Saturday, September 3, 2011

" ပျင်းတယ် "


Model - Thar Thar
Photo - Myo Chit Myanmar


ကျွန်တော့် ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်း အသစ်လေး တစ်ပုဒ်ပါ
" ပျင်းတယ် " လို့ အမည်ပေးထားပါတယ်   
ဘာညာကွာစိ တွေ မရှင်းပြတော့ပါဘူး
ရှင်းပြရမှာ ပျင်းလာလို့ပါ
သီချင်းလေး နားထောင်ပြီးရင် နားလည်ကြမယ် ထင်ပါတယ်
:P  


 

Pyin De by Myo Chit Myanmar


“ ပျင်းတယ် “

သံစဉ် ၊ စာသား ၊ တီးခတ် ၊ သီဆို - မျိုးချစ်မြန်မာ
Guitars - နိုင်ဇော် (LAZY CLUB)



မနက်မိုးလင်း ဗြဲကနဲ Alram ထပိတ်ဖို့ ငါပျင်းတယ်
မျက်နှာသစ် သွားတိုက်လို့ ရေချိုးဖို့ ငါ ပျင်းတယ်
Breakfast စားပြီး ကျောင်းသွားဖို့ငါပျင်းတယ်

ကျောင်းရောက်သွားတော့ အခန်းထိလျှောက်ရမှာပျင်းတယ်
ဆရာမက ပြောတဲ့ ပွစိပွစိတွေ ပျင်းတယ်
ကျောင်းအဆင်းတီးမယ့် ခေါင်းလောင်းကြီးစောင့်ရတာ ပျင်းတယ်


CHO:   ပျင်းတယ် မိုးလင်းရင် ပျင်းတယ်
   ပျင်းတယ် နေ့ဘက်ဆို ပျင်းတယ်
ပျင်းတယ် ညည ဆို ပျင်းတယ်
ပျင်းတယ် အိပ်ရမှာ ပျင်းတယ်
           ပျင်းတယ် ပျင်းဖို့တောင်မှ ပျင်းနေတယ်

မိန်းကလေးလှလှ လိုက်ကြည့်ရမှာ ပျင်းတယ်
ရည်းစားဖြစ်ဖို့ တကောက်ကောက် လိုက်ရမှာ ပျင်းတယ်
အတင်းလိုက်ကြိုက်တော့လဲ ခေါင်းခါလိုက်ဖို့ ငါပျင်းတယ်

ညဖက် ခိုးဝှက် ဖုန်းဆက်ရတာ ပျင်းတယ်
နေ့ဖက်လျှိ့ဝှက် ချိန်းတွေ့ရတာ ပျင်းတယ်
ခဏခဏမေးလို့ ချစ်တယ်လို့ ပြောရ မှာ ပျင်းတယ်

0 comments: