Sunday, June 8, 2008

ကျွန်တော်နဲ့ သီးလေးသီး

မိတ်ဆွေတို့ရေ

ကျွန်တော့် အကိုကြီး ကိုဂေါ်ဇီလာနဲ့ သူ့ ညီ၊ ညီမ လေးတွေ ဖြစ်တဲ့သီးလေးသီးတော့ ဒုက္ခတွေရောက်နေပါတယ်ဗျာ
ဒါကြောင့် ကျွန်တော် တစ်ဖွဲ့လုံးနဲ့ စကားပြောဖြစ်ခဲ့ပါတယ် နားဆင်ကြည့်ကြပါဦး


ကြားရတာတွေကတော့စိတ်မကောင်းဖြစ်ရသလို ကျွန်တော့်ညီအစ်ကိုတွေရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ကိုလဲ အံ့သြမိပါတယ်
ကျွန်တော်လေးစားရတဲ့ အကိုကြီးကိုသူရတပည့်တွေကလဲ ကိုသူရနဲ့ထပ်တူ ခေါင်းမာပြတ်သားကြပါပေတယ်

မျိုးချစ်မြန်မာ မှ လေးစားစွာဂါဝရပြုလိုက်ပါတယ် ညီအစ်ကိုတို့

မျိုးချစ်

1 comments:

Anonymous said...

ကိုမျိုးချစ် သီးလေးသီးနဲ့အင်တာဗျူးကိုနားထောင်ရတယ်၊ အဲဒီဂျပန်က (ကူညီငွေကို ကြားဖြတ်သုံးစွဲထားတဲ့သူ)လူဆိုတာ နာမည်က ကိုခင်မောင်ထိုက်ဆိုသူဖြစ်ပါတယ်၊ မင်္ဂလာဒိုးထဲက အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်၊ မင်္ဂလာဒိုးတဖွဲ့လုံးနဲ့ တော့ မသက်ဆိုင်ပါဘူး၊ တဦးတယောက်တည်းရဲ့ အလွဲသုံးစား သုံးစွဲထားမှုဖြစ်ပါတယ်၊ အဲဒီလူက ငွေတ၀က်ကို ပြန်ပို့ပေးထားပြီးပြီလို့ သိရပါတယ်၊ ကျနော်အမြင် ကိုပြောရရင်၊ ကိုခင်မောင်ထိုက်အပါအ၀င် မင်္ဂလာ ဒိုးအဖွဲ့သားတွေက ကနဦးက စေသနာသန့်သန့်နဲ့ ဖြစ်စေချင် အောင်မြင်စေချင်လို့ ၀ိုင်းပံ့ပိုးခဲ့ကြရိုး အမှန်ပါ၊ ဒါပေမယ့် ဂျပန်မှာဖြစ်နေတဲ့အနေအထား က အလုပ်မလုပ်ရင် ၀င်ငွေမရှိတော့တာပဲ၊ ခိုလှုံ ခွင့်ရထားသူတွေပေမယ့် အစိုးရထောက်ပံ့ငွေ ရဖို့ မလွယ်ပါဘူး၊ မင်္ဂလာဒိုးတဖွဲ့လုံးမှာ ထောက်ပံ့ငွေ ရသူဆိုလို့ တယောက်လောက်ပဲရှိပါတယ်၊ ပမာဏ က အလွန်နဲ ပါတယ်၊ ကျန်သူတွေက ကိုယ့်အိပ် စိုက်ပြီး လုပ်နေကြတာပါ၊ အဲဒီကာကမှာ ကိုရီးယား စင်္ကာပူ။ ဂျပန်ပွဲတွေအတွက် အလုပ်ကခွင့်မရတော့ ထွက်ကြရပါတယ်၊ စိတ်အလိုကို အတိုင်းအဆ မထားပဲ လွှတ်ထားလိုက်တော့ ဂိန်သွားတဲ့သူတွေ ရှိလာပါတယ် အဲဒီထဲမှာ ကိုခင်မောင်ထိုက်က စိတ်အလိုလိုက်လွန်းတော့ ပိုဂိန်သွားပြီး လက်ထဲ ရှိတဲ့ငွေကို လက်လှဲ့သုံးလိုက်တာ အရှိန်လွန်သွား ပုံရပါတယ်ဗျာ၊ အဲဒီအတွက် သူ အများကြီး ပေးဆပ်ရပါတော့မယ်၊ တက်ကြွသူတယောက်အနေ နဲ့ကတော့ တဖြေးဖြေး မှေးမှိန်သွားရတော့မယ်ထင် ပါတယ်၊ အဲဒီအတွက် စိတ်မကောင်းပါဘူး၊ ကိုမျိုးချစ်ရေ၊ အဲဒါ ဂျပန်ကလူတွေရဲ့ အခြေအနေ ခပ်ပါးပါးနဲ့ မတော်တဆခလုပ်တိုက်မိတဲ့ ဖြစ်ရပ်အပေါ် သိသလောက် ပြောပြတာပါ၊
နားလည်မှုပေးဖို့ အယူခံဝင်တာမဟုတ်ပါဘူး၊ အခြေအနေမှန်ကို အနီးစပ်ဆုံးပြောပြတာပါ၊ ခပ်ပေါ့ပေါ့တွေးပြီး အလွဲသုံးမှုကြောင့် တဖက်မှာ အားလုံးဖရိုဖရဲဖြစ်၊ တဖက်မှာလဲ တချိန်လုံးကောင်းခဲ့သမျှ အမြည်းတဖပ်အတွက် သူခိုးရိုးခံလိုက်ရပါပြီ ဘယ်သူမပြု မိမိမှုပါပဲဗျာ၊