ် တစ်ကယ်ဖြစ်လာပြီဆိုရင်တော့ ....
ကိုယ့်ဖက်ကလဲ နှလုံးသားအသစ် နဲ့ နားလည်လက်ခံပေးနိုင်ကြစေချင်တယ် .....


ထာဝရ မေတ္တာဖြင့်

မျိုးချစ်မြန်မာ





မူရင်း

(BLOG) - http://myochitmyanmar.blogspot.com/2012/05/blog-post.html


(Sound Cloud) - http://soundcloud.com/myochitmyanmar/war-peace-1


(My Space) - http://www.myspace.com/myochitmyanmar/music/songs/war-peace-87778386



" WAR & PEACE "

Lyrics, Music, Instruments, Main Vocals & Harmonies - 
Myo Chit Myanmar (Myanmar + Mon + Shan + Rakhine)
Sound Engineer & Producer - Myo Chit Myanmar
Assistant Producer - Sawng Hnin Pwint (Myanmar + Shan + Karen)
Music Consultant - Daniel Saw (Myanmar + Shan + Karen)
Technical Consultant -  Moe Kyaw Pyi Soe (Myanmar + Mon + Karen)

Back Up Vocalists
Maureen Seng Mai (Ka Chin)
Grace Hla (Myanmar + Mon + Karen)
Joshua Andrews (Myanmar + Mon)
Moe Kyaw Pyi Soe (Myanmar + Mon + Karen)

Girl's Voice
Yun Nadi Maung (Myanmar)

Recorded @ Myo Chit Myanmar HD Media Production.
California, USA.


I dedicated this song to all children around the world who are suffering from WARS.

LET'S STOP THE WARS!
LET'S BUILD THE PEACE!


Help me help those innocent children who are victims of adults' foolishness.


Together, we can make the world a better place for all children.

ALL WARS NEED TO BE STOPPED NOW.

Please share if you love children.

Click HERE to DOWNLOAD.



Notice to all professional medias and journalists,

Feel free to use my song on your media for PEACE AWARENESS ONLY.
Un-Authorized & Improper users, re-selling and charging for any cause can and will be persecuted under
INTERNATIONAL LAWS OF COPYRIGHTED WEB MEDIA CONTENTS.



Forever With Love,


Myo Chit Myanmar

Sunday, April 1, 2012

" ဒေါင်းတံဆိပ်ရဲ့ဘေး " (VOTE 4 NLD)



" VOTE 4 NLD "

Lyric, Melody, Vocal, Harmony, Composed, Engineered & Produced By Myo Chit Myanmar

Myo Chit Myanmar HD Media Production


California, USA


သံစဉ်စာသား - မျိုးချစ်မြန်မာ

မျိုးချစ်မြန်မာ Studio တွင် ဖန်တီးသည်။




Find more songs from Myo Chit Myanmar


" ဒေါင်းတံဆိပ်ရဲ့ဘေး "


၈၈ ရဲ့ မျိုးဆက်လူသားများ
သွေးနဲ့ရင်းပြီးခင်းခဲ့ရတဲ့ ဒီလမ်းမမှာ
မြင်နေပြီရောင်နီရဲ့ အလင်းများ
တို့လက်တွေ တွဲလို့မြဲလို့ ရှေ့ဆက်ခြေလှမ်းများ
ခါးသီးတဲ့ အိပ်မက်ဆိုးတွေထဲကပြန်နိုးထ
သူငယ်ချင်းရေ ပြတင်းပေါက်တွေကို ခု ဖွင့်ကြည့်လိုက်ပါ

ဟိုမှာ လာနေပြီ ခွပ်ဒေါင်းများ
တူညီနေ ရင်ခုန်သံ လမ်းမမှာ
နိုင်ငံတော် မဟာအနာဂါတ်ကြီးက
မင်းရဲ့လက်ထဲကရှိနေတဲ့ အဲ့ဒိမဲလေးမှာ
ဒေါင်းတံဆိပ်ရဲ့ဘေးက မင်းလက်နဲ့အမှန်ခြစ်လိုက်ပါ

ချို့တဲ့လွမ်းတဲ့ တပ်မတော်သားများ
နွမ်းပါးစွာ အထက်ကအမိန့်ကို ကြောက်လိုက်ရတာ
မဆီမဆိုင် ဟိုလူတွေသာကြီးပွား
တွေးကြည့်ပါ ခင်ဗျားတို့ အိပ်မက်များက ဒီတိုင်းလား
ခေါင်းမော့ကာ အေးအေးဆေးဆေး သေနပ်ချကာစဉ်းစား
ဗိုလ်ချုပ်သာ ဘေးနားရှိရင် တောက်ခေါက်လိုက်မိမှာ

CHO:

SOLO:

တိုင်းရင်းသားတွေ သွေးကွဲနေသေးလား
ပေးခဲ့ဗိုလ်ချုပ်ရဲ့ကတိတွေ အမြဲတမ်းပြန်သတိရပါ
တစ်ချိန်မှာ တူညီတဲ့အခွင့်အရေးများ
ရရှိအောင် အပြောထက်အလုပ်ကိုအမြဲတမ်းတန်ဖိုးထား
သူ့ဘဝကို အမျိုးသားရေးအတွက် စတေးခံရင်းထား
အမေစု ကို စိတ်ချလက်ချ မဲပေးမှဖြစ်မှာ

CHO:

CHO:

Wednesday, September 21, 2011

3rd Annual Fundraising Concert for Orphans of Burma - BY - 3HIRD MEDIUM



Please click HERE to go to original site.

Saturday, September 3, 2011

" ပျင်းတယ် "


Model - Thar Thar
Photo - Myo Chit Myanmar


ကျွန်တော့် ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်း အသစ်လေး တစ်ပုဒ်ပါ
" ပျင်းတယ် " လို့ အမည်ပေးထားပါတယ်   
ဘာညာကွာစိ တွေ မရှင်းပြတော့ပါဘူး
ရှင်းပြရမှာ ပျင်းလာလို့ပါ
သီချင်းလေး နားထောင်ပြီးရင် နားလည်ကြမယ် ထင်ပါတယ်
:P  

Tuesday, August 9, 2011

Just The Way You Are



" Just The Way You Are "

Artist - Bruno Mars

Website: http://www.brunomars.com/
Directed by Ethan Lader
Inspired by the artwork of Erika Iris Simmons.


The most beautiful Pop/Rock songs about a girl, I have heard in 2000's .

Bruno,

You are amazingly talented.

Thank You so much for creating such brilliant songs for us.


M.C

" သူငယ်ချင်းလေး "



" သူငယ်ချင်းလေး "


" သူငယ်ချင်းလေး "

Director - မိုက်တီး
တေးရေး - ရှီနို
တေးဆို - ဥာဏ်လင်းအောင် (ငစား)
သရုပ်ဆောင် - ရဲတိုက် သာထက်ပိုင် ယုသန္တာတင်

Burmese Classic မှ ပြန်လည် ကူးယူသည်။  

Sunday, August 7, 2011

" အသတ်ဖြတ်ခံရတော့မယ့် ဧရာဝတီအတွက် .. "


Please click on photo to ENLARGE!

Watch ON YouTube





Watch ON FaceBook





" အသတ်ဖြတ်ခံရတော့မယ့် ဧရာဝတီအတွက် .. "

ခံစားရေးသားသူ - မျိုးချစ်မြန်မာ


တမလွန်က ကိုငှက်ကြီးသာ ..
ခုအခါထိ အသက်ရှိနေသေးခဲ့ရင် ....


ခုလောက်ဆို..

Saturday, July 9, 2011

" New Divide "

ကမ္ဘာကျော်အမေရိကန်ရော့(ခ်) ဂီတအဖွဲ့ Linkin Park ကို 1996 ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပါတယ်။

2000ပြည့်နှစ်မှာ စတင်ထုတ်လုပ်တဲ့ အဖွဲ့ရဲ့ ပထမဆုံး အယ်လ်ဘမ် Hybrid Theory နဲ့ နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားလာပါတယ်။

Linkin Park ရဲ့ သီချင်းတွေဟာ nu metal ၊ rap metal ၊ modern rock အမျိုးအစားတွေဖြစ်ပြီး တစ်ခြားအဖွဲ့တွေနဲ့ ကွဲပြားတဲ့ပုံစံနဲ့ ဖောက်ထွက်ခဲ့ကာ ဂီတလောကကို တစ်ခေတ်ဆန်းသစ်စေခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အောင်မြင်မှုအရှိဆုံး ဂီတ အဖွဲ့တွေထဲမှာပါဝင်တဲ့ Linkin Park ဟာ

Hybird Theory (2000) ၊
Meteora (2003) ၊
Minutes to Midnight (2007) ၊
A Thousand Suns (2010)

စတဲ့ စတူဒီယိုအယ်လ်ဘမ်လေးခု ထွက်ရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှာ အချပ်ရေ သန်း(50)ကျော် ရောင်းချပြီးဖြစ်သလို ဂရမ်မီဆုနှစ်ခုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဖွဲ့ဝင်တွေကတော့

Chester Bennington (vocals) ၊
Mike Shinoda (vocals,keyboard) ၊
Rob Bourdon (drums) ၊
Brad Delson (lead) ၊
David Phoenix Farrell (bass) ၊
Joe Hahn (keyboard, DJ) တို့ဖြစ်ပါတယ်။

အဖွဲ့ရဲ့အမည် Linkin Park ဟာ သမ္မတကြီးလင်ကွန်းကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ ကယ်လီဖိုးနီးယားက ဆန်တာမိုနီကာအရပ်မှာရှိတဲ့ Lincoln Park ကို ပြောင်းလဲတီထွင် ထားတာပါ။

Linkin Park ရဲ့ New Divide သီချင်းဟာ နာမည်ကြီး Transformers ဇာတ်ကားရဲ့ ဇာတ်ဝင်တေးဖြစ်ပါတယ်။

လျှို့ဝှက်နက်နဲပြီး အဓိပ္ပါယ်ဖမ်းဆုပ်ဖို့ခက်တဲ့ တင်စားချက်တွေ၊ နိမိတ်ပုံဆန်ဆန်စာသားတွေနဲ့ အပြင်းစားပေါက်ကွဲသံစဉ်တွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ New Divide သီချင်းကို သီချင်းခံစားမှုကဏ္ဍအတွက် ရွေးချယ်တင်ဆက်လိုက်ပါတယ်။

သီချင်းဗီဒီယိုကိုတော့ အောက်ပါအင်တာနက် လိပ်စာမှာ ကြည့်ရှု့နိုင်ပါတယ်။



" New Divide " by Linkin Park

I remembered black skies
The lightning all around me
I remembered each flash
As time began to blur
Like a startling sign
That fate had finally found me
And your voice was all I heard
That I get what I deserve

[(So give me reason
To prove me wrong
To wash this memory clean
Let the floods cross
The distance in your eyes)
Give me reason
To fill this hole
Connect this space between
Let it be enough to reach the truth that lies
Across this new divide]
There was nothing inside
The memories left abandoned
There was nowhere to hide
The ashes fell like snow
And the ground caved in
Between where we were standing
And your voice was all I heard
That I get what I deserve

Across this new divide
In every loss in every lie
In every truth that you deny
And each regret and each goodbye
Was a mistake too great to hide
And your voice was all I heard
That I get what I deserve

ပိုင်းခြားမှုအသစ်
လင်ကင်းပါ့(ခ်)

အနက်ရောင်ကောင်းကင်တွေ ငါသတိရ
ငါ့နံဘေးနား လျှက်စီးတွေတောက်ပ
တဖျတ်ဖျတ်လင်းလက်မှုတိုင်း ငါအမှတ်ရ
အချိန်က ဝိုးတဝါးအစပြုလာ
ရုတ်တရက်အံ့အားသင့်စရာတစ်ခုပမာ
နောက်ဆုံးငါ့ကိုတွေ့ရှိတဲ့ ကံကြမ္မာ
ငါကြားသမျှ မင်းရဲ့အသံဟာ
ငါရလိုက်တဲ့ ထိုက်တန်သောအရာ

[(ငါ့ကိုအကြောင်းပြချက်ပေး
 ငါတကယ်မှားယွင်းနေရင်
 ဒီမှတ်ဥာဏ်ကို ဆေးကြောသန့်စင်ဖို့
 ရေပြင်တွေဖြတ်စီးဆင်းစေ
 မင်းမျက်လုံးများထဲက ဝေးကွာခြင်းတွေ)
 ငါ့ကိုအကြောင်းပြချက်ပေး
 ဒီကွက်လပ်ကို ဖြည့်တင်းဖို့
 ဟင်းလင်းပြင်ကို ဖြတ်သန်းဆက်သွယ်
 အမှန်တရားဆီရောက်နိုင်ဖို့
 ပိုင်းခြားမှုအသစ်ကို ဖြတ်ရင်း]

အထဲမှာနတ္ထိဗလာ
အစွန့်ပစ်ခံမှတ်ဥာဏ်များစွာ
ပုန်းကွယ်စရာကင်းမဲ့
ပြာမှုန်တွေနှင်းလိုလွင့်ခဲ့
မြေပြင်ဟာပြိုအက်လာ
ငါတို့နှစ်ဦးရပ်နေရင်းမှာ
ငါကြားသမျှ မင်းရဲ့အသံဟာ
ငါရလိုက်တဲ့ထိုက်တန်သောအရာ

( )

ရှုံးနိမ့်မှုတိုင်းမှာ လှည့်ဖျားမှုတိုင်းမှာ
မင်းငြင်းဆန်တဲ့ အမှန်တရားတိုင်းမှာ
နောင်တနဲ့ လမ်းခွဲမှုတိုင်းဟာ
ဖုံးကွယ်လို့မရတဲ့ အမှားတစ်ခုသာ
ငါကြားသမျှ မင်းရဲ့အသံဟာ
ငါရလိုက်တဲ့ ထိုက်တန်သောအရာ

[ ]


မင်းသက်စံ

Friday, July 1, 2011

တေးသံရှင် ယုဇန မှ Lazy Club Tour (2011) သို့ ဖိတ်ကြားခြင်း


ရုပ်သံ ရိုက်ကူး တည်းဖြတ် - မျိုးချစ်မြန်မာ

Lazy Club တေးဂီတ အဖွဲ့ရဲ့ အမေရိကား ၂၀၁၁ ခရီးစဉ် ကို California ကနေ စတင်လိုက်ပြီဖြစ်ပါတယ်။

ဒီပွဲမှာပါဝင်ဖျော်ဖြေမယ့် ဂီတပညာရှင်တစ်ဦးဖြစ်သူ တေးသံရှင် အဆိုတော် ယုဇန က မျိုးချစ်မြန်မာ မှ တဆင့် ရွှေပွဲလာ ပရိသတ် များ ကို ခုလို ဖိတ်ကြားလိုက်ပါတယ်။



မျိုးချစ်


Wednesday, June 29, 2011

Thursday, July 24, 2008

အကြည့်


တည်းဖြတ် တင်ဆက်သူ - JJ

Wednesday, July 9, 2008

အကြည့် (သို့မဟုတ်) အချစ်မပါတဲ့သီချင်း

ကျွန်တော်ဒီသီချင်းလေးကိုမရေးခင်ထဲက ကျွန်တော့်ရဲ့အတ္တနဲ့ ကျွန်တော် အများကြီးအတိုက်အခံဖြစ်ခဲ့ရပါတယ်

ကျွန်တော်ကအစထဲကအချစ်သီချင်းဘဲရေးတတ်တဲ့ကောင်ပါ
အခုမှ မြန်မာပြည်ကလူတွေကိုသနားလို့ သူတို့အတွက်သီချင်းတွေရေးဖြစ်ခဲ့တာပါ
ဒါပေမယ့်ရင်ထဲကအချစ်သီချင်းတွေကတော့ ရှိနေသေးတယ်
အဲဒါအခုမှဖြစ်လာတာမှမဟုတ်တာ.. မွေးကထဲကဘဲလေ

ဒီကိစ္စနဲ့ပါတ်သက်ပြီးသူငယ်ချင်းတွေနဲ့တိုင်ပင်ကြည့်ဖူးတယ်
ကျွန်တော့်ဘလော့ကလူမှုရေးကိစ္စတွေနဲ့လူသိတာဆိုတော့
ကျွန်တော့်ဘလော့မှာဒီသီချင်းကိုတင်သင့်မတင်သင့်ပေါ့နော် ပြောဖြစ်ကြတယ်
သူငယ်ချင်းတစ်ချို့ကပြောတာကတော့ မင်းဘလော့မှာတင်လိုက်ရင်လူတွေဝေဖန်ကျမယ်ပေါ့နော်
မင်းကနိုင်ငံရေးကိစ္စတွေနဲ့ ဒီလိုအချစ်သီချင်းတွေရေးပြီးဆိုနေရင်လူတွေပြောစရာဖြစ်မယ်ပေါ့နော်

သူတို့ကစေတနာနဲ့ပြောတာပါ ဒါပေမယ့်ကျွန်တော်စိတ်ညစ်သွားတယ်…

ကျွန်တော်ကအစထဲက နိုင်ငံရေးသမားလို့လဲမခံယူမကြွေးကြော်ထားပါဘူး..
နောက်ပြီးကျွန်တော်ကအာသဝေါကုန်ခမ်းနေတဲ့သူတော်စင်လဲမဟုတ်တဲ့ဟာကို…
ဒီတော့ ကျွန်တော်တစ်သက်လုံးကချစ်မြတ်နိုးခဲ့တဲ့ အချစ်သီချင်းလေးတွေကိုမဖန်တီးရတော့ဘူးလား

တစ်ချို့ကလဲပြောတယ် နောက်ထပ်နာမည်တစ်မျိုးပြောင်းပြီး ဘလော့ အသစ်တစ်ခုထပ်လုပ်ပေါ့တဲ့
အဲဒါကြီးကလဲညာရတာကြီးဗျ…

နာမည်ပြောင်းရအောင် ကျွန်တော်ကမကောင်းတာလုပ်နေတာမှမဟုတ်တာ
ကိုယ့်ဖန်တီးမှုအနုပညာကို နာမည်မခံရဲစရာအကြောင်းမရှိသင့်ဘူးလေ
နောက်ပြီး ကျွန်တော့်ပုရိသာတ်တွေ.. မိတ်ဆွေတွေကိုမညာချင်ဘူး
မျိုးချစ်က မျိုးချစ်ပေါ့ဗျာ ဘာညာစရာရှိလဲ
ကျွန်တော်လဲလူဘဲ… လူတယောက်လိုဘဲ ချစ်တတ်တယ် လွမ်းတတ်တယ် ခံစားတတ်တယ်
အဲဒါဘာမှမမှားဘူးထင်တာဘဲ


ဒီတော့ ကျွန်တော်လူလည်ကျဖို့ကြံရတော့တယ်
တကယ်လို့ ခုနကလိုဝေဖန်ချင်တဲ့သူတွေ ရှိခဲ့ရင်.. ပြောလာခဲ့ရင်ပေါ့ဗျာ
ကျွန်တော်အချစ်သီချင်းရေးလို့ဆိုပြီးဝေဖန်ချင်တဲ့သူတွေအတွက်အဓိကပေါ့နော်

အကြံကတော့ဒီလိုဗျ...

ကျွန်တော်ဒီသီချင်းလေးကိုရေးနေတုန်းက တခုသတိထားမိပါတယ်
ကျွန်တော်ကြားဖူးခဲ့တဲ့အချစ်သီချင်းမှန်သမျှထဲမှာ အချစ် (သို့မဟုတ်) ချစ် ဆိုတဲ့စကားမပါတာမရှိဘူး
မိတ်ဆွေတို့လဲသေချာတွေးကြည့်ပါ
အချစ်သီချင်းစာသားတွေထဲမှာ အချစ် နဲ့ ချစ် ဆိုတာမပါတဲ့သီချင်းရှိရဲ့လားလို့

ကျွန်တော်တော့ကြားဖူးသမျှ မြန်မာသီချင်း တွေအားလုံးပြန်စဉ်းစားမိတယ်
ဒီတော့ ကျွန်တော်တွေးမိတာက အချစ်သီချင်း လို့ခေါ်နိုင်ဖို့အတွက်လိုအပ်ချက်တစ်ခုပေါ့နော်
အဲဒါကတော့ သီချင်းစာသားထဲမှာ အချစ် သို့မဟုတ် ချစ် ဆိုတဲ့စကားလုံးလေးတော့ပါရမယ်ပေါ့နော်
မြန်မာထုံးစံအရ ဒီစကားလုံးလေးမပါရင် အချစ်သီချင်းလို့ခေါ်လို့မရဘူးပေါ့ဗျာ
ဒါဆို ကျွန်တော့်သီချင်းလေးကိုလဲ အချစ်သီချင်းလို့ အမည်တပ်လို့မရတော့ဘူးပေါ့

ဟဲဟဲ

ဘာလို့လဲဆိုတော့ ကျွန်တော့်သီချင်းလေးထဲမှာလဲ…
အချစ် သို့မဟုတ် ချစ် ဆိုတဲ့စာသားတစ်လုံးမှမပါအောင်ရေးထားပါတယ်
နားဆင်ကြည့်ကြပါဦး

မျိုးချစ်

Song Without Love by myochitmyanmar

သံစဉ် စာသား ရေးသား တီးခတ် သီဆို - မျိုးချစ်မြန်မာ
Harmony - မျိုးချစ်မြန်မာ
ထုတ်လုပ်သူ - မျိုးချစ်မြန်မာ
မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်


မင်းရဲ့မျက်နက်ဝန်းထဲ အိပ်မောကျခဲ့ဖူးပါတယ်
သိပ်ဆန်းပြားလွန်းတဲ့ စကားလုံးများရဲ့အဓိပ္ပါယ်ကိုကြားလိုက်တယ်
ခိုးကြည့်အပြုံးနုလေးအတွက် ခြေလှမ်းမှားခဲ့ဖူးပါတယ်
ပြန်မောင်းထုတ်မရတဲ့ အိပ်မက်များထဲအပြီးတိုင်ကျဆုံးခဲ့တယ်

ငါမယုံနိုင်ပါဘူး ဖြစ်နိုင်မယ်မထင်ခဲ့ဘူး
အသက်ရှုတောင်မမှန်တော့ဘူး ငါရူးသွားတယ် ( အကြည့်လေး )
ငါမယုံနိုင်ပါဘူး ဟုတ်မယ်ကိုမထင်ခဲ့ဘူး
ခေါင်းတွေချာလည်အောင်မူး ငါရူးသွားတယ် ( အကြည့်လေး )

သီချင်းလေးထက်ပိုလှတဲ့ သူ့စကားလေးအမြဲကြားနေတယ်
ဘယ်ဆည်းလေးလေးမှနှိုင်းလို့မရတဲ့ မင်းရီသံလေးများရယ်
အဆိုးဆုံးရောဂါများထက် ပြန်ကုသဖို့ခက်နေတယ်
ဘာဆေးဝါးနဲ့မှတားဆီးမရတဲ့ အကြည့်တွေသိပ်အားပြင်းတယ်

Sunday, June 22, 2008

ကယ်သူမဲ့လက်များ (Slide Show)


ဖန်တီးသူ - ကိုမောင်ရစ်(မိုးမခ)

ကယ်သူမဲ့လက်များ

မိတ်ဆွေတို့

ကျွန်တော်ဒီသီချင်းလေးရေးနေတုံးက ခန ခန ငိုခဲ့ရပါတယ်

ကျွန်တော် ခနခန ငိုတယ်ဆိုတာနဲ့ပါတ်သက်လို့လဲ တစ်ချို့ကဝေဖန်ကြတယ်လို့ မိတ်ဆွေတစ်ချို့ကပြောခဲ့ဘူးပါတယ်
ရပါတယ်ဗျာ ကျွန်တော် အနုပညာသမားပါ စိတ်နူးညံ့ပါတယ်
စစ်သားမဟုတ်ပါဘူး ခံနိုင်ရည်မရှိပါဘူး
မကျေနပ်လဲ မခံနိုင်ဘူး
မပျော်လဲ မဖုံးဖိတတ်ဘူး
ဒါပေမယ့် ကျွန်တော် လောလောဆယ်ခံစားနေရတာတွေကအရမ်းများနေတယ်ဗျာ

ကလေးလေးတွေ.....

ကလေးတွေ သေနေကြပြီ အဲဒါသိကြရဲ့လား...
ကလေးတွေ ငတ်ပြီးသေနေကြပြီဗျာ .... အဲဒါ ... သိကြရဲ့လား...

ထားပါတော့လေ... ဘယ်သူ့အပြစ်လို့ပြောနေလဲ ဘာမှတော့မထူးလာတော့ပါဘူးဗျာ

ဒီသီချင်းလေးအတွက် ကျွန်တော် ခံစားချက်တွေနဲ့မွန်းကျပ်နေတဲ့နေ့ပေါင်းများစွာကြားက ဖန်တီးခဲ့ရပါတယ်
သီချင်းရေးပြီးတော့ ဆိုနေတုန်းကလဲ ခန ခန ငိုခဲ့ရပါတယ် အဲဒါကြောင့်လဲကျွန်တော် တော်တော်အချိန်ယူခဲ့ရတာပါ
အခုတော့ပြီးသွားပါပြီဗျာ မိတ်ဆွေတို့ စောင့်ရကျိုးနပ်မယ်ထင်ပါတယ်နော်

ကျေးဇူးတင်ပါတယ်ဗျာ

မျိုးချစ်

Helpless Hands by myochitmyanmar


" ကယ်သူမဲ့လက်များ "

သံစဉ်၊ စာသား၊ ရေးသား၊ တီးခတ်၊ သီဆို သူ - မျိုးချစ်မြန်မာ

Harmony - ခွန်ချို ၊ သိင်္ဂီ
ထုတ်လုပ်သူ - မျိုးချစ်မြန်မာ
မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်။


ဆင်းရဲနွမ်းပါးစွာ နေသားကျခဲ့ဘဝတွေရယ်
လောကလှည့်ကွက်မှာ ကျဆုံးရှုံးနိမ့်ခဲ့ရှာတယ်
လှိုင်းများရိုက်ချက်မှာ ရှောင်တိမ်းခုခံနိုင်စရာမဲ့
ဧရာဝတီရယ် ဒီလို ဘာကြောင့်ရက်စက်ခဲ့တာလဲ

ခါးသီးအိပ်မက်မှာ ပြန်နိုးထဖို့ခက်နေတဲ့
ကလေးများရဲ့မျက်နှာကြည့်ရင်းဝမ်းနည်းမိလာတယ်
မိဘနဲ့ဝေးကွာ ခိုနားဖို့ရာအိမ်မရှိဘဲ
နေဝင်ပြီဆိုအဖေအမေမျှော်ရင်း ကလေးများမျက်ရေဝဲ

ကိုယ်နေထိုင်စားသောက်ဖို့အတွက် သင့်မှာအလုံအလောက်ရှိခဲ့ပြီးရင်လဲ
ပိုလျှံတာနဲနဲလောက်တော့ ငဲ့ညှာစိတ်ထားပေးကမ်းသင့်ပါတယ်
တနေကုန်ငတ်မွတ်မှုနဲ့ အားငယ်ငိုကြွေး ကလေးလေးများစွာလဲ
ကယ်သူမဲ့ လက်များကမ်းလို့စောင့်နေကြတယ်

လမ်းမရဲ့ဘေးမှာ နေ့တိုင်းရပ်လို့စောင့်နေတဲ့
တို့ရဲ့သွေးချင်းတွေ ရင်ထဲဆို့နင့်မိစေတယ်
ကမ်းလှမ်းမဲ့လက်ကို စောင့်စားရင်းမျှော်နေကြလဲ
ကူညီသူတွေဘာရယ်ကြောင့်များ ခုထိမရောက်တာလဲ

ရက်စက်တဲ့ညနေ မှောင်မဲမွန်းကျပ်လို့နေဆဲ
အတိတ်ကအမေ့မျက်နှာ ရင်ထဲကူးလွန့်လှိုက်ခတ်ဆဲ
အဝေးကကမ်းနားဘေးမှာ တယောက်ထဲညတွေငိုနေဆဲ
ကယ်တင်ရှင်ရယ် လူတွေဘယ်အထိစောင့်ရဦးမှာလဲ

Thursday, June 5, 2008

ဘဝရဲ့မုန်တိုင်း

ဂျွန်ဂျွန်း ( ရန်ကုန် ) တင်ပြသည်

Saturday, May 31, 2008

ဘဝရဲ့မုန်တိုင်း

Storm Of Life by myochitmyanmar

ရေးသားတီးခတ်သီဆိုသူ - မျိုးချစ်မြန်မာ

" ဘဝရဲ့မုန်တိုင်း "


ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ
ဆင်းရဲခြင်းများနဲ့ ခါးစည်းနေ့တွေဖြတ်သန်းခဲ့ လောကဓံဒီဘဝထဲ
မှားယွင်းမွေးဖွားခဲ့ နှုတ်ဆက်ရက်ကို ကြိုနှင့်လို့ ဖြစ်တည်နေထိုင်ခဲ့
လောကရဲ့လှည့်ကွက် ရက်စက်လွန်းစွာ ဝင်ရောက်ခဲ့ ခုခံနိုင်စရာမဲ့

ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်

လူးလွန့်လှုပ်ခတ်ဖို့ မရတော့တဲ့ဒီအချိန်လေးရယ် ဟစ်အော်သံတွေနဲ့
ဖုံးလွမ်းသွားခဲ့တဲ့ ရေလှိုင်းရဲ့အောက်မှာ ကျန်ခဲ့တဲ့ ကလေးတွေငိုနေဆဲ
လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေလွင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်

သွေးပျက်ကြောက်လန့်လို့ နိုးထခဲ့အိပ်မက်ဆိုးရယ် အကျည်းတန်နာကျင်ဆဲ
လှိုင်းများဖုံးလွမ်းခဲ့ သောကဝိဥာဉ်မြို့များရယ် ဟစ်အော်ဆူညံဆဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သူကြိုးစားခဲ့တာ အကုန်လုံးလဲ ကောင်းကင်လိုကြေကွဲခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သူရင်းနှီးခဲ့တာတွေအားလုံး မျက်ရေမှာနစ်မျောခဲ့တယ်

SOLO

လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေလွင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်
ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ…..



မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်
ရေးသားတီးခတ်သီဆိုသူ - မျိုးချစ်မြန်မာ

Timbaland ၏ Apologize မှ Body Frame ကို အနည်းငယ်အခြေခံထားပါသည်

Thursday, May 22, 2008

Twitter Delicious Facebook Digg Stumbleupon Favorites More