Showing posts with label Political Article. Show all posts
Showing posts with label Political Article. Show all posts

Sunday, December 30, 2012

စိတ်နာ လို့ ပြိတ္တာ မဖြစ်စေနဲ့




မင်္ဂလာပါမိတ်ဆွေတို့

ခုရက်ပိုင်း နှစ်သစ်မကူးခင်လေး စိတ်ချမ်းသာချင်လို့ Internet မှာ မြင်နေကြားနေတာတွေကို ဘာမှ ဝင်မပြောပါဘူးဆိုပြီး စိတ်ထိန်းပြီး နေနေကြည့်ပါသေးတယ်ပေါ့နော်။

အို ... ဘယ်လိုမှ မရနိုင်အောင် လူတစ်ချို့ဟာ ဆိုးရွားကြပါလား ???

ခုလဲ စိတ်ထဲရှိတဲ့ အတိုင်း အမှန်ကိုပြောမှာပေမယ့် ကိုယ့်ကိုပါ အမေရိကားကကောင် ချမ်းသာလို့ သူဌေးတွေဖက်က လိုက်ပြောတယ်ဆိုတဲ့လေသံက လာဦးမယ်ဆိုတာ သိနေပြီးသားပါလေ။

(တကယ်လဲ မချမ်းသာတော့ အဲ့လိုပြောခံရတာ အဆဲခံရသလိုပါဘဲ) 

ခုကတော့ ကိုယ့်အမေရင်းလို လေးစားတဲ့ အမေစု ကို ဒီရံပုံငွေ ပွဲကိစ္စလေးတွေနဲ့ ပါတ်သက်ပြီး တစ်ခါထဲ သူတစ်သက်လုံးက အနစ်နာခံခဲ့တာတွေကို အတိတ်မေ့သွားသလို အားမနာလျှာမကျိုး ဝေဖန်စော်ကားနေလိုက်ကြတာဆိုတာ ...
နောက်ဆုံး လုံးဝကို မပြောရမနေနိုင်တော့တဲ့အထိပါဘဲ ခင်ဗျာ။

ဒီလောက်တောင် အကုသိုလ်စိတ်ကို သူမတူအောင် နှိုးဆွနိုင်စွမ်းရှိတဲ့ လူကြီးမင်းများ ကို လက်ခုပ်တီးပေးကြပါ။
ဘယ်သူတွေလဲဆိုတာတော့ မေးနေစရာလိုမယ် မထင်ပါဘူးနော်။

ထုံးစံအတိုင်း Profiles တွေမှာတောင် မျက်နှာမပြရဲတဲ့ အဝေးရောက် KeyBoard သိုင်းပညာရှင် သူရဲကောင်းကြီးတွေဘဲပေါ့ဗျာ။

လေသေနတ် တော်လှန်ရေး 
(အာနဲ့ဘဲ တိုက်နေတာပါ၊ လေသေနတ် အစစ်တောင် ဝယ်မပစ်ကြပါ)

စာပေးစာယူ တော်လှန်ရေး 
(တက္ကသိုလ်က စာပေးစာယူ မဟုတ်ပါ၊ Gmail နဲ့ FaceBook မှာ စာတွေ လိုက်ဖွနေခြင်း)

ဒါတွေဘဲ လုပ်တော့တဲ့ တော်လှန်ရေးသမား ဆိုသူတွေကို ပေါ့။ ။

ကိုယ်လဲ မလှူနိုင်ဘဲ သူများတွေလှူတာကို ခရိုနီတွေ ခရိုပြာတွေ ဘာညာ နဲ့ ဘေးထိုင် ဘုပြောနေတဲ့ အဲ့ဒိ လူကြီးမင်း များကို မေးချင်မိပါတယ်။

အဲ့ဒိ ခရိုနီဆိုသူတွေက သိန်းဘယ်နှစ်ရာ ဘယ်နှစ်ထောင် ဆိုတာမျိုးတွေ လှူနေတဲ့ အချိန်မှာ မျက်နှာတောင် မဖေါ်ရဲဘဲ Profile Picture အတုနဲ့ ဘေးထိုင်ဘုပြော လုပ်နေတဲ့ လူကြီးမင်းတို့ကရော လိုအပ်နေတဲ့သူတွေကို တစ်ကျပ် တစ်ပြား လှူပြီးပါပြီလား။

လှူရကောင်းမှန်းရော သိပါရဲ့လား။

မလှူပြန်ရင်လဲ ချမ်းသာပြီး မလှူဘူးပြော ...

ခုလို ပက်ပက်စက်စက် လှူပြတော့လဲ ခရိုနီတွေ လာဘတ်ထိုးနေတာပါ ဆိုတော့ ...
လူကြီးမင်းတို့က သူတို့ကို ဘာများလုပ်စေချင်တာပါလဲ ခင်ဗျာ။

သူများဘာသာ ကျိကျိတက်ချမ်းသာတော့လဲ မတရားချမ်းသာတယ်ပြောကြတယ်။
ကိုယ်မလှူနိုင်တဲ့ ပမာဏ တွေ လှူပြပြန်တော့လဲ မုဒိတာမပွား သာဓုမခေါ်ပေးနိုင်ကြပြန်ဘူး။

ဘာတွေလဲဗျာ။

အစိုးရ နဲ့ မကင်းကွာဘဲ အောင်မြင်ကြွယ်ဝလာတိုင်း လူယုတ်မာ ဆိုတဲ့ သီအိုရီဟာ စပျစ်သီးချဉ် တဲ့ အတွေးအခေါ်သာဖြစ်ပါတယ်။

မြန်မာပြည်မှာ အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်ချင်ရင် အစိုးရ နဲ့ သေခန်းဖြတ်ထားလို့ မရဘူးဆိုတာ စီးပွားရေး လုပ်ငန်းလုပ်နေတဲ့သူတိုင်း အသိပါ။

မသိတာ ပြည်တွင်း/ပြည်ပ မှာ အစထဲကလဲ ဘာမှမဟုတ်ခဲ့ ခုထိလဲ ဘာမှ မဖြစ်မြောက်တော့တဲ့ သစ်ကိုင်းလွတ်နေသော Gentlemen တွေသာဖြစ်ပါတယ်။

ဒါဆို လူကြီးမင်းတို့ ဆွေတော်မျိုးတော်တွေကို အယောက်စေ့အောင် လှူမှ ရွှေပါးစပ်/လေသေနတ်တွေ ကျေနပ်/နေတတ် တော့မှာလား။

လူဆိုတာ အောင်မြင်ချင်တဲ့သူချည်းပါဘဲ။
ဒီအတွက် အခွင့်အလမ်းဆိုတာ ရှာတတ်ကြရပါတယ်။
ဒီနေရာမှာ ကိုယ်ကျိုးဘဲကြည့်တတ်သူတွေရှိသလို နှစ်ဦးနှစ်ဖက် တရားတဲ့နည်းနဲ့ ရှာတဲ့သူတွေလဲအများကြီးပါ။

NLD လို နိုင်ငံရေး + လူမှုရေး အဖွဲ့အစည်းတွေ
နာရေးကူညီမှု အသင်း တို့လို ပရဟိတ အဖွဲ့အစည်းတွေမှာ သူ့အလိုလို အချိန်မှန် ငွေသီးနေတဲ့ ငွေပဒေသာပင်တွေ ပေါက်နေတာ မဟုတ်ပါဘူး။
သူတို့ကို ဆက်လက်ရပ်တည်လှုပ်ရှားနိုင်စေဖို့ လိုအပ်တဲ့ ငွေကြေးထောက်ပံ့သူတွေ (Donor / Sponsor) တွေ အဓိကလိုအပ်ပါတယ်။

ဒါ ဆင်းရဲတဲ့ မြန်မာနိုင်ငံမှမဟုတ်ပါဘူး။
အမေရိကားလို အချမ်းသာဆုံးပါဆိုတဲ့ နိုင်ငံတွေမှာတောင် လိုအပ်ပါတယ်။
ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ Barack Obama နဲ့ Mitt Romney တို့ ဒေါ်လာတွေ Billion ချီပြီး ကုန်ကြခံခဲ့တာ သူတို့ ချွေးနည်းစာ ဘိုးဘွားပိုင် စည်းစိမ်ဥစ္စာတွေ ထုခွဲရောင်းချပြီး ရင်းနှီးခဲ့ကြတာလို့ ထင်နေကြပါသလား။
သူတို့ ကိုယ်စီရဲ့နောက်မှာ အင်မတန်ချမ်းသာကြွယ်ဝတဲ့ လုပ်ငန်းရှင်တွေ ထောက်ပံ့ထားသူတွေ ရှိနေတာကြောင့်ပါ။

ဒါကြောင့် ပညာတတ် နိုင်ငံရေးသမားတွေတိုင်းဟာ အောင်မြင်ကြွယ်ဝတဲ့ စီးပွားရေးသမားတွေရဲ့ အရေးပါမှုကို နားလည်စွာ အသိအမှတ်ပြုထားရပါတယ်။
မိမိ နဲ့ မိမိ အဖွဲ့အစည်း ကို သာမန်စည်းစိမ်ဘဲရှိတဲ့ ပြည်သူတွေ ဘယ်လိုမှမတတ်နိုင်လောက်တဲ့ ငွေကြေးပမာဏ နဲ့ ထောက်ပံ့လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးကို မိမိ ရဲ့ တသီးပုဂ္ဂလ ခံစားချက် နဲ့ အီမိုထပြီး သူ့ ငါမကြိုက်ဘူး သူပေးတာလဲယူဘူး ဟင်အင်းပါဆိုနေ ဆိုပြီး နှုတ်ခမ်းဆူခြေဆောင့် လုပ်ပြလို့မရပါဘူး။
ဒါဟာ Smart ဖြစ်တဲ့ ပညာတတ်နိုင်ငံရေးသမားတိုင်း ရှိကိုရှိရမယ့် Attitude ဖြစ်ပါတယ်။

ဒီတော့ အောင်မြင်တဲ့ နိုင်ငံရေးသမားတိုင်းမှာ မိမိ ရဲ့ ပြိုင်ဖက် အခြားနိုင်ငံရေးသမားတွေ အပြင် လက်မတွဲမဖြစ်တွဲရမယ့် သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံရမယ့် လူတန်းစားသုံးရပ် ရှိပါတယ်။


  • (၁) နိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ
  • (၂) အောင်မြင်တဲ့ အနုပညာ/Media လောကသားများ
  • (၃) အောင်မြင်ကြွယ်ဝတဲ့ စီးပွားရေး လုပ်ငန်းရှင်များ စတဲ့ လူတန်းစား သုံးရပ် ဖြစ်ပါတယ်။


ဒီ လူတန်းစား သုံးမျိုးထဲက တစ်မျိုးမျိုးကို ကျောခိုင်းလိုက်မယ်ဆိုတာနဲ့ နိုင်ငံရေးသမားဟာ အသက်မဲ့သွားမှာဖြစ်တယ်ဆိုတာ လက်ရှိအောင်မြင်နေတဲ့ ဘယ်နိုင်ငံက နိုင်ငံရေးသမားကိုမဆို တရေးနိုး မေးမေး စိတ်ညှို့ပြီးမေးမေး ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဒီတော့ ခု အမေစု ပေါင်းသင်းဆက်ဆံနေရသလိုမျိုး Obama ရော Queen Elizabeth သာမက အခြားနိုင်ငံ့ခေါင်းဆောင်တွေတိုင်းလဲ သူတို့ တိုင်းပြည်တွေကသာမက ကမ္ဘာမှာ အောင်မြင်ကျော်ကြား ချမ်းသာနေတဲ့ စီးပွားရေးသမားတွေနဲ့ပါ သင့်မြတ်အောင် ပလဲနံပ သင့်အောင် ပေါင်းသင်းဆက်ဆံနေရတာပါဘဲ။
သူ့ဘာသာ နောက်ကွယ်မှာ ဆွဲထိုးချင်စိတ်ပေါက်အောင် မုန်းနေချင်မုန်းနေမယ် ကင်မရာတွေရှေ့မှာတော့ နိုင်ငံအတွက် ကိုယ့် Party အတွက် သွားလေးဖြီးပြီး လက်ဆွဲနှုတ်ဆက် ပုခုံးချင်းဖက်ပြီး ပြောဆိုဆက်ဆံနေရတဲ့ အပေါ်ယံ လူမှုရေးဆိုတာ ဘယ်နိုင်ငံ ဘယ်ခေတ်က နိုင်ငံရေးလောကမှာ မဆို ရှိနေခဲ့ ရှိနေဆဲပါ၊ နောင်လဲ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

နောက်တစ်ခု ခံရခက်တာက ခု အမေစု ကို လက်တွဲ ကူညီလာကြတဲ့ အနုပညာသမားတွေကိုလဲ ထုံးစံအတိုင်း သာကူးတွေ ဆိုတဲ့ ဝါးလုံးရှည် နဲ့ ပါတ်ကလော်တုတ်နေကြတာတွေဘဲ။

သာကူး သို့မဟုတ် အခွင့်အရေးသမား (Opportunist) ဆိုတာ ခုခေတ်မှ မြန်မာပြည်မှာမှမဟုတ်ပါဘူး
ခေတ်အဆက်ဆက် တစ်ကမ္ဘာလုံးမှာ ရှိခဲ့ ရှိမြဲ ထာဝရလဲ ရှိနေဦးမှာပါဘဲ။


ဒီနေရာမှာ အနုပညာသမားတွေဖက်ကကြည့်ရင်လဲ အမေရိကား မှာတောင် ဒီတိုင်းပါဘဲ။

အမေရိကားမှာ ဟာရီကိန်းတွေ ထိတဲ့အခါတွေမှာမျိုး
911 တုန်းက အကြမ်းဖက်သမားတွေကြောင့် ထိခိုက်ပျက်စီးမှုမျိုးတွေအတွက် အလှူငွေတွေ လိုတဲ့အခါတွေမှာ ပြည်သူတွေ အချစ်ခင်ဆုံးဖြစ်တဲ့ အနုပညာသမားတွေဘဲ ကူညီကြရသလို
သမ္မတ ရွေးကောက်ပွဲတွေ မဲဆွယ်ပွဲတွေ မွေးနေ့တွေ လွတ်လပ်ရေးနေ့ တွေ မျိုးမှာ လုပ်တဲ့ ဖျော်ဖြေရေးတွေမှာလဲ အနုပညာသမားတွေ ပါရပြန်ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲအပြီး အိုဘားမားကို ဂုဏ်ပြုတဲ့ပွဲတွေ Hati အတွက် New Orlean အတွက် Hurricane Sandy အတွက်ပွဲတွေကို မမေ့ကြသေးဘူးထင်ပါတယ်။
ဒီလိုကိစ္စမျိုးတွေမှာ အနုပညာ သမားတွေရဲ့ ကူညီမှုဟာ Billion ပေါင်းများစွာရှာပေးနိုင်ခဲ့သလို "We Are The World" လို အနုပညာ မှတ်ကျောက်တင်ခံခဲ့ရတဲ့ လူသားချင်းစာနာထောက်ထားမှုကိုအရင်းခံတဲ့ ဝမ်းနည်းနာကျင်မှုကနေမွေးဖွားပေးခဲ့တဲ့ သီချင်းတွေဟာလဲ ယနေ့တိုင် ထိရှခံစားမှုကို ပေးစွမ်းနိုင်နေသေးတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဆိုလိုတာက နိုင်ငံရေးသမား စီးပွားရေးသမား အနုပညာသမား တွေအားလုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို တစ်ဦးကို တစ်ဦး လိုကိုလိုအပ်နေတဲ့အတွက် မဖြစ်မနေကို ပေါင်းသင်းနေထိုင်ကြရတဲ့သူတွေဆိုတာပါ။
ဒါကို အမြင်ကျယ်ပြီး အမြင်ရှင်းဖို့လိုပါတယ်။

တစ်ချို့ကပြောကြတယ် ပေါ့နော်

ခုမှ မေစု တီစု ဖြစ်နေကြတယ် ဆိုတာမျိုးတွေပေါ့။

ဒါကလဲရှင်းပါတယ်
အရင်က မေချု တီချု ထလုပ်ရင် ခဏလောက်လိုက်ခဲ့ပါဆိုတဲ့ ဇာတ်သိမ်းကြီးကို လူတိုင်းသိနေကြတော့ ကြောက်ကြတာပေါ့။

ဘာမှ သိပ်အဆုံးအရှုံးမကြီးမားတဲ့ သာမန်ဝန်ထမ်းတွေတောင်မှ သူတို့လုပ်နေတဲ့ အလုပ်ပြုတ်မှာကို ကြောက်ကြပါတယ်။
ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့ သူတွေလဲ ခေါင်းရွက်ဗျက်ထိုးဈေးသည်ကအစ ကုမဏ္ဏီပိုင်ရှင်ကြီးတွေအထိ စီးပွားပျက်မှာ အဖျက်ခံရမှာ ကြောက်ကြပါတယ်။
ဒါက ငွေဆိုတဲ့ လိုအပ်ချက်တစ်ခုဘဲရှိသေးတာနော်။

အနုပညာ သမား ဆိုတာ ငွေဆိုတာတစ်ခုထဲသီးသန့်ကြောင့် ဒီအလုပ်ကို လုပ်နေကြတဲ့သူ လုံးဝမရှိပါဘူး။
ရှိခဲ့ရင်လဲ ဘယ်တော့မှ မအောင်မြင်ခဲ့ကြပါဘူး။
ဘယ်လိုင်းက အနုပညာသမားမဆို သူတို့ရဲ့ ကျွမ်းကျင်ရာ အနုပညာအလုပ်ကို မြတ်နိုးလွန်းလို့ ဝါသနာပါလွန်းလို့ ရူးသွပ်စွဲလန်းလွန်းလို့သာ လုပ်ဖြစ်ခဲ့ လုပ်ဖြစ်နေကြတာပါ။
ကြိုက်တဲ့ အနုပညာသမားကို တစ်သက်လုံး စားမကုန်တဲ့ စည်းစိမ်ပေးထားမယ် အနုပညာကို ဆက်လုပ်ဦးမလား လို့ မေးကြည့်ပါ..
ဘယ်တော့မှ ဘယ် အနုပညာသမား စစ်စစ်ကမှ " ဟာဘယ်လုပ်တော့မလဲ ငွေမှမလိုတော့တာလို့ " မဖြေစေရပါဘူး။
ဖြေခဲ့ရင်လဲ အဲ့ဒိလူဟာ အစကထဲက အနုပညာသမားစစ်စစ် လုံးဝ မဟုတ်လို့ပါဘဲ။

ဆိုလိုတာက အနုပညာရှင်တစ်ယောက်ဟာ သူ့ကို ငွေပုံပေးထားလဲ သူ့ အနုပညာကို အသုံးချခွင့် ပရိသတ်ကို ခံစားတင်ဆက်ခွင့် မရှိတော့ဘူးဆိုရင် သူ့ဘဝဟာ အောက်ပိုင်းသေသွားတဲ့ သူထက် ဆိုးပါတယ်။
ဒီခံစားချက်ဟာ အနုပညာလောကသားမဟုတ်တဲ့ သူတွေ အတွက် ဘာမှ မဟုတ်လောက်ဘူးလို့ ထင်ရစရာရှိပေမယ့် အနုပညာလောကသားတွေအတွက် အသက်ရှူနေတဲ့ လူသေတစ်ယောက်ဖြစ်သွားတာထက်ဆိုးပါတယ်။
ကုန်းပေါ်ပစ်အတင်ခံလိုက်ရတဲ့ ငါး
အတောင်ပံချိုးခံလိုက်ရတဲ့ ငှက်
အဲ့ဒါတွေထက် ပိုဆိုးတဲ့ဘဝ ဟာ ၄င်းရဲ့ပရိသတ်ကို ဖျော်ဖြေတင်ဆက် အသုံးတော်ခံခွင့် မရှိတော့တဲ့ အနုပညာသမားတစ်ယောက်ရဲ့ဘဝပါဘဲ။

ဒါကို သေချာနားမလည်ရင် ကိုကျော်သူ (နာရေးကူညီမှု အသင်း ဥက္ကဌ) ကို အချိန်မရွေး မေးကြည့်ပါ။
သူ နာကျင် တိတ်ဆိတ်စွာ ဖြတ်သန်းခဲ့ရတဲ့ ဆယ်စုနှစ် တစ်ဝက်ကျော် ရဲ့အကြောင်းကို တစ်ထောင့်တစ်ည ပုံပြင်လို ပြောပြပါလိမ့်မယ်။

ဒါကြောင့် အနုပညာသမားတွေ နိုင်ငံရေး နဲ့ ပါတ်သက်ရမှာ ကြောက်ခဲ့ကြတာပါ။
အထက်မှာပြောခဲ့သလိုဘဲ နိုင်ငံရေးနဲ့ ပြည်သူတွေ အပေါ်မှာ အနုပညာ ရဲ့ ထိရောက်စွာ သိမ်းသွင်းစည်းရုံးနိုင်မှုစွမ်းအားကို သေချာ နားလည်ထားတဲ့ မြန်မာစစ်အစိုးရဟာ သူတို့ အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်ကထဲက အနုပညာလောကကို လက်ခုပ်ထဲကရေလို ထိန်းချုပ်စိုးမိုးထားခဲ့ပါတယ်။

ကြွလာမယ်ကြံလိုက်တဲ့သူတိုင်း အာခံမိတဲ့သူတိုင်းကိုလဲ တစ်သက်လုံး လုပ်စားခွင့် မပေးတော့တဲ့ထိ နှိပ်ကွပ်ခဲ့ပါတယ်။
ဒါဟာ အနုပညာသေဒါဏ်ပေးလိုက်ခြင်းဆိုတာ ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ဖူးတဲ့ ကျွန်တော်တို့ တစ်လောကလုံး ခါးသီးကြောက်ရွံစွာ နားလည်ထားကြပါတယ်။
ကိုယ်လုပ်လို့ရတာ လုပ်နိုင်တာနဲ့ ပြန်ခံစားရမယ့် ပြစ်ဒါဏ်ဟာ မတန်တဆ ကြီးမားလွန်းတဲ့အတွက်ပါ။

နောက်တစ်ချက်က အနုပညာသမားတိုင်းဟာ သာမန်လူတွေ တော်တော်များများ ထင်မြင်ယူဆထားသလို ကျိကျိတက်ချမ်းသာကြွယ်ဝသူတွေ မဟုတ်ကြပါဘူး။
သူတို့ ဘဝတွေတိုင်းဟာ အပြင်မှာ ရုပ်ရှင်ထဲကလို မိတ်ကပ်အဖွေးသားနဲ့ အိပ်ယာက နိုးလာကြတာမဟုတ်ပါဘူး။
အားလုံးမှာ စားဝတ်နေရေး နဲ့ သားကျွေးမှု မယားကျွေးမှု ဆိုတဲ့ ဝတ္တရားတွေ ဖိစီးမှုတွေ ရှိကြပါတယ်။
ကိုကျော်သူတို့လို မိဘ အသိုင်းအဝိုင်းက အစကထဲက ငွေကြေးတတ်နိုင်သူတွေတောင် ခံစားမှု သီးသန့် အနေနဲ့ အနုပညာ ကွင်းပြင်ထဲကနေ အလဲထိုး ကန်ထုတ်ခံလိုက်ရသလို နာကျင်ခံစားခဲ့ရသေးရင်
အစကထဲက အနုပညာနဲ့ဘဲ ဝမ်းရေးဖြည့်ဆည်းရင်း ပေါ်လိုက်မြုတ်လိုက် လက်လုပ်လက်စားသာသာ နေနေရတဲ့ မချမ်းသာရှာတဲ့ အနုပညာသမားတွေဆိုရင် ပိုတောင်မှ ကြောက်ကြသေးတာပေါ့ဗျာ။
နောက်ပြီး နိုင်ငံတိုင်း အလွှာတိုင်းက အနုပညာသမား အများစုဟာ အနုပညာ အလုပ်ကလွဲလို့ တခြား စီးပွားရေးတွေ မည်မည်ရရ ဘာမှ မလုပ်တတ်ကြတာဟာလဲ မွေးလာကထဲက ပါလာတဲ့ ပါရမီရဲ့ မလှပတဲ့ အားနည်းချက်တစ်ခုကလဲဖြစ်နေသေးတော့ ပိုဆိုးတော့တာပေါ့။
အဲ့ဒါကိုလဲ အနုပညာသမာချင်းကလွဲပြီး အပြင်လူတွေ သိပ်နားမလည်ကြပါဘူး။

တစ်ကယ်တမ်းက မြန်မာပြည်တွင်းနေသူမှန်သမျှ အစိုးရကို သူဌေးကအစ သူတောင်းစား အဆုံး သူ့နည်းသူ့ဟန်နဲ့တော့ ကြောက်နေကြရတာချည်းပါဘဲ။
ဒါပေမယ့် အစိုးရကိုကြောက်လို့ မငြင်းရဲလို့ ခိုင်းရင်လုပ်ပေးရတာ လိုက်လျောရတာ မငြင်းဆန်နိုင် မငြင်းဆန်ရဲတာကို ဘယ်ပြည်သူအချင်းချင်းမှ အပြစ်မမြင်ကြ မဝေဖန်ကြပေမယ့် .. 
သူတို့တွေလိုဘဲကြောက်လို့ မငြင်းဆန်နိုင်လို့ တစ်ခုခု မလွှဲမရှောင်သာ လုပ်ပေးရရင် အမြဲတမ်း မညှာမတာ ပြစ်ပြစ်နှစ်နှစ် အဆဲခံရတာ ကျွန်တော်တို့ အနုပညာလောကသားတွေပါ။

ရေးနေရင်းစာကလဲ ပြောချင်တာတွေ ပြည့်နှက်ပြီး လိုရင်းမရောက်တော့မှာစိုးတာရယ် အကြာကြီးဖတ်ပေးနေရမယ့်သူတွေကို အားနာလာတာရယ်ကြောင့် နောက်ဆုံးလိုရင်း ဖြတ်ပြောရပါတော့မယ်။

အနုပညာလောကသမားတွေ အားလုံးနီးပါးဟာ ခံစားလွယ် သနားလွယ်ကြပါတယ်။
ဒါကြောင့်လဲ အနုပညာသမားဖြစ်လာတာပါ။
စစ်သားလို သံမဏိစိတ်ဓါတ်နဲ့ အနုပညာသမားဆိုတာ ကမ္ဘာမှာလဲ မရှိဖူးသေးပါဘူး။
မာနသာကြီးကြတာပါ၊ ခံစားချက်က သာမန်လူတွေထက် ပိုပြင်းထန် ထိရှ ကြေကွဲ ခံစားတတ်ကြလို့ သာ အနုပညာသမားတွေ ဖြစ်လာကြတာပေါ့ဗျာ။

ဦးသန့်အရေးအခင်းတုန်းက ၈၈ တုန်းက ကျောင်းသားလေးတွေ အသတ်ခံရတဲ့အခါ အနုပညာသမားတွေလဲ အံကျိတ်ရင်း မျက်ရေကျခဲ့တာပါဘဲ။
မခံစားခဲ့ရတဲ့ အနုပညာသမား မရှိခဲ့ပါဘူး။

ဒီတော့ နိုင်ငံရေးမှာဆိုရင် အနုပညာလောကသားတွေအားလုံးလဲ အရပ်သားပြည်သူတွေလိုဘဲ အမေစုကို အစထဲက အရမ်းချစ်ခင်လေးစားကြပါတယ်။
ဒါပေမယ့် အစိုးရ ကိုပိုကြောက်နေလို့သာ တိတ်တိတ်ကျိတ်ပြီး ချစ်နေကြရတာကနေ ခု အစိုးရက တံခါးတွေ ဖွင့်ပေးလိုက်တော့မှ ပွင့်ပွင့်လင်းလင်းချစ်ပြရဲလာကြတာပေါ့။

ခု အမေစု ကို ပူးပေါင်းလာတဲ့ အနုပညာသမားတွေထဲမှာ ကျွန်တော် အထက်မှာ ပြောခဲ့သလိုဘဲ အခွင့်အရေးသမား (Opportunist) တွေ ပါကောင်းပါပါလိမ့်မယ်
ဒါပေမယ့် အများစုဟာ အမေစု ကို တစ်ကယ်ကို ချစ်ခင်လေးစားကြတာပါ။
ဒါဟာလဲ ကျွန်တော် ကိုယ့်လူတွေဖက် သက်သက် လုပ်ကြံကာကွယ်ပြောနေတာ မဟုတ်ပါဘူး။ ပြောနေဖို့တောင် လိုလဲမလိုပါဘူး။
အမေစု ကို ချစ်ကြတာ အနုပညာသမားတွေမှ စိတ်ထားကောင်းလွန်းလို့လဲ မဟုတ်ပါဘူး
အမေစု ကိုက တစ်ကမ္ဘာလုံးမှာ တစ်ယောက်ထဲရှိတဲ့ ၊ အရမ်းချစ်ခင်လေးစားဖို့ကောင်းတဲ့ ၊ နိုင်ငံတကာကတောင် ချစ်ခင်လေးစားရတဲ့ မဟာ အမျိုးသမီးကြီးတစ်ဦး ဖြစ်နေလို့ပါဘဲ။

ဦးသိန်းစိန် အစိုးရခေတ်မရောက်ခင်ကဆို အမေစု မပြောနဲ့ ကိုကျော်သူကိုတောင် မင်္ဂလာဆောင်တွေ အလှူတွေ မဖိတ်ရဲခဲ့ကြတဲ့သူတွေ အများကြီးပါ။
မယုံရင် သူတို့ကို တိုက်ရိုက် မေးကြည့်နိုင်ပါတယ်။

ခု ဦးသိန်းစိန်မိသားစု ကိုယ်တိုင် ကိုကျော်သူ ကို သွားလှူလိုက်တဲ့ခေတ်ကြမှ နာရေးကူညီမှု အသင်းကို Celebrities တွေပါ စ ဝင်ရယ် ထွက်ရယ် ဖြစ်လာကြတာ အားလုံးအသိပါ။

ဒါတောင် အဲ့ဒိတုန်းကရော ခုချိန်ထိ ကိုကျော်သူက နိုင်ငံရေးသမား စစ်စစ် မဟုတ်သေးသလို သူနဲ့ပါတ်သက်လိုက်မိလို့ ထောင်ကျဖူးခဲ့တဲ့သူ မရှိခဲ့သေးဘူးနော်။
အမေစု ကို ခုလို လူသိရှင်ကြား သွားပါတ်သက်ဆက်ဆံဖို့ဆိုတာ အရင်က အစိုးရ ပုံစံနဲ့ အနုပညာသမားတွေ ဘယ်လောက်ကြောက်ကြမလဲဆိုတာ စဉ်းစားပေးနိုင်ကြမှာပါ။

ဒီတော့ ခု အမေစု ကို NLD ကို ပူးပေါင်းကူညီလာတဲ့ အနုပညာသမားတွေကို အမြင်ကြည်ပေးကြစေချင်ပါတယ်။
အရမ်းကြီး သဘောထားကြီးပေးစရာမလိုပါဘူး အခြေအနေကို ပုံမှန်အတိုင်းဘဲ သဘာဝကျကျ နားလည်ပေးကြပါ။
ငါးခုန်းမ တစ်ချို့ကြောင့် အနုပညာသမား အားလုံးကို သိမ်းကျုံးမစော်ကားကြပါနဲ့ဗျာ။

ကိုမိုးသီးဇွန်ဟာ နိုင်ငံရေးသမား ဆိုတာနဲ့ နိုင်ငံရေးသမားတိုင်းဟာ ကိုမိုးသီးဇွန်လိုလူတွေချည်းဘဲလို့ သတ်မှတ်တော့မယ်ဆိုရင် အမေစု တို့ ကိုမင်းကိုနိုင် တို့ ကို သတိရသင့်သလို ..
မကောင်းတဲ့ စစ်ဗိုလ်ချုပ် တစ်ချို့ကြောင့် စစ်သားတွေ အားလုံး လူယုတ်မာတွေ လို့ သတ်မှတ်တော့မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ရဲဘော်သုံးကျိပ်ကို သတိရသင့်သလို ..
သူ့ကျွန်မခံပြီ ၃ ခါ တက်အော်သွားတဲ့ ဦးညွန့်ဝင်းလိုလူတွေ နဲ့ ခုချိန်ထိရှိနေတဲ့ သာယာစားတစ်ချို့ကြောင့် အနုပညာသမားတွေအားလုံးကို သိမ်းကျုံးပြီး စော်ကားတော့မယ်ဆိုရင် သေတဲ့အထိ အစိုးရကိုရော ပြန်ကြားရေးမကလို့ ဘယ်ဝန်ကြီးကိုမှပါ ဘာကြောင့်မှ မဖားခဲ့တဲ့ ဦးမညွတ်ခဲ့တဲ့ 
ကျွန်တော့် အဖိုးအဖွား အဖေအမေ ဦးလေးအဒေါ် တွေ ညီအစ်ကို မောင်နှမ ဒါရိုက်တာတွေ သရုပ်ဆောင်တွေ နဲ့ ရုပ်ရှင် ဂီတ စာပေ သဘင် အနုပညာသမား စစ်စစ်တွေလဲ ရှိနေပါသေးတယ်ဆိုတာကို သတိရပေးကြပါလို့ ... အလေးအနက်ထားပြီး မေတ္တာရပ်ခံပါရစေ။

နောက်ဆုံးနိဂုံးချုပ်အနေနဲ့ ခုလို အလှူအတန်းကိစ္စမှာ ခရိုနီ ခရိုပြာ ဝေဖန်နေတဲ့ သူတွေ အများစုက ဗုဒ္ဓဘာသာတွေဆိုရင် အထူးသတိပေးလိုတာက ...
အမေစု နဲ့ NLD ကို ..
ဦးတေဇကဘဲလှူလှူ ..
ဦးဇော်ဇော်ကဘဲ လှူလှူ ..
ဘယ်သူကဘဲ လှူလှူ ..
အများအတွက် ကလေးတွေအတွက် ပညာရေးအတွက် လှူတာဟာ မွန်မြတ်တဲ့ကိစ္စမို့ သာဓုခေါ်ပေးသင့်ပါတယ်။
တစ်ဦးချင်း တစ်ယောက်ချင်း အတွက် မဟုတ်ဘဲ အများအတွက် လှူတဲ့ ဒီအလှူမျိုးကို သံဃာတော်တွေတောင် ငြင်းဆန်ခွင့်မရှိတဲ့အတွက် လက်ခံပေးတဲ့ အမေစု ကို ဘာဆိုဘာမှ ဘယ်သူမှ ပြောပိုင်ခွင့်မရှိပါဘူး။
သာဓုမခေါ်နိုင်ရင်တောင် ဥပေက္ခာဘဲပြုခွင့်ရှိပါတယ်။

တကယ်လို့များ ကိုယ်က ကိုယ့် အထင်အမြင် နဲ့ တစ်ကယ် မှန်တယ်ထင်လို့ ပြောဆိုဝေဖန်မိတယ်ဘဲ ထားပါစေဦး
သူတစ်ဦးရဲ့ အလှူဒါနဆိုတာကို ဘာအကြောင်းနဲ့ မဆိုအပြစ်တင်ကဲ့ရဲ့ခြင်း တားမြစ်ပိတ်ပင်ခြင်း ကန့်ကွက်ဖျက်ဆီးခြင်း မပြုရဘူးလို့ ဘာသာတရားတိုင်းကလဲ ဆိုထားပါတယ်။
ပိုဆိုးတာက ခုလို လုပ်ခြင်းဟာ လှူနေတဲ့သူတွေကိုစော်ကားမိရုံ တစ်ခုထဲ မဟုတ်ပါဘူး အလှူခံပေးနေသူနဲ့ ၄င်းရဲ့ မူရင်း ရည်ရွယ်ချက်ဖြစ်တဲ့ အလှူကိုပါ ထိခိုက်စေပါတယ်။
သူတို့လို လှူချင်စိတ်ပေါက်လာမယ့်သူတွေကိုပါ မိမိစကားကြောင့် နောက်တွန့်သွားစေနိုင်တဲ့အထိ ထိရောက်သွားနိုင်ပါတယ်။

ခုလိုလုပ်လိုက်လို့ နောက်နောင် တိုင်းပြည်ရဲ့ အရေးတကြီး လိုအပ်ချက်တွေရှိလာတဲ့အချိန်တွေမှာ ငွေကြေးလဲတတ်နိုင်ပေမယ့် ပြီးခဲ့တဲ့ တစ်ခါတုန်းက ပိုက်ဆံလဲ သိန်းရာထောင်ချီလှူရသေးတယ် ပက်ပက်စက်စက် အဆဲလဲခံခဲ့ရသေးတယ်ဆိုရင် ဘယ်သူက လှူချင်တန်းချင်ပါတော့မလဲဗျာ။
ဒါဆိုရင် တိုက်ရိုက် နစ်နာသွားရတော့မှာ တစ်ကယ်လိုအပ်နေတဲ့ ဆင်းရဲသားတွေ နဲ့ ကလေးသူငယ်လေးတွေပါ။
ခုဝေဖန်လေကန်နေတဲ့ သူတွေ တစ်ယောက်မှ မပါပါဘူး။

အလှူဒါနတစ်ခုဖြစ်မြောက်ဖို့ဆိုတာ
  • အလှူရှင်ရဲ့ စစ်မှန်တဲ့ သဒ္ဓါတရား 
  • လှူဒါန်းနိုင်တဲ့ ကံ သို့မဟုတ် အခွင့်အရေး
  • အလှူခံတဲ့သူရဲ့ ဝမ်းမြောက်ပီတိ နဲ့ အသိအမှတ်ပြု လက်ခံရယူမှု ဆိုတဲ့ သုံးမျိုး ပေါင်းစပ်တိုက်ဆိုင်မှ အထမြောက်တဲ့အရာပါ။ 
ဗုဒ္ဓဘုရားရှင်ရဲ့ အဆိုအမိန့်အရ ..
အလှူဆိုတာ ကိုယ့်အိပ်ထဲကမစိုက်ဘဲ ဘေးကနေ သူတစ်ပါးရဲ့ အလှူအပေါ် အလှူရှင် ကိုယ်စား ဝမ်းမြောက်ပီတိစိတ်ကလေးနဲ့ သာဓုခေါ်ပေးတတ်ရင်ကို အလှူရှင် နဲ့ တန်းတူ ကုသိုလ်ရနိုင်သလို။
ကိုယ့်အိပ်ထဲကလဲ မပါသွားဘဲ သူများဘာသာ သဒ္ဓါပေါက်လို့ လှူတာကို ကဖျက်ကယက်ပြောဆိုပြုမူလုပ်ကိုင်မိရင်တော့ အကုသိုလ်က မိမိအတွက်ရော အလှူခံအတွက်ရော အလှူရှင် အတွက်ပါ သုံးဆရစေတဲ့အတွက် အရမ်းအပြစ်ကြီးလေးတယ် ဆိုတာ နားလည်သင့်ပါတယ်။

ဒါကြောင့် သူတစ်ပါးရဲ့ အလှူဒါနကို
ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဝေဖန် ပြစ်မှားနှောက်ယှက် ဖျက်ဆီးဟန့်တား ပိတ်ပင်တားမြစ် ခြင်းတို့ကို
ကာယကံ ဝစီကံ မနောကံ တည်းယူသော ကံသုံးပါးလုံးနဲ့
ဘာအကြောင်းနဲ့ဖြစ်စေ မပြုအပ်ပါဘူးတဲ့။


တစ်ချို့က လူလည်လုပ်ပြီး FB မှာ BLOG မှာရေးတာ ကံသုံးပါးထဲမှာ မပါဘူးလို့ ထင်နေသူတွေကို အလွယ်ဆုံးရှင်းပြမယ်နော်။

စာရေးတယ် စာရိုက်တယ် ဆိုတာ ကိုယ်တိုင်လက်နဲ့ လုပ်ရတဲ့အတွက် တစ်ခါထဲ ကာယကံမြောက်ပြီးဖြစ်ပါတယ်။
စာရေးတယ် ဆိုတာ မိမိရင်ထဲက စကားကို စာနဲ့ ပြောကြားခြင်းဖြစ်တဲ့အတွက် အသံမထွက်ပေမယ့် စကားပြောခြင်းတစ်မျိုးဘဲမို့ ဝစီကံလဲမြောက်ပါတယ် ၊ အ အ တွေ ဝစီကံသင့်မသင့် ဆိုတာ ဖတ်ဖူးရင် သိကြမှာပါ။
စာရေးတယ် ဆိုကထဲက စဉ်းစားပြီးမှ ရေးရတာဖြစ်တဲ့အတွက် မနောကံလဲ မြောက်ပါတယ်။

ဒါဆို သူများ ရေးထားတာ ပြန် SHARE တာ E-MAIL ပို့တာ မပါဘူးဆိုပြီး စောဒကတက်ချင်လာတဲ့ MR. & MRS. SMARTY တွေရှိကောင်းရှိမှာပါ။

ပြန် Share တာဟာလဲ သူများစကား (စာ) ကို စိတ်ထဲကဖတ်ကြား ပြီး သဘောတူလို့ မနောကံ မြောက်သွားတော့မှ သူများကို ဝစီကံ မြောက် စာနဲ့ လက်ဆင့်ကမ်း ပြန်ပြောဖို့ ကာယကံမြောက် SHARE ဆိုတာ / FORWARD ဆိုတာ ကို နှိပ်ရတာ မို့ ကံသုံးပါးလုံး မြောက်ပါတယ်ခင်ဗျာ။ 
(LIKE) လုပ်တာဟာလဲ တူတူပါဘဲနော် ကပ်မေးကြမှာသိလို့ပါ။

ကဲ ခု သိကြပြီနော် Internet ကြောင့် ကံ သုံးပါးလုံး ထိုက်နိုင်တယ်ဆိုတာကို။

ဒါတွေကို သိမြင်ခဲ့လို့ ကိုယ့်စကား ကိုယ့်အပြောကြောင့် တစ်ခြား အလှူရှင်တစ်ဦးရဲ့ ဒါနစိတ်မှာ လှူပြီးမှ အနှောက်အယှက်ဖြစ်သွားစေမယ် မလှူခင်မှာဘဲ ပျက်ပြယ်သွားစေမယ်ဆိုရင် ငရဲကျပြီးရင်တောင် သုစိမုခ (ခံတွင်း အပ်နဖားမျှလောက်ရှိသောပြိတ္တာ) ထပ်ဖြစ်တတ်တယ်လို့ ဗုဒ္ဓက သေချာ ဟောထားခဲ့တာပါ။

အစားအသောက်ကောင်းတွေ ပါတ်လည်ဝိုင်းနေတာ မျက်စေ့က မြင်နေရပေမယ့် အပ်ပေါက်ထက်သေးတဲ့ပါးစပ်လေးကြောင့် မစားနိုင်ဘဲ ထာဝရ ငတ်မွတ်ခြင်းနဲ့သာနေထိုင်ရှင်သန်ရတဲ့ ငရဲ တစ်မျိုးပေါ့နော်။


ဒီတော့ အဆုံးသပ်ပြောချင်တဲ့စကားလေးကတော့ ...
အစိုးရကို ဖြစ်စေ ..
မည်သည့်စီးပွားရေးလုပ်ငန်းရှင်တွေကို ဖြစ်စေ ..
ဘယ်သူ့ကို ဘာကြောင့်ဘဲ ဖြစ်စေ .. 
မကျေနပ်လို့ နာကျည်းနေလို့ စိတ်နာမိနေတာတစ်ချက်ထဲနဲ့ ၄င်းတို့ ပြုလုပ်လတ္တံ့ ပြုလုပ်ဆဲ ပြုလုပ်ပြီးခဲ့သော ကောင်းမှုကုသိုလ်ဆိုတာတွေကို အကြောင်းသုံးပါး ကိုက်ညီခြင်း ရှိမှန်းမရှိမှန်း သေသေချာချာမသိဘဲ အထင်နဲ့ ခံစားမှု ကိုဘဲ အခြေခံပြီး ကံသုံးပါးနဲ့ စော်ကားမိခဲ့ရင် သေလွန်တဲ့အခါ ပြိတ္တာ ဖြစ်တတ်တယ်ဆိုတာလေးကို ...

" စိတ်နာ လို့ ပြိတ္တာ မဖြစ်စေနဲ့ " လို့ မေတ္တာရှေ့ထားပြီး သတိပေးလိုက်ရပါတယ်ခင်ဗျား ။ ။


ထာဝရမေတ္တာဖြင့်


မျိုးချစ်မြန်မာ

Tuesday, October 2, 2012

" မိဘ မဲ့ နေတဲ့ မြန်မာပြည် "




ခုတစ်လော FB နဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ မြန်မာအများစုက သမ္မတကြီး ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အပေါ် သိသိသာသာ ပြောင်းလဲလာတဲ့ ရပ်တည်မှုတွေကို သုံးသပ်မိရင်း မြင်လာတဲ့ အချက်တွေကို ထောက်ပြချင်ပါတယ်။

လောလောဆယ် မြင်နေတဲ့ထဲက အဓိက အားကောင်းနေတဲ့ ငြင်းဆိုမှု တစ်ခုကတော့ ...

ဒေါ် အောင်ဆန်းစုကြည် ကို ထောက်ခံရင် သမ္မတကြီး ကို မထောက်ခံရဘူး ..
သမ္မတကြီး ကို ထောက်ခံရင် ဒေါ်အောင်ဆန်းစုကြည် ကို မထောက်ခံရဘူး .. လို့ အခြေခံထားတဲ့ ..

" ဖက်ရွေးချယ်ရပ်တည်မှု " လို့ လွယ်လွယ်ပြောလို့ရတဲ့ စိတ်သဘောထားတွေကိုဆိုလိုပါတယ်။

အဲ့ဒိလို တစ်ဖက်ထဲက အမြဲရပ်ဖို့ ခံယူတာက မှ ပြတ်သားပြီး သစ္စာရှိတဲ့ ခံယူချက် ဖြစ်တယ် လို့ ယုံကြည်နေခြင်းဟာ ဗုဒ္ဓဘုရားရှင်သာမက ဘုရားရှင် အားလုံးရဲ့ အဆုံးအမတွေနဲ့ လုံးဝ လွဲချော်နေတယ်ဆိုတာ မသိတဲ့ သူတွေကလဲ ခုချိန်ထိတောင် အရမ်းများနေပါသေးတယ်။

ပိုဆိုးတာက အဲ့လို လွဲမှားမှု ကို အထူးတွန်းအားပေးနေတဲ့ ရန်/ငါ စည်းပြတ်ရမယ် ဆိုတဲ့ မှန်သယောင်နဲ့ အစွန်းရောက်နေတဲ့ အစွဲတစ်ခုဟာလဲ နိုင်ငံရေး/တော်လှန်ရေး သမားလို့ ကိုယ့်ဘာသာခံယူထားသူတွေ ရဲ့ ခေါင်းတွေထဲမှာ ခိုင်မာစွာ ရှိနေသေးတာပါဘဲ။

ဒီလို လူတွေကို မေးခွန်းတစ်ခုမေးချင်မိပါတယ် ...

တရားရုံးတစ်ခုမှာ ပေါ့ ...
အားနည်းတဲ့ ဖက်ကဘဲ အမြဲ ရပ်ပေးတဲ့ တရားသူကြီး နဲ့ ..
အားသာတဲ့ ဖက်ကဘဲ အမြဲ ရပ်ပေးတဲ့ တရားသူကြီး .. နှစ်ဦး မှာ
ဘယ်တရားသူကြီးက ပိုပြီး သီလ သစ္စာ သမာဓိ ရှိတယ် ၊ တရား မျှတ မှန်ကန်တယ် ထင်ပါသလဲ။

.....

:)

.....

အဖြေမှန်က အဲ့ဒိ တရားသူကြီး နှစ်ယောက်လုံး တရား မျှတ မှန်ကန်မှုရော သီလ သစ္စာ သမာဓိ ပါ ဘာမှ မရှိပါဘူး။

တရားသူကြီးဟာ ဘယ်တော့မှ ဘာအကြောင်းနဲ့ မှ တရားလို ရော တရားခံ ဖက်ကပါ ပုံသေ အမြဲ ရပ်ပေးခွင့်မရှိပါဘူး။
သူ့တာဝန်ဟာ တရားဥပဒေ ရဲ့ စည်းမျဉ်းဘောင်အတွင်းကနေ အမှန်တရားဖက်ကဘဲ ရပ်ပေးရမှာသာဖြစ်တယ်။
ဒီတော့ သူဘယ်ဖက်ကရပ်ပေးရမယ်ဆိုတာ အမြဲတမ်း ပုံသေ မရှိသလို ရှိလို့လဲ မရပါဘူး။

အဲ့ဒိလိုပါဘဲ ..

တိုင်းပြည်ရေး နိုင်ငံရေး နဲ့ ပါတ်သက်လာရင် ထောက်ခံဖို့ ပါတီ သို့မဟုတ် ခေါင်းဆောင် ပုဂ္ဂိုလ် ရွေးချယ်တဲ့အခါမှာလဲ လူတိုင်းဟာ တရားသူကြီး တစ်ဦးရဲ့ စိတ် ထားနိုင်ရမယ်။

ပါတီ ခေါင်းဆောင် သို့မဟုတ် ကိုယ်စားလှယ် တဦးချင်းစီ ရဲ့ ..
လုပ်ဆောင်မှု စွမ်းရည် ..
အပြော နဲ့ အလုပ် ညီမျှမှု ..
သီလ သမာဓိ စေတနာ မှန်ကန်မှု .. ဆိုတဲ့ အချက်တွေ အားလုံး ပေါ်မှာ မူတည်ပြီးမှသာ တကယ်မှန်ကန်တဲ့ဖက်ကအမြဲ ပြောင်းလဲ ရပ်တည်ပေးနိုင်ရမှာဖြစ်ပါတယ်။
အဲ့လို ရပ်လိုက်တိုင်းမှာလဲ မိမိ စိတ်ထဲမှာ မိမိ ရပ်တည်မည့်ဖက်သည် အကြွင်းမဲ့ မှန်ကန်ကြောင်းကို ရိုးသားစွာ ယုံကြည်နေရပါမယ်။

ဒီမှာ မေးစရာ တစ်ခုရှိလာပါတယ်နှစ်ဖက်လုံးက (မှန်နေရင် / မှားနေရင်) ရော ဆိုတာပေါ့အဖြေက ခက် မယောင်နဲ့ လွယ် ၊ ရှုပ် မယောင်နဲ့ ရှင်းပါတယ်

မှားနေရင် ..

နှစ်ဖက်လုံး ကို အပြစ်ဒါဏ် ပေးရမှာပေါ့ ..
ပြီးမှ မှားနေတာကို နှစ်ဖက်လုံး တကယ်လက်ခံပြီး ကျေလည်တဲ့အထိ ဆွေးနွေး ညှိနှိုင်းပြီး ပြေလည်တဲ့ထိ ပူးပေါင်း ဆောင်ရွက်ခိုင်းရမှာပေါ့။

မှန်နေရင် ..

နှစ်ဖက်လုံးကို မှန်ကန်တဲ့အကြောင်း ချီးကျူးထောပနာအရင်ပြုရမှာပေါ့ ..
ပြီးမှ နှစ်ဖက်လုံး ကို ဘယ်နေရာလေးမှာ သူတို့ စပြီး ကွဲလွဲသွားတယ်ဆိုတာကို ပြန်သိအောင် အသေးစိတ် နောက်ပြန် ပြန်စဉ်းစားဆန်းစစ်ခိုင်းပြီး အဲ့ဒိလို အမှားမျိုးလေးကို နောက်တစ်ခါ ရှောင်ကြဉ်တတ်အောင် သင်္ခန်းစာ ယူခိုင်းရမှာပေါ့။

အဲ့ဒိလိုပါဘဲ

နိုင်ငံရေးမှာလဲ မိမိ ဟာ အတိုက်အခံ အဖွဲ့အစည်း နှစ်ဖက် ကြားထဲမှာ ရောက်နေရင် ကြားညပ်နေပြီ ဆိုတဲ့ စိတ်မျိုး မဝင်ပါစေနဲ့။
မိမိရပ်တည်ချင်တာ အဲ့ဒိ အဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေ ရဲ့ ဖက်ကမဟုတ်ဘူးဆိုတာ အရင်ဆုံးသတိရပါ။

မိမိရပ်တည်ရမှာ တိုင်းပြည်နဲ့ ပြည်သူတွေ ရဲ့ ဖက်က တစ်ခုထဲ ဆိုတာကို သေချာ မြင်အောင် ကြည့်နိုင်သွားတဲ့အခါ ..
အရင်ကရှိနေတဲ့ မီးခိုးရောင်နယ်မြေ တွေ အားလုံး အတွေးမြင်ကွင်း ထဲမှာ ပျောက်ကွယ်သွားပြီး ကိစ္စ ပြသနာတစ်ခုချင်းဆီ ပေါ်မှာ မူတည်ပြီး မှန်ကန်တဲ့ဖက် က ဘယ်ဖက်လဲဆိုတာ သူ့ဘာသာ အဖြူ နဲ့ အမဲ ထင်းကနဲ ပေါ်လွင်လာမှာပါ။

လောကမှာ ဘာတွေဖြစ်နေနေ တစ်ဖက်ထည်းက အမြဲရပ်မယ်ဆိုတဲ့ စိတ်ဟာ မှန်ကန်တဲ့ သစ္စာတရား နဲ့ ရပ်တည်ခြင်း မဟုတ်ပါဘူး။

မိမိ နှစ်သက်ပြီးသားဖက်ကလိုက်ပြီး အတ္တ နဲ့ တစ်ဖက်သတ် ကာဆီးဖုံးကွယ်ခြင်း သာဖြစ်ပါတယ်။

ဦးသိန်းစိန် ဘာတွေဘဲ ကောင်းတာလုပ်လုပ် သူက စစ်ဖက်ကလာတာမို့ သူတည်တဲ့ ဘုရားတောင် ဦးမချဘူး ..
ဦးသိန်းစိန် ဘာတွေ ကောင်းတာလုပ်လုပ် ငါတို့ကတော့ ဒေါ်အောင်ဆန်းစုကြည် လူဖြစ်တဲ့အတွက် ဦးသိန်းစိန် ကို လုံးဝ အသိအမှတ်မပြုဘဲ ရှုံ့ချ ပျက်ရယ်ပြုရမယ် ..
ဆန့်ကျင်ရမယ် .. ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ထားမယ်ဆိုရင် သင်ဟာ အင်မတန် မိုက်မဲပြီး အတွေးအခေါ်နိမ့်ကျသူသာ ဖြစ်နေပါလိမ့်မယ်။

(ဒီနေရာမှာ စကားဥပမာ အနေနဲ့ ပြောခြင်းသာဖြစ်ကြောင်း သတိချပ်စေလိုပါတယ်)

ဒီကနေ ဆင့်ပွားပြီး ဆက်တွေးမယ်ဆိုရင်

ဒေါ်အောင်ဆန်းစုကြည် က လွဲပြီး လောကမှာ တစ်ခြား သူ့လို မှန်ကန်စွာ တွေးခေါ်တတ်သူမရှိနိုင်ဘူး။
ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုသာ မျက်စေ့စုံမှိတ်ပြီး အသက်ပေး ကိုးကွယ်သွားမယ်ဆိုတဲ့ စိတ်ဟာလဲ ထိုနည်းတူစွာ အစွန်းရောက် မိုက်မဲခြင်းသာဖြစ်ပါတယ်။

ရင့်ကျက်ပြီး စစ်မှန်ပြည့်ဝတဲ့ နိုင်ငံရေးအတွေးအခေါ်မှာ ခုလို ပုံသေမူဝါဒတွေ မရှိရပါဘူး။

ဒါကို အမေစု ကိုယ်တိုင်လဲ အာပေါက်မတတ်ပြောနေတာ နှစ်ပေါင်းလဲ မနည်းတော့ပေမယ့် မြန်မာ လူမျိုးများ ဟာ ပုဂ္ဂလိက ခံစားချက်နဲ့ ပုဂ္ဂိုလ်စွဲ အဖွဲ့စွဲတွေ က နေ မကျွတ်နိုင်ကြသေးတာဟာ အမိနိုင်ငံတော်ရဲ့ အနာဂါတ်လမ်းမမှာ ကြိမ်ဖန်များစွာ အနှာက်အယှက် ပေးလာမယ့် ဆူးညှောင့်ခုလုပ်တွေ ဖြစ်လာတော့မယ်ဆိုတာကို လေးနက်စွာ သတိပေးလိုပါတယ်။


ခုဆိုရင်လဲ သမ္မတ ကြီး နိုင်ငံခြားက ပြန်လာတဲ့အခါ သွားကြိုကြတဲ့ ..
ပြည်သူတွေ ကို ..
ဝန်ထမ်းတွေကို ..
အနုပညာသမားတွေကို .
နိုင်ငံရေးသမား ဆိုသူတွေက ..
ထုံးစံအတိုင်း မျက်နှာလဲ မပြ အမည်ရင်းလဲ မသုံးဘဲနဲ့ အမျိုးမျိုး အဖုံဖုံ ဆဲဆိုနေကြတာတွေ စဉ်ဆက်မပြတ် ကြားနေရတာ အားလုံးလဲ သိပြီး တွေ့ပြီး ကြားပြီး ဖြစ်ပါလိမ့်မယ်။

ပထမ ဆုံး တစ်ချက် သိထားရမှာက ..
ဒေါ်အောင်ဆန်းစုကြည် ကို ဘာကြောင့်မဆို ချစ်လို့ လေးစားလို့ သွားရောက်တွေ့ဆုံခဲ့ ဂါရဝ ပြုခဲ့မိဖူးရင် သမ္မတကြီး ဦးသိန်းစိန် သို့မဟုတ် အစိုးရပိုင်းက လူကြီးသူမ တစ်ဦးဦးကို လေးချစ်ခင်နှစ်သက်ခြင်းဆိုတာ မထုတ်ဖေါ် မပြသ ရတော့ဘူးလို့ ဘယ်လိုမှ ဆက်စပ်တွေးခေါ်စရာ အကြောင်းမရှိပါဘူး။

နိုင်ငံရေးဟာ ဘာသာတရား ထက်တောင် ပိုလွတ်လပ်ပါသေးတယ်။
ဘာသာတရားမှာတောင် ဘာသာမတူတဲ့ အိမ်ထောင်တစ်ခုမှာ မိရိုးဖလာ နှစ်ဘာသာလုံး ကိုးကွယ်ပိုင်ခွင့် ရှိသေးတာဘဲလေ။

ဒါမျိုး မရင့်ကျက်တဲ့ ကလေးကလား အတွေးအခေါ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လဲ ဘယ်တော့မှ လက်ခံအားပေးမှာ မဟုတ်ပါဘူး။

နိုင်ငံရေး အမျိုးသားရေး နဲ့ ပါတ်သက်တဲ့ ခံစားမှုကို တလင်တမယား စနစ်နဲ့ ရောပြစ်လို့ မရပါဘူး။
တစ်ဦးတစ်ယောက်ကို လေးစားယုံကြည်မိပြီးရင် ကျန်တဲ့သူတွေကို အကုန် ဆန့်ကျင် တိုက်ခိုက် ဖိနှိပ် ရမယ်ဆိုတာ ဘာသာမဲ့ ဒိဌိတွေရဲ့ စရိုက်ပါ။

ဒီနေရာမှာ ပြည်တွင်းပြည်ပ က အစိုးရ ဆန့်ကျင်သူများ ပြန်နားစွင့်လေ့လာထားရမယ့် တစ်ချက်က ..
Popularity Vote လို့ခေါ်တဲ့ ပြည်သူတွေရဲ့ နှစ်သက်အားပေးခြင်း မဲ အရေအတွက်မှာ ဦးသိန်းစိန် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်ဘောင်တန်းနိုင်နေတဲ့ အနေအထားကို ၂၀၁၂ နှစ် နှစ်ဦးပိုင်းအတွင်းမှာထဲက ခိုင်မာစွာ ရောက်ရှိရပ်တည်နေခဲ့ပြီးပြီဆိုတာပါဘဲ။

ဒါကို Internet မှာ Google မှာ Research လုပ်လို့မရပါဘူး။
ဘယ် တက္ကသိုလ်က ပါမောက္ခ ကိုမှလဲ မေးလို့မရပါဘူး။
အမှန်ဆုံး နဲ့ အမြန်ဆုံး အဖြေကိုလိုချင်ရင် မြန်မာပြည် လမ်းမတွေပေါ်က ပြည်သူတွေ ဆင်းရဲသားတွေ ကို ခုချက်ချင်း သွားမေးကြည့်လိုက်ပါ။
သူတို့ အားလုံးနီးပါး တညီတညွတ်ထဲ သမ္မတကြီး ကို ခု သူတို့ဘယ်လောက် ချစ်နေကြပြီဆိုတာ ပြောပြပါလိမ့်မယ်။
တစ်ချိန်ထည်းမှာဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ သူတို့ ဘယ်လောက်ချစ်ကြောင်း ပြောပြပါလိမ့်မယ်။
ဒီလူတွေဟာ ဘာနဲ့မှ လာဘ်ထိုးခံထားရတဲ့သူတွေ မဟုတ်ပါဘူး။
ဘာမှိုင်းမှ မိနေတဲ့သူတွေလဲ မဟုတ်ပါဘူး။
သာမန်တွေးတောစဉ်းစားဥာဏ်အဆင့်ထက် မနိမ့်တဲ့ သာမန်ပြည်သူတွေပါဘဲ။

ဒါဟာ ဘာလို့ ဆိုတာကလဲ သမ္မတကြီး သိပ်တော်လို့ သိပ်ကောင်းလို့ ဆိုတာတွေကြောင့် မဟုတ်ပါဘူး။

ဒါကို ကျွန်တော် လေ့လာထားသလိုဘဲ ရိုးသားစွာ ရှင်းပြပါရစေနော် ။
အချိန်တော့ နည်းနည်းပေးပါလို့ မေတ္တာရပ်ခံပါတယ်။

သနားစရာကောင်းလွန်းလှတဲ့ မြန်မာပြည်သူတွေဟာ
လွန်ခဲ့တဲ့ နှစ် ပေါင်း ၆၀ ကျော်လုံးလုံး ..
မသာယာတဲ့ အိမ်ထောင်စုတစ်ခုမှာ အမြဲတမ်း အနှိပ်စက် အကန်ကျောက် ခံနေခဲ့ရတဲ့ ..
ဘယ်တုန်းက မှ မျက်နှာကောင်းမရ အချစ်မခံရ အကြင်နာနဲ့ နွေးထွေးငြင်သာစွာ ဆက်ဆံခြင်းကို မခံခဲ့ရ တဲ့ ..
မိဘမဲ့ မွေးစားကလေးတွေလို ဖြစ်နေခဲ့ပါတယ်။

သူတို့ဟာ မိဘ နဲ့ တူတဲ့ အစိုးရ ဆိုတာကို ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးကြရှာတာပါ။

သူတို့ဟာ တခြား ကလေးတွေ (တခြားနိုင်ငံတွေက ပြည်သူတွေ) လို ..
သူတို့ရဲ့ မိဘရင်း ဖြစ်တဲ့ အစိုးရ ကို အားရပါးရ ချစ်ခင် အားကိုးချင် နေခဲ့ကြရှာတာပါ။
သူတို့ မှာ အဲ့ဒိလို ချစ်ပြခွင့် ဘယ်တုန်းကမှ မရခဲ့ဖူးကြရှာပါဘူး။
ရခွင့်လဲ အရင် အစိုးရတွေက ဘယ်တုန်းကမှ မပေးခဲ့ဘူးလေ။
ခလေးတွေ ဘာလိုချင်လဲ ဆိုတာ သိနေရက်နဲ့ ..
ညှာတာမှု နဲ့ အလိုလိုက်ပြီးဖြစ်ဖြစ် ..
ခဏလေးဘဲ ဟန်ဆောင်ပြီး ဖြစ်ဖြစ် ..
တစ်ခါလေးတောင် မကြင်နာပြခဲ့ကြပါဘူး။
သူတို့ရဲ့ ခံစားချက်တွေကို ရက်စက် ပြောင်တင်းစွာဘဲ ဥပေက္ခာပြုခဲ့ကြပါတယ်။

ဒါပေမယ့် မေတ္တာတရားကြီးမားလွန်းတဲ့ မြန်မာ လူမျိုးတွေဟာ တွေဟာ အစိုးရ (ခေါင်းဆောင်) ရဲ့ မေတ္တာကို အင်မတန် ငတ်မွတ်နေလွန်းတော့ သူတို့ကို ဘယ်လောက်ဘဲ ဆိုးရွား နှိပ်စက်ကလူပြုခဲ့ပါစေ ..
ဘယ်လောက် နာကျင် မောပန်း ငိုကြွေး ခဲ့ရပါစေ ..
ခါးသီးလွန်းတဲ့ ကြားထဲကလဲ ဘယ်တုန်းကမှ မရခဲ့တဲ့ အစိုးရရဲ့ မေတ္တာကို တိတ်ဆိတ်စွာ ခိုးပြီး မျှော်လင့်မိနေကြဆဲပါ ဆိုတာကို တစ်ချက်တစ်ချက် လှစ်ကနဲပေါ်လာတဲ့ အချိန်လေးတွေ မှာ ထင်ရှားစွာ ပြသခဲ့ကြရှာတာ ရင်နာစရာအရမ်းကောင်းတဲ့ မြန်မာပြည်သူတွေ ရဲ့ ဘဝတွေပါဘဲ။

သူတို့ တစ်သက်မှာ တစ်ခါမှ သက်ရှိထင်ရှား မမြင်ဖူးလိုက်တဲ့ ..
တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ယူသွားပေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးကိုတောင် ..
စုတ်ပြတ်နေတဲ့ ငွေစက္ကူလေးတွေက တဆင့် ..
ဟောင်းနွမ်းနေတဲ့ ရုံးခန်းတွေရဲ့ ဓါတ်ပုံလေးတွေကနေတဆင့် ..
ခြစားသွားတဲ့ စာမျက်နှာလေးတွေကနေတဆင့် ..
စိတ်ထင်နဲ့ ဝိုးတဝါး ခန့်မှန်းပြီး ချစ်ခင်ကြည်ညိုနေခဲ့ကြရရှာတာပါ။

ဘာလို့လဲ ဆိုတော့ ဗိုလ်ချုပ်ဟာ မြန်မာပြည်သမိုင်းမှာ တစ်ဦးတည်းသော ..
ပြည်သူတွေကို တစ်ကယ် ချစ်ပြခဲ့တဲ့ ..
ပြည်သူတွေရဲ့ မေတ္တာကို တကယ် ရရှိခဲ့တဲ့ ..
ပြည်သူတွေကလဲ တကယ် ယုံကြည် ချစ်ခင်လေးစားခဲ့တဲ့ ..
ပထမဆုံးနဲ့ နောက်ဆုံးသော ..
ပြည်သူတွေရဲ့ ခေါင်းဆောင် ဖခင် တစ်ဦး ဖြစ်နေခဲ့လို့ပါဘဲ။

မြန်မာတွေဟာ တိုင်းပြည်ရဲ့ အနစ်မွန်းဆုံး အချိန်တွေ တိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလိုမျိုး ဘွားကနဲ အိပ်မက်ဆန်စွာ ပေါ်လာမယ့် သူရဲကောင်းတစ်ဦး ကို နှစ်ပေါင်းများစွာ ကျိတ်မှိတ်မျှော်လင့်နေခဲ့ရရှာတာပါ။
အဲ့ဒိလိုဘဲ ၈၈ မှာ သူတို့ အကြီးအကျယ် မျှော်လင့်ခဲ့ကြတာက ဗိုလ်ချုပ်ရဲ့ သားအကြီး အောင်ဆန်းဦး ..
တကယ် မထင်မှတ်ဘဲ ရောက်လာတာက သမီးငယ် ဒေါ်အောင်ဆန်းစုကြည် ..
ဒါပေမယ့် မြန်မာတွေမှာ ချေးများပြီး ရွေးချယ်နိုင်ချိန်တောင်မရတော့ဘဲ ပူပူနွေးနွေး ရောက်လာတဲ့ တစ်ခုတည်းသော သက်ရှိ ကောက်ရိုးမျှင်လေးကို တစ်တိုင်းပြည်လုံးက ဘဝရော အသက်တွေရော ပုံပြီး ကို ယုံပစ်လိုက်ကြတာ (၂) နှစ်အတွင်း ဖြစ်လာတဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်တွေက သက်သေခံနေပါတယ်။

ဒီနေရာမှာ စကားစပ်မိလို့ ကျွန်တော် မြန်မာတွေ ကို အရမ်းသနားသွားမိတဲ့ .. တစ်သက်လုံး ဘယ်တော့မှ မေ့လို့မရတော့တဲ့ မိနစ်ပိုင်း အချိန်လေး တစ်ခုကို ထည့်ပြောပါရစေ။ ..

၂၀၀၇ ခုနှစ် စက်တင်ဘာလ နှောင်းပိုင်း သံဃာ့ အရေးအခင်းတွေ စ အဖြိုခွဲခံရတဲ့ ညပိုင်းတွေပေါ့ ..

ကျွန်တော် က Blog စရေးကာစ နိုင်ငံ့သတင်းကို နာရီတိုင်း မိနစ်တိုင်း စိတ်တက်ကြွစွာ မအိပ်မနေ နားစွင့်နေ တင်ပြနေဆဲ အချိန်တွေ ..
အဲ့ဒိမှာ သတင်းတွေက ညဖက်မှာ အင်တာနက်ကို ဝင်လာတုန်းက နေ့လည်က မြို့ထဲမှာ ဘယ်နှစ်ယောက်သေသွားတယ် ..
ညနေဖက် ဘယ်ဘုန်းကြီးကျောင်းတွေ ကို စစ်သားတွေ လာဝင်ဖျက်သွားတယ် လာရိုက်သွားတယ် လာဖမ်းသွားတယ် ..
ခု ဘယ်မှာ လာဖမ်းနေပြီ .. ဘာညာ .. ဆိုတော့ On Line ပေါ်က ကြားရသူ ဖတ်ရသူ မြန်မာတွေမှာ ငိုကြီး ချက်မ နဲ့ပေါ့ ..၊

အဲ့ဒိထဲ ကျွန်တော်လဲ ရှေ့ဆုံးက ပါပါတယ်။
ကိုယ်တွေက နဂိုထဲက မှ မျက်ရေ က လွယ်ပါဘိသနဲ့ .. အဲ့လိုမျိုး တွေ ကြားလိုက်ရင် လူက ဖျတ်ဖျတ်မလူးယုံတမယ် ကျန်တော့တာလေ။

ဒီမှာတင် မြန်မာတွေဟာ ထုံးစံအတိုင်း စစ်သားတွေ ရဲတွေ လုံထိန်းတွေ ကို ဆွေစဉ်မျိုးဆက် ၇ ဆက် လုံးလုံး မအေ နှမ ဘိုးဘွားက အစ မြေးမြစ်တီတွတ် အဆုံး သူတို့ ပိုင်သမျှ အင်္ဂါပစ္စည်း ရှိသမျှ အကုန် တတ်ပြီး ဆဲနည်းကျမ်းကြီး ပြုစုလို့ရအောင် ကို ဆဲကြတော့တာဘဲဗျို့ ...
မြန်မာစကား မှာ အဲ့ဒိလောက် ပက်ပက်စက်စက်ဆဲလို့ရတဲ့ စကားလုံးတွေ နည်းပညာတွေရှိမှန်းကို တောင် အဲ့ဒိတော့မှ တကယ် သိခွင့်ရခဲ့တာပါ။

ဆဲမှာပေါ့ဗျာ ကိုယ် ကိုးကွယ်တဲ့ ဘုန်းကြီးတွေ ကို ရိုက်သတ် တာ ခံနေရပြီ ဆိုတော့ လူဘဲဗျာ ဝမ်းမနည်းဘဲနေမလား။
အစကတော့ အံတွေကြိတ် တောက်တွေ ခေါက် နဲ့ ပေါ့ ..
နောက်တော့ ဘယ်လိုမှ ထိန်းမရတော့ဘဲ တပေါက်ပေါက် နဲ့ ကျလာတဲ့ မျက်ရေတွေ ဆိုတာ မပြောနဲ့တော့။
အဲ့ဒိရက်ပိုင်းက တစ်ကမ္ဘာလုံးမှာ မြန်မာတွေကြောင့် Tissue Paper တွေတောင် ပြတ်မသွားတာကံကောင်းတယ်မှတ်။

ဒါ တွေက မသိလိုက်တဲ့သူတွေ သိအောင် မြင်သာအောင် ပြောပြတာပါဗျာ။
ဒါတွေက ထူးဆန်းတာတော့ မဟုတ်ပါဘူး။
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဘဲ လူတိုင်း ချစ်တတ် နာတတ် ဝမ်းနည်းတတ်ကြတာပေါ့ မဟုတ်ဘူးလား။

အဲ .. ထူးဆန်းတာက နောက် တစ်နာရီလောက်မှာ စတာဗျ ..။

ရုပ်တရက် ကြားဖြတ်သတင်းဆိုပြီး ဝင်လာတယ်။

" မန္တလေးတိုင်း လေတပ်နဲ့ ကြည်းတပ်က တပ်မ တစ်ချို့က အာဏာ ဖီဆန်တယ်ဆိုပြီး ရန်ကုန်နဲ့ ပျဉ်းမနား ဖက်ကို တိုက်လေယဉ်တွေ စလွှတ်လိုက်ပြီ " .. တဲ့။

" ရန်ကုန်ကိုလဲ တပ်မ (**) က စစ်ကားတွေ အများကြီး လာနေပါပြီ " ဆိုပြီး ခုနောက်ပိုင်း ကောလဟာလတွေ အင်ထုများတယ်လို့ နာမည်ကြီးတဲ့ သတင်းဌာန တစ်ခုက အချိန်နှင့် တပြေးညီ ဆိုပြီး ဖွလိုက်ပါကရောဗျ ..

လားလား ..
အဲ့ဒိ မိနစ်ပိုင်းကလေးမှာ ကျွန်တော် တို့ မြန်မာတွေရဲ့ အင်မတန် ချစ်စရာ သနားစရာကောင်းတဲ့ ရိုးသားမှု အားကိုး ယုံကြည်လွယ် မှု တွေ အပြင် သူတို့ ရင်ထဲမှာ နှစ်ပေါင်းများစွာ ကိန်းဝပ်နေခဲ့တဲ့ စစ်တပ်ကို အားကိုးချင်နေတဲ့ စိတ်တွေ ဆိုတာ ရေမွှာပေါက်သလို ဘွမ်းကနဲ ကို ပွင့်ထွက်လာတော့တာပ။

ခုဏလေးတင်ဘဲ မအေ **  နှမ **  စစ်သားတွေ လို့ စစ်တပ်ကိုရော အချင်းချင်းရော အော်ဟစ်ဆဲဆိုနေတဲ့သူတွေ အားလုံး ချက်ချင်းကြီး ဆေးကြိမ်လုံးနဲ့ ဇော်ဂျီတောင်ဝှေးနဲ့ တို့လိုက်သလို ညီညွတ်စွာ ပြောင်းလဲ သွားပါတော့တယ်။

ဟာ တစ်ခါထဲ .. မအေ ** စစ်သားတွေ ပြောနေတဲ့သူတွေကဘဲ ချက်ချင်း ဒါမှ ငါတို့ တပ်မတော်သားတွေကွ ဆိုပြီး ဖြစ်ကုန်ပါရော။

(ဒို့ဗမာ တွေရဲစွမ်းပြမည် အာဇာနည်ပြီပြီ) ဆိုပြီး အော်သူကအော် ..
(ပြည်သူချစ်တဲ့ မန္တလေးလေတပ် နဲ့ တပ်မ (**) က တပ်မတော်သားတွေ ကျမ္မာပါစေ ချမ်းသာပါစေ) ဆုတောင်းတဲ့သူတွေကတောင်း .
နိုင်ငံတော် သီချင်း (ကမ္ဘာမကြေ) ကို စာသားတွေချည်း ထရေးတဲ့သူကရေး ...
သီချင်း လင့်တွေ ရှာတင်တဲ့သူကတင်နဲ့ ..
စိတ်ထဲ ဒုတိယအကြိမ် လွတ်လပ်ရေးတောင်ရသွားပြီလား အောက်မေ့ခဲ့ရတယ်ဗျာ .. တကယ်ပါ။

၈၈ တုန်းက စစ်သားတွေ ပထမ ဆုံး ဆန္ဒစပြတဲ့ နေ့လိုပါဘဲ။
ပြန်တွေးတိုင်း ကြက်သီးတွေတောင် ထမိပါသေးရဲ့။
အနီးအနားမှာသာဆိုရင် ငယ်ငယ်တုန်းက တပ်မတော်နေ့ TV မှာ လာတဲ့ထဲကအတိုင်း မကြီးမငယ်နဲ့ သပြေပန်းတွေတောင် သွားကမ်းချင်စိတ် တဖွားဖွားပေါက်မိပါရဲ့ဗျာ တကယ်ပြောတာပါ။

ဒါတွေ အားလုံးဟာ ဒီ လူတွေ အားလုံးရဲ့ စိတ်တွေထဲမှာ ကျွန်တော့်ရဲ့ စိတ်တွေထဲမှာ နာရီ ပိုင်းအတွင်းမှာ ချက်ချင်းကြီး ပြောင်းလဲသွားတာတွေနော်။
အပိုတွေ တစ်ခုမှ မပါပါဘူး။

ကျွန်တော်တောင် မိုးလင်းခါနီးကြီး မိန်းမ နဲ့ အိမ်က Roomate တွေ အိပ်မအိပ် ထကြည့်ပြီး အားလုံးအိပ်နေတာ သေချာတော့မှ ဧည့်ခန်းထဲ ငုတ်တုတ်ကြီး ထိုင်ပြီး တဟီးဟီး နဲ့ အားရအောင် ငိုပစ်လိုက်သေးသဗျာ ...

အဲ့ဒိတုန်းကတော့ ဒါကို ရီစရာလို့ ဟာသလုပ် ပြောလာရင်တောင် ထထိုးပစ်မိမှာ ဘုရားစူးပါ။
တကယ်ကို ကြည်နူးကြေကွဲစွာ ခံစားရတာပါ။

ကဲပါလေ ဒီကိစ္စ မှာ အဓိက ထောက်ပြချင်တဲ့အချက်က ကျွန်တော်တို့ ရဲ့ မသိစိတ်ထဲက ပုံးလျှိုးနေတဲ့ ခံစားချက်တွေအကြောင်းပါ။

တစ်ကယ်က ကျွန်တော်တို့ အားလုံးဟာ စစ်သားတွေ ကိုရော အစိုးရကိုပါ မုန်းနေတာ မဟုတ်ပါဘူး။
ကြောက်နေခဲ့ကြတာပါ။
ကိုယ့် အပေါ်မှာ မကောင်းတာတွေချည်း များလာခဲ့လွန်းတော့ အကြောက်တရားက ဖန်တီးပေးထားခဲ့တဲ့ အမုန်းစိတ်ရဲ့ ကာကွယ်မှုအောက်မှာ အလိုအလျောက် ရောက်နေခဲ့ကြတာပါ။

အားလုံးရဲ့ ရင်ထဲမှာတော့ စစ်တပ်ကို ယုံကြည်အားကိုးချင်တဲ့စိတ်တွေဟာ အမြဲ ရှိနေခဲ့ပြီးသားပါ။
အားကိုးလို့ လုံးဝ မရတော့ပါလားဆိုတဲ့ အားငယ် နာကျည်းမှု ကို ဝန်လဲမခံချင်တော့ အမုန်း ဆိုတာနဲ့ အစားထိုးပြီး ဖြေဖျောက်နေခဲ့ရရှာတာပါ။

ဒါဟာလဲ ခုမှ ဖြစ်လာတဲ့ စိတ်သဘာဝ မဟုတ်ပါဘူးခေတ်အဆက်ဆက် စိတ်ပညာ သုသေတီတွေ ပြုစုခဲ့တဲ့ ကျမ်းဂန်တွေမှာ လဲ

" အမုန်းတရားရဲ့ အခြေခံဟာ အကြောက်တရား ပါ "  လို့ အတိအလင်း ဆိုထားပါတယ်။

အမေစု ကိုယ်တိုင်လဲဒီရက်ပိုင်းမှာ မကြာခဏ ပြောခဲ့တဲ့ စိတ်ပညာရဲ့ အင်မတန်ရိုးရှင်းတဲ့ အခြေခံ သီအိုရီ တစ်ခုပါဘဲ။

" လူဆိုတာ ကိုယ့်ကို နိုင်ကွက် ရှိထားတဲ့/ကိုယ့်ထက်သာတဲ့ သူကို မုန်းလေ့ရှိပါတယ် "

" ဘာလို့လဲဆိုတော့ သူ ကိုယ့်ကို အနိုင်ယူမှာကို ကြောက်လို့ပါ " တဲ့။

အလွယ်ကောက်ချက်ချရရင်တော့ လူ ဟာ " ကြောက်လေ မုန်းလေ ၊ ရှုံးလေ မုန်းလေ " ပေါ့ဗျာ

ဒီတော့ မြန်မာ အတော်များများ ဟာလဲ ဒီအတိုင်းဘဲ ဖြစ်နေကြရှာတာပါ

ခုဆို သူတို့ မမြင်ခဲ့ဖူးတဲ့ အပြောင်းအလဲလေးတွေ စတွေ့လာရတဲ့အချိန်မှာ ...

အစထဲက မူပိုင်သတ္တိ နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခဲ့တဲ့သူတွေ ...
ဒါမှမဟုတ်လို့ အစိုးရ ဒါဏ်ကို မခံခဲ့ရဖူးလို့ သိပ်မကြောက်ခဲ့ရဖူးတဲ့ သူတွေ .. က
မူလ ခံစားချက်တွေကို ရိုးသားစွာ မေ့ဖျောက် ပြောင်းလဲ လိုက်ဖို့ အလွယ်တကူ လက်ခံလိုက်နိုင်ပေမယ့် ..

အစထဲကလဲ ကြောက်တတ်သလို ..
ခဲ လဲ မှန်ဖူးခဲ့တဲ့ .. စာသူငယ် တွေမှာတော့ ..
အတိတ်ရဲ့ အရိပ်ဝေဒနာ ကြီးကို စုတ်တစ်သပ်သပ် နဲ့ နာကျည်းမဆုံး ဖြစ်နေတော့တဲ့သဘောပါ ..

ဒါဟာ သူတို့ ရဲ့ ရင်ထဲက အကြောက်တရား ကြောင့် ဖြစ်လာတဲ့ အမုန်းတရားရဲ့ လှည့်စားမှုတစ်ခုပါဘဲ။

သေချာ လိုက်ကြည့်ကြည့်ပါ

နိုင်ငံရေးအတွက် တိုင်းပြည်အတွက် တစ်ကယ် ပေးဆပ်ခဲ့ဖူးတဲ့ သူရဲကောင်းစိတ်ဓါတ်တစ်ကယ်ရှိတဲ့သူတွေ ဆီက ခုချိန်ထိ အစိုးရကို ဖြစ်စေ မည်သည့် သဘောထားကွဲလွဲသူကိုဖြစ်စေ အမုန်းတရားကြီး နဲ့ ဆက်ဆံနေတာကို မတွေ့ရပါဘူး။
အမေစု တို့ ကိုမင်းကိုနိုင်တို့လို လူတွေ ခုချိန်ထိ အစိုးရကို နာနာကျည်ကျည်း အငြိုးတကြီး မုန်းတီးတဲ့ အပြုအမူတွေ မပြောပြ မလုပ်ပြကြပါဘူး။
ဒါဟာ သူတို့ရဲ့ သဘောထားကြီးမှု တစ်ခုထည်းကြောင့် လို့ မထင်ပါနဲ့

အစောကပြောခဲ့တဲ့အတိုင်း " မကြောက် လို့ မမုန်း " တာပါ။

ဒီတော့ အစိုးရကို အသားလွတ်ကြီး လိုက်မုန်းတီးနေတဲ့သူတွေဟာ အစိုးရကို သာမန်လူတွေထက် ပိုကြောက်လို့ သို့မဟုတ် သူတို့ထက် အစိုးရက သာနေပြီဆိုတာကို လက်မခံချင်လို့ ဆိုတဲ့ အဖြေဘဲထင်ရှားနေတာကို တွေ့ရပါတယ်။

ကဲ စာဖတ်သူ မိတ်ဆွေတို့လဲ ပြန်စဉ်းစားကြည့်ပါဦးနော် ...။

နိဂုံးချုပ် အနေနဲ့ အထူးမေတ္တာရပ်ခံလိုတာကတော့လေ ..
အများစုဖြစ်တဲ့ အားလုံးနီးပါး ကတော့ ကြောက်တတ်လို့ မြန်မာပြည်ဟာ ခုချိန်ထိ မတိုးတက်နိုင်သေးတာပါဘဲ။

ဒါကို ရှင်းရှင်း နဲ့ တည့်တည့် မြင်အောင် မကြည့်ဘဲ နဲ့ ထစ်ကနဲရှိ

" အနုပညာသမားတွေကတော့ သာယာစားတွေ "

" ဟိုမှာလဲ ဖားပြန်ပြီ ဒီမှာလဲ ဖားပြန်ပြီ "  ဆိုတာမျိုးတွေကို ကျေးဇူးပြုပြီး အရမ်းတော့ စွတ်မပြောပါနဲ့ဗျာ။

ဟုတ်ပါတယ် သာယာစား ကပ်ပေါင်း အကြံသမား ဆိုတဲ့ လူတန်းစားဆိုတာ အနုပညာလောကမှာသာ မဟုတ်ပါဘူး။
အလွှာတိုင်းမှာ ရှိနေတာပါဘဲ။

ဒါပေမယ့် အနုပညာလောက က လူတွေ ကိုဘဲ လူတွေက ပိုသတိထားမိတာ ဘာလို့လဲဆိုတော့ အနုပညာသမားတွေရဲ့ ဘဝက High Profile လို့ခေါ်တဲ့ လူသိများတဲ့ မလွတ်လပ်တဲ့ ဘဝတွေလေ။

သာမန်လူ အယောက်တစ်ထောင် ဓါးပြတိုက် တဲ့နေ့မှာ နာမည်ကြီး မင်းသား လဖ္ဘက်ရေဖိုး မပေးမှုနဲ့ ရဲဖမ်းတာက သတင်းစာတိုင်းပါလာပြီး ဓါးပြတစ်ထောင်လုံးကို ဘယ်သူမှ မသိလိုက်တာ သဘာဝကျတဲ့ဖြစ်ရပ်ပါဘဲ။

ဒါပေမယ့် ကျွန်တော် လုံးဝ မကျေနပ်တာ တစ်ခုတော့ ပြောမယ်နော်။

ကဗျာဘွဲ့မှုး နဲ့ ဇော်ပိုင် တို့ လို သမ္မတကြီးကို လာကြိုတာမျိုးကြတော့ သာကူးလို့ခေါ်မယ်ဆိုရင် ..

မိုးသီးဇွန်တို့အဖွဲ့တွေ Mr. Creator ခေါ် လူရွှင်တော် ကိုစုတ်ဖွား တို့တွေ
သမ္မတကြီး ဦးသိန်းစိန် နဲ့ ဦးဥာဏ်ဝင်းတို့ ကိုရော ..
အစိုးရအဖွဲ့ဝင် အားလုံးကိုပါ အရင် အမေရိကားလာကြတုန်းက ..
လူကြားသူကြား ပက်ပက်စက်စက် ဆဲဆို ..
ကော်ဖီနဲ့ပက် ဖိနပ်နဲ့ပေါက်တာတွေ ကိုယ်ထိလက်ရောက် လုပ်ခဲ့ကြပြီး
ခုမှ  မြန်မာပြည်ပြန်ဝင်လာရင်း ရူးချင်ယောင်ဆောင်ပြီး သမ္မတကြီး ဟီးဟီး " လုပ်နေတာတွေကို ကြတော့ရော ..
ဘာကိစ္စ ဘာမှ ထည့်မပြောကြတာလဲ ...

တစ်ကယ်တမ်း အဲဒိလူတွေကမှ သာကူးအစစ်တွေ မဟုတ်ဘူးလား ...

အဲ့ဒါတွေ အရင် ရှင်းပြီးမှ ကျွန်တော်တို့ အနုပညာလောကသားတွေကို ဝေဖန်သင့်ပါတယ်နော် ..

မရှင်းနိုင်သေးဘဲ လူပြိန်းကြိုက် အလွယ်တကူ မရမ်းပါနဲ့ဗျာ ..

သမိုင်းဆိုတာ Internet ထဲမှာ Click တစ်ချက်နှိပ်စာ အကွာအဝေးလေးဘဲ ရှိတော့တာမဟုတ်လား .....

ဒါပါဘဲဗျာ။

ကျေးဇူးတင်ပါတယ်။ 


ထာဝရမေတ္တာဖြင့်


မျိုးချစ်မြန်မာ

Saturday, June 16, 2012

Behind the scene of Rohingya Propaganda

Behind the scene of Rohingya Propaganda

Written by Wun Thar Nu







Since 8 June 2012, thousands of homes have been torched and a massacred took place during the deadly sectarian violence in Arakan State, Myanmar. The attackers are illegal immigrants, namely Rohingyas who claim themselves as an ethnic group of the nation.

The number of casualties has been rising despite the declaration of a state emergency and a strict curfew being imposed. News of the sectarian violence hit the headlines of the international press and photos of Rohingyas flooded everywhere.

I am very disappointed with what I have been seeing and hearing what the international media channels are reporting on the Rohingya attack. They are totally blinded, siding with the Rohingya attackers, and distorting the fact that the Rakkhines are the real victims. The happenings are not as what they have been broadcasted. It is not a religious riot. It is not the attack of the majority Rakkhine to the minority Rohingya. It is, in fact, an invasion; to be precise, Rohingya invasion into Arakan land.

According to some of the reporters from the local media groups who actually are at the scene of violence, the Rohingyas are committing a massacred and torching the Buddhist and Hindu temples as well as the houses of the residents Rakkhine. They are also weaponed with RPGs and guns while the villagers are holding only kitchen knives and slender bamboo sticks with sharpened edges to defend.

What caused all the chaos in the Arakan State? Well, it all started when a native Buddhist girl was brutally raped and murdered by three Muslims on May 28. The rapists recorded the whole process of crime on a mp4 player and spread it among other illegal immigrants. This incident is followed by a killing of ten Muslims on Jun 3 where some Rakhines allegedly dragged them out and killed them. Little did the world media know about the deceased here is that these men were involved in the rape and murder case of the Buddhist girl and they were there to offer monetary reward to the families of the rapist which is why the local Rakhines were furious. During confrontation, they also threw sarcasm and vulgarity at the locals.

Most of the Myanmar netizens know what is really going on in Arakan State but the world does not. I would firmly say that Myanmar has been sabotaged by a group of strongly-funded Rohingya advocates and some foreign-based Myanmar media groups who have agreed to side with Rohingyas and promote them in return for monetary gain.

In 2008, photos of the Chairman of a media group DVB (Democratic Voice of Burma), meeting with Nurul Islam, the President of ARNO (Arkan Rohingya National Organization), were made public by their immediate circle. ARNO is reported connecting with Al Qaeda and funded by Arab nations. Since last year, the government of Bangladesh has reportedly told the members of ARNO to leave the country to maintain law and order in the area and yet, there are eight ARNO bases on Bangladesh land. Since their meeting, DVB has been promoting Rohingyas and voicing out for them. Shortly after, Han Yawng Hwe, the Chairman of DVB, was accused of taking bribe from ARNO for the service DVB has rendered for the Rohingyas.
Nurul Islam of ARNO and Han Yawng Hwe of DVB at OIC 2008

At the same time, another group of Rohingya advocates, Rohingya Blogger, which is founded by U Ba Sein, an ex-politician from Buthidaung, Maungtaw of Arakan State has been spreading fabricating tales on how the government of Myanmar has oppressed the Rohingya over the years.

For the past two year, Tun Khin, the President of BROUK (Burmese Rohingya Organization UK) has been staging protests to raise concern for the Rohingya. He did so by the assistance of BCUK (Burma Campaign UK). The majority of Myanmar netizens have distrust in the ethic of BCUK and BBC.

U Ba Sein of Rohingya Blogger and Tun Khin of BROUK have close contact with Nurul Islam from ARNO. This explains why the two groups are manipulated by ARNO and are very much desperate to promote Rohingya even by despicable methods. The photos of their meeting some time ago is attached with this article as well. On 10 June 2012, U Ba Sein posted a photo of some Bengalis rescued by some Indonesia navy in 2009 and mentioned that they are Rohingyas killed by the Rakkhine recently. The men in the photos are actually just lying down with no blood on their bodies nor cut wounds. In another incident, a Rohingya advocate media group, Kaladan Press, has published a deceptive article on how Rohingyas are killed using the photo of the deceased during 2011's bomb blast in Myawaddy, southern Myanmar. The same piece of news is published in a Bangladesh newspaper using the very same wrong photo of last year's bomb blast incident.
Won Thar Nu
Tun Khin (BROUK), Nurul Islam (ARNO) and Ba Sein (Rohingya Blogger)

Ba Sein's facebook page and original photo
Ba Sein's facebook page and original photo


The international media groups have been unfair to Myanmar and to the Rakkhine victims of the Rohingya attack. It is obvious that the Rohingyas are the attackers. Why would the majority Rakkhine leave their homes, and get their properties torched if they were the attackers? I strongly feel indignant by how the photos of artifice are flooding the world media. I am miffed by how the photos of what is really happening in Arakan State are published nowhere on the world media channels.

I would like to ask the international entities who speak up for Rohingyas. Who would speak up for the Rakkhines whose homes were ablazed? Who would seek justice for the Rakkhines who were brutally murdered by the Rohingyas during the Arakan massacred? You suggested the government of Myanmar of accept the Rohingyas. Were you there when the Rohingyas raped our women? Were you there when they splashed kerosene at our homes and burnt them down? Were you there when they brutally murder our people? Please do not be fooled the Rohingya proganda set up the group of despicable media groups. Get up and set your foot on our Arakan land. Hear our cries. Feel our sorrow. Touch our tears. Touch our blood. See the carcasses. See the faces. It is for real. None of these are fabricated nor manipulated. The victims are the Rakkhines, the innocent villagers who were killed by the Rohingya terrorists. Why did Rohingyas kill the villagers? The answer is simple. It is because Rohingyas are not one of us, not one of the ethnic group of Myanmar. 

In fact, they are terrorists!



Qing Minya

Please click HERE to go to original post.

Twitter Delicious Facebook Digg Stumbleupon Favorites More