Thursday, January 31, 2013

ဇော်ဝင်းထွဋ် ၏ တေးစီးရီးသစ် " လူ " ကို သုံးသပ်ခြင်း



Please click on photo to ENLARGE


တေးရေးဆောင်းဦးလှိုင် တစ်ဦးတည်း ရေးသားထားတဲ့ " လူ " တေးစီးရီး တစ်ခွေလုံးကို အကြမ်းဖျဉ်းသုံးသပ်ရရင်တော့ ကျွန်တော်ကြိုက်နှစ်သက်ဖူးတဲ့ ကိုညီထွဋ်ရဲ့ ခပ်ပြင်းပြင်း ချိုရှရှ ခံစားချက်ကို အပြည့်ပုံဖေါ်နိုင်တဲ့ Emotionally Powerful မာန် နဲ့ ဟန် ပါးပါးလေး ပါတယ်ဆိုရုံဘဲ ပါပြီး သီချင်းရဲ့ Style တွေက Rock ဂီတ ရဲ့ အသက်ဝင်မှုလုံးဝ မရှိတော့ဘဲ Country Pop ပုံစံတွေဖြစ်နေခဲ့သလို ခေတ်ရေစီးကြောင်းနဲ့လဲ အတော်လေးဝေးကွာ ကျန်နေတယ်လို့ ခံစားရပါတယ်။

ကိုညီထွဋ် Own Tune တွေ စလုပ်တုန်းကထဲက ခုထိ အကောင်းဆုံး Album ဟာ " နေရာသစ် " တစ်ခုဘဲ ရှိသေးတယ်လို့ ယုံကြည်ပါတယ်။

အဲ့ဒိခွေမှာ အောင်မြင်နေပြီးသား တေးရေးတွေဖြစ်တဲ့ ဦးမင်းချစ်သူ ကိုစောခူဆဲ တို့ရဲ့ Copy သီချင်း တစ်ချို့ အပြင် တက်သစ်စ လူငယ်တေးရေးတွေ ဖြစ်တဲ့ ကိုမောင်မောင်ဇော်လတ် ကိုအယ်ဖြူ တို့ + ကိုညီညီစံ တို့ ရဲ့ ကိုယ်ပိုင်သံစဉ်တွေ နဲ့ စာသားတွေက အများကြီး လူကြိုက်များ အောင်မြင် စေခဲ့ပါတယ်။


Own Tune ခေါ် ကိုယ်ပိုင်သံစဉ် သီချင်းရေးသူတွေ (အထူးသဖြင့် ကိုယ်တိုင်လဲ သီဆိုသူတွေ) ဟာ သံစဉ်ကုန်ကြမ်း တွေကိုရှာဖွေတဲ့အခါ ၄င်းတို့ ကိုယ်တိုင် ဆိုလို့ အာလဲတွေ့ နားလည်းယဉ်နေတဲ့ Melody မျိုးတွေကိုဘဲ ဖန်တီးဖြစ်ကြတာများပါတယ်။

ဒါ ထာဝရ ပုံမှန်ဖြစ်တည်နေတဲ့ တေးရေးသူတွေရဲ့ သဘာဝ အကျင့်စရိုက်ပါဘဲ။

ဒီတော့ ဒီခွေထဲက သံစဉ်တွေအားလုံးဟာ ကိုညီထွဋ် ရဲ့ ဆိုဟန်မျိုး အတွက် အတွက်ရေးထားတာ လုံးဝ မဟုတ်ဘဲ နည်းနည်းလေး ပြာချင်သလို ပါးရှရှ ဖြစ်နေတဲ့ ကိုဆောင်းဦးလှိုင် ဆိုဖို့သီချင်းတွေကို ကိုညီထွဋ် ကို ဝင်ဆိုခိုင်းထားသလိုဖြစ်နေပါတယ်။

နောက်ပြီး ကိုဆောင်းဦးလှိုင် ရဲ့ Vocal Range ဟာ ကိုညီထွဋ် ရဲ့ တစ်ဝက်လောက်ဘဲ ရှိပါတယ်။
ဆိုလိုတာက ကိုဆောင်းဦးလှိုင် ဟာ KEY အမြင့် High Notes တွေကို မအော်နိုင်တဲ့ Low Key Pop အဆိုတော်ဖြစ်ပါတယ်။

နောက် သူ့ ရဲ့ Vocal Power & Force က အရမ်းအားနည်းပါတယ်။
သိပ် Thin ဖြစ်တဲ့ အသံပါးလွန်းတဲ့သူပါ။
သူအရမ်းအော်လိုက်ရင် အသံက သိသိသာသာကို ပြာထွက်သွားတတ်ပါတယ်။

ဒီနေရာမှာ ကျွန်တော် ကိုဆောင်းဦးလှိုင်ကို ဘာကြောင့်မှ မကောင်းမြင်စိတ်နဲ့ အပုပ်ချ ဝေဖန်နေတာမဟုတ်ဘူးဆိုတာလဲ သေချာနားလည်စေချင်ပါတယ်။

ဒီလိုလူမျိုးဟာ အသံ မကောင်းဘူးလို့ မဆိုလိုပါ။
သူတို့နဲ့လိုက်ဖက်တဲ့ သီချင်းတွေဟာ Low Pitch & within narrow/small Vocal Range ဘဲ ဖြစ်ရမှာပါ။

ကိုညီထွဋ်က သူနဲ့ လုံးဝ ဆန့်ကျင်ဖက် အသံရှိတဲ့သူပါ။
ကိုညီထွဋ် ရဲ့ Vocal က Bass များပြီး Range ကလဲ Rocker ပီသစွာ အရမ်းကျယ်ပြန့်ပါတယ်။

High Pitch တွေကိုဆိုလေ ပိုပြီး Force ကောင်းလာလေ ဆိုတဲ့ အမာစားအသံအထူစား မျိုးပါ။

ဒီတော့ ပါးပျော့ပျော့ အသံနဲ့ Pop သမားဆိုဖို့ ရေးထားတဲ့ သီချင်းတွေကို မာထူပြင်းရှ အသံနဲ့ Rocker ကိုဆိုခိုင်းလိုက်တော့ ခြင်္သေ့ ကို ကြောင်လိုအော်ခိုင်းသလို ဖြစ်နေပါတယ်။

တစ်ခွေလုံးနားထောင်နေရင်း ရင်ထဲမှာ Horse Power 1000 ရှိတဲ့ Ferrari ပြိုင်ကား အသစ်စက်စက်ကြီးကို Local လမ်းမှာ ကထိန်လှည့်နေတုန်း ဘီးလှိမ့်ရုံလေး မောင်းခိုင်းနေသလို ခံစားရပါတယ်။

ကိုညီထွဋ် ရဲ့ Vocal Power တွေ အကုန် Waste ဖြစ်သွားစေတဲ့ တွဲဖက်မှုပါဘဲ။

ကိုဆောင်းဦးလှိုင်ဟာ ပင်ကိုယ် ထူးချွန်တဲ့ Pop / Country / Soft Rock ကိုယ်ပိုင်သံစဉ် တေးရေး တစ်ယောက် ဖြစ်ပေမယ့် Hard Core Rocker တွေအတွက် သီချင်းရေးဖို့ မသင့်တဲ့ တေးရေးသမားတစ်ယောက်ဖြစ်ပါတယ်လို့ ရိုးသားစွာ သုံးသပ်မိပါကြောင်း ပြောကြားရင်း ဒီခွေလေးကို ခိုးကူးတွေ မဝယ်ဘဲ မူရင်းကိုဝယ်ယူအားပေးခြင်းဖြင့် ကိုညီထွဋ် + Emperor Music Group နဲ့ ကျွန်တော့် မိတ်ဆွေများ အပါအဝင် မြန်မာ့ ဂီတလောက ကို ကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။


အနုပညာသစ္စာဖြင့်


မျိုးချစ်မြန်မာ

မှတ်ချက် ။ ။ " လူ " ကို ဒီမှာ နားဆင်နိုင်ပါပြီ။

FaceBook - https://www.facebook.com/notes/myo-chit-myanmar/ဇော်ဝင်းထွဋ် ၏ တေးစီးရီးသစ် " လူ " ကို သုံးသပ်ခြင်း/483212711713865

0 comments: