Friday, June 17, 2011

ပြည်ပနိုင်ငံရေးသမား ဆိုသည့် ဝေါဟာရ ၏ အဓိပ္ပါယ်


ခုတစ်လော အမေစု ရဲ့ မွေးနဲ့ နဲ့ နီးလာတာနဲ့ အမျှ ပြည်ပရောက် ဆိုတဲ့ Prefix ကြီးကို ရှက်စရာ မှန်း မသိ သုံးထားသူတွေ ဆီက အသံတွေ စကားတွေ အင်တာနက်မှာ ရေဒီယိုမှာ အားရပါးရကြီး ကြားလာရပြန်ပါတယ်။

ဒီအချိန်မှာ ကျွန်တော့်ကို ခုထောင်ထဲမှာရှိနေဆဲဖြစ်တဲ့ အားလုံးနီးပါးကလဲ သိကြတဲ့ အကိုကြီးတစ်ယောက် ပြောပြဖူးတဲ့ စကားကို သတိသွားရလာပါတယ်။

အဲ့ဒါကတော့

" ဒီမှာ သားကြီး "
" နိုင်ငံအရေးကို နိုင်ငံ့အပြင်ကနေ လုပ်လို့မရဘူး "
" လုပ်ချင်ရင် နိုင်ငံအထဲက နိုင်ငံသားတွေ နဲ့ အတူတူ ရင်ဘောင်တန်းပြီး လုပ်ပါ "
" မလုပ်နိုင်ခဲ့ရင် မလုပ်ရဲခဲ့ရင် အပြစ်မပြောပါဘူး "
" အေး တကယ့် ဘေးဒုက္ခတွေကြားထဲက ပြည်သူတွေ နဲ့ အတူ မကျေနပ်မှုမလိုလားမှုတွေကိုထုတ်ဖေါ် ရင်း လိုအပ်ချက်နဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုနေတဲ့သူတွေ အဲ့လို လုပ်ရင်းထောင်နန်းစံသွားရလဲ ပျော်ပျော်ကြီးနေရဲတဲ့သူတွေ ကမှ တကယ့် နိုင်ငံရေးသမား အစစ်ကွ "
တဲ့

ဒါနဲ့ ကျွန်တော်ကလဲ ကိုယ်လဲ ပြည်ပမှာ နေထိုင်နေသူတစ်ဦးဆိုတော့ မခံချင်စိတ်လေး နဲ့ မေးကြည့်လိုက်ပါတယ်

" ဒါဆို အကိုရာ ခုလို အပြင်က အလှုတွေခံ အဖွဲ့အစည်းကြီးတွေ ဖွဲ့ ပြီး လူတော့မလာဘဲ ငွေကြေးနဲ့ ထောက်ပံ့နေတဲ့သူတွေကိုကြတော့ရော ဒါ နိုင်ငံရေး ကို အထောက်အကူပြုနေတဲ့သူတွေ ဘဲ မဟုတ်ဘူးလား "

" အင်း ငွေ ၁၀၀ အလှုခံပြီး ငွေ၁၀၀ လုံး ပြည်တွင်းက အနစ်နာခံပြီး ထောင်ကျသူတွေ လှုပ်ရှားနေသူတွေ ကို တကယ် ပေးကြမယ် ဆိုရင်တောင် သူတို့ဟာ ပြည်ပ မြန်မာ့အရေးတက်ကြွသူ သို့မဟုတ် ပြည်ပ မြန်မာ့အရေးထောက်ပံ့သူ ဆိုတဲ့ ခေါင်းစဉ်အောက်မှာဘဲ ရှိရမယ် "

" နိုင်ငံရေးသမားဆိုတဲ့ ဂုဏ်သိက္ခာဆိုတာ မြန်မာစစ်တပ် လိုက်ဖမ်းလို့မရတဲ့ နိုင်ငံအပြင်ဖက် တစ်နေရာကို ရောက်သွားတာနဲ့ ပျက်ပြယ်သွားပြီးသား "

" ဘာလို့လဲ ဆိုတော့ ဒီနိုင်ငံမှာ မနေတော့ဘူးဆိုမှတော့ ဒီနိုင်ငံရဲ့အရေးက သူတို့ နဲ့ မဆိုင်တော့ဘူးလေ " တဲ့

ဒီတော့ ကျွန်တော်ကလဲ လျှာရှေချင်တဲ့ ဝသီအတိုင်းကပ်သပ်မေးပါတယ်
" ဟာ အကိုကလဲ ဒါဆို ခုရှိနေတဲ့ ပြည်ပရောက် နိုင်ငံရေးသမား ဆိုသူတွေကရော "  လို့

သူက ပြုံးပြီးတော့ အကြာကြီးကြည့်နေပါတယ် ပြီးတော့ မှ ခေါင်းတစ်ခါခါ နဲ့ သူ့ခေါင်းက မရှိတဲ့ ဆံပင်တွေ ကို သေချာပွတ်ပြီး

" ဒီမှာ သားကြီး.. မင်း အမေရိကားရောက်တာကြာပြီ မဟုတ်လား "

" နှစ် ၂၀ နီးပါးဘဲ အကို "

" အေးဒါဆို မင်း Dictionary တွေ ဖတ်ဖူးသလား "

" ဟုတ်ကဲ့ "

" ပြည်ပရောက်နိုင်ငံရေးသမား ဆိုတာ ကို မင်း ဘယ်လို ဘာသာပြန်သလဲ "

" Oversea Politic (OR) Oversea Politician ပေါ့အကို "

ဒီတော့မှ သူက

" ဟားဟားဟားဟား "

" ရော့ အဲ့ဒိမှာ Dicitionary တွေ ဟော့ဒိမှာ ငါ့ LapTop "

" ကဲ မင်းပြောတဲ့ နာမည်တွေ မင်း Google နဲ့ WiKiPedia ကြိုက်တဲ့နေရာ မှာ ရိုက်ထည့်ပြီး ငါ့ ပြောစမ်းပါ မင်း ဘာတွေ့သလဲ " လို့ ဆိုတော့ ကျွန်တော်လဲ အူကြောင်ကြောင်တွေ ဖြစ်ပြီး ရှာကြည့်လိုက်ပါတယ်


Google Search နဲ့ WiKiPedia မှာ ပေါ်လာတာကတော့ ...


ဘုရားရေ

အဲ့ဒိ အဓိပ္ပါယ်တွေ အတိုင်း ဘာစာလုံးကိုမှ မရှိတာပါလား
ဒီတော့မှ ကျွန်တော် သူ့ကို မေးကြည့်တယ်

" အကို အဲ့လိုစကားလုံးတော့ အတိအကျ မရှိဘူး ထင်တယ်နော် နောက်တစ်မျိုး ရှိမလား မသိဘူး " ဆိုတော့မှ သူက ကျွန်တော့်ကို ပြူးတူးပြဲတဲကြည့်ပြီး တဟားဟား နဲ့ အကျယ်ကြီး ထရီတော့တာဘဲဗျို့


" ဘယ်တွေ့မလဲ ငါ့လူရယ် တကယ်လဲ ရှိမှ မရှိတာတဲ့ "


" အဲ့ဒိစကားလုံးက ပြည်တွင်းမှာလဲ ထောင်ဒါဏ် သေဒါဏ် မခံရဲ နယ်စပ်မှာလဲ တောခိုရတဲ့ဒါဏ် မခံနိုင်လို့  ပြည်ပြေးတွေဖြစ်ပြီး အဆင်ပြေလာတဲ့မြန်မာတွေ သူတို့ကိုယ်သူတို့ နှစ်သိမ့်ပြီး အမွှန်းတင်တဲ့စကားကွ "
" မင်းသဘောပေါက်ပြီနော် "

အဲ့ဒိတော့မှ ကျွန်တော်လဲ သူပြောချင်တာ ကို သဘောပေါက်ခဲ့ရပါတယ်

ပြီးတော့ ကျွန်တော် နဲ့ သူနဲ့ ဘီယာ တွေ သောက် သီချင်းတွေ ဆိုရင်း စကားတွေ လွဲသွားခဲ့ပေမယ့် ကျွန်တော် ဒီစကားလေးတွေ ကိုတော့ မမေ့ခဲ့ပါဘူး

အဲ့ဒိ အကိုကြီးကတော့ ကို သူရ လို့ ခေါ်တဲ့ ကို ဇာဂနာ ပါဘဲ

ကိုသူရ သို့ လေးစားလျက်


မျိုးချစ်

0 comments: