Sunday, April 1, 2012

" ဒေါင်းတံဆိပ်ရဲ့ဘေး " (VOTE 4 NLD)



" VOTE 4 NLD "

Lyric, Melody, Vocal, Harmony, Composed, Engineered & Produced By Myo Chit Myanmar

Myo Chit Myanmar HD Media Production


California, USA


သံစဉ်စာသား - မျိုးချစ်မြန်မာ

မျိုးချစ်မြန်မာ Studio တွင် ဖန်တီးသည်။




Find more songs from Myo Chit Myanmar


" ဒေါင်းတံဆိပ်ရဲ့ဘေး "


၈၈ ရဲ့ မျိုးဆက်လူသားများ
သွေးနဲ့ရင်းပြီးခင်းခဲ့ရတဲ့ ဒီလမ်းမမှာ
မြင်နေပြီရောင်နီရဲ့ အလင်းများ
တို့လက်တွေ တွဲလို့မြဲလို့ ရှေ့ဆက်ခြေလှမ်းများ
ခါးသီးတဲ့ အိပ်မက်ဆိုးတွေထဲကပြန်နိုးထ
သူငယ်ချင်းရေ ပြတင်းပေါက်တွေကို ခု ဖွင့်ကြည့်လိုက်ပါ

ဟိုမှာ လာနေပြီ ခွပ်ဒေါင်းများ
တူညီနေ ရင်ခုန်သံ လမ်းမမှာ
နိုင်ငံတော် မဟာအနာဂါတ်ကြီးက
မင်းရဲ့လက်ထဲကရှိနေတဲ့ အဲ့ဒိမဲလေးမှာ
ဒေါင်းတံဆိပ်ရဲ့ဘေးက မင်းလက်နဲ့အမှန်ခြစ်လိုက်ပါ

ချို့တဲ့လွမ်းတဲ့ တပ်မတော်သားများ
နွမ်းပါးစွာ အထက်ကအမိန့်ကို ကြောက်လိုက်ရတာ
မဆီမဆိုင် ဟိုလူတွေသာကြီးပွား
တွေးကြည့်ပါ ခင်ဗျားတို့ အိပ်မက်များက ဒီတိုင်းလား
ခေါင်းမော့ကာ အေးအေးဆေးဆေး သေနပ်ချကာစဉ်းစား
ဗိုလ်ချုပ်သာ ဘေးနားရှိရင် တောက်ခေါက်လိုက်မိမှာ

CHO:

SOLO:

တိုင်းရင်းသားတွေ သွေးကွဲနေသေးလား
ပေးခဲ့ဗိုလ်ချုပ်ရဲ့ကတိတွေ အမြဲတမ်းပြန်သတိရပါ
တစ်ချိန်မှာ တူညီတဲ့အခွင့်အရေးများ
ရရှိအောင် အပြောထက်အလုပ်ကိုအမြဲတမ်းတန်ဖိုးထား
သူ့ဘဝကို အမျိုးသားရေးအတွက် စတေးခံရင်းထား
အမေစု ကို စိတ်ချလက်ချ မဲပေးမှဖြစ်မှာ

CHO:

CHO:

0 comments: