Showing posts with label Art and Entertainment Article. Show all posts
Showing posts with label Art and Entertainment Article. Show all posts

Thursday, April 25, 2013

" တုံ့ပြန်မှုကင်းသော "


"The Unreturned"

Lyrics, Music, Instruments - Myo Chit Myanmar

Vocals & Harmonies - Myo Chit Myanmar
Sound Engineer - Myo Chit Myanmar
Producers - Myo Chit Myanmar & Sawng Hnin Pwint

Property of Myo Chit Myanmar HD Media Production.
ALL RIGHTS RESERVED.



" တုံ့ပြန်မှုကင်းသော "

သံစဉ်/စာသား/တီးခတ်/သီဆို - မျိုးချစ်မြန်မာ
ထုတ်လုပ်သူ - မျိုးချစ်မြန်မာ + ဆောင်းနှင်းပွင့်

Intro - F | F♯dim | Gm | C7

B♭        C7 Am           Dm  
မိုးလင်းတာနဲ့ တွေ့လိုက်ရင်ဘဲ
Gm         C7              F  F♯dim
နင့်ရုပ်မြင် အန်ချင်တယ်တဲ့
B♭           C7  Am                     Dm 
ဝိုင်းဟားနေကျ အပေါင်းအသင်းတွေထဲ
Gm            C7          F      F♯dim
အမြဲခေါင်းငုံ့ ငါခွင့်လွှတ်တယ်။

တစ်ခုခုလိုမှ သတိရတာလဲ
သိရက်ငါ ကြည်ဖြူပါတယ်
မင်းခိုင်းစေသမျှ လုပ်ခဲ့ပေမယ့်
အမြဲငါ့ကို အပြစ်ပြောတတ်တယ်

B♭            C7 A                Dm
အခါခါ တွေးလဲ ငါ့ ... အပြစ်နဲ့ ငါပါဘဲ
Gm           C7           F
မင်းလေးကို မငြိုငြင်ဘူးကွယ် ...
B♭                 C7   A                   Dm 
နာကျင် ... ဝမ်းနည်း တိုးတိတ် .. ဒီ အမှောင်ထုထဲ ..
B♭           G                C7
မင်းပြုံးတာဘဲ .. တွေ့ချင်တယ် ....

မင်းရဲ့ကောင်လေး ဖုန်းမဆက်တာနဲ့
ငါ့ဖုန်းတွေ ဆူညံလာတယ်
တခွန်းလောက်ဟိုက ချော့လိုက်တာနဲ့
မင်းဖုန်းကို ပိတ်ထားတတ်တယ်

မင်းနဲ့ငါ့အရေး တစ်ချို့ကလာမေး
ငါ့အဖြစ်ကို မရှက်ဘူးလားတဲ့
မေးခွန်းတွေထဲ ဆို့နင့်ပေမယ့်
အေးဆေးပါ သူငယ်ချင်းလေးရယ်

(SOLO) 

V2 | V3 

CHO: 

V1 + (Gm | C7 | F | F♯dim) 3              
အမြဲငါ့ကို အပြစ်ပြောတတ်တယ်
မင်းဖုန်းကို ပိတ်ထားတတ်တယ်
အေးဆေးပါ သူငယ်ချင်းလေးရယ် ...

<3 <3 <3 <3 <3

ထာဝရမေတ္တာဖြင့်

မျိုးချစ်မြန်မာ

Thursday, January 31, 2013

ဇော်ဝင်းထွဋ် ၏ တေးစီးရီးသစ် " လူ " ကို သုံးသပ်ခြင်း



Please click on photo to ENLARGE


တေးရေးဆောင်းဦးလှိုင် တစ်ဦးတည်း ရေးသားထားတဲ့ " လူ " တေးစီးရီး တစ်ခွေလုံးကို အကြမ်းဖျဉ်းသုံးသပ်ရရင်တော့ ကျွန်တော်ကြိုက်နှစ်သက်ဖူးတဲ့ ကိုညီထွဋ်ရဲ့ ခပ်ပြင်းပြင်း ချိုရှရှ ခံစားချက်ကို အပြည့်ပုံဖေါ်နိုင်တဲ့ Emotionally Powerful မာန် နဲ့ ဟန် ပါးပါးလေး ပါတယ်ဆိုရုံဘဲ ပါပြီး သီချင်းရဲ့ Style တွေက Rock ဂီတ ရဲ့ အသက်ဝင်မှုလုံးဝ မရှိတော့ဘဲ Country Pop ပုံစံတွေဖြစ်နေခဲ့သလို ခေတ်ရေစီးကြောင်းနဲ့လဲ အတော်လေးဝေးကွာ ကျန်နေတယ်လို့ ခံစားရပါတယ်။

ကိုညီထွဋ် Own Tune တွေ စလုပ်တုန်းကထဲက ခုထိ အကောင်းဆုံး Album ဟာ " နေရာသစ် " တစ်ခုဘဲ ရှိသေးတယ်လို့ ယုံကြည်ပါတယ်။

အဲ့ဒိခွေမှာ အောင်မြင်နေပြီးသား တေးရေးတွေဖြစ်တဲ့ ဦးမင်းချစ်သူ ကိုစောခူဆဲ တို့ရဲ့ Copy သီချင်း တစ်ချို့ အပြင် တက်သစ်စ လူငယ်တေးရေးတွေ ဖြစ်တဲ့ ကိုမောင်မောင်ဇော်လတ် ကိုအယ်ဖြူ တို့ + ကိုညီညီစံ တို့ ရဲ့ ကိုယ်ပိုင်သံစဉ်တွေ နဲ့ စာသားတွေက အများကြီး လူကြိုက်များ အောင်မြင် စေခဲ့ပါတယ်။


Own Tune ခေါ် ကိုယ်ပိုင်သံစဉ် သီချင်းရေးသူတွေ (အထူးသဖြင့် ကိုယ်တိုင်လဲ သီဆိုသူတွေ) ဟာ သံစဉ်ကုန်ကြမ်း တွေကိုရှာဖွေတဲ့အခါ ၄င်းတို့ ကိုယ်တိုင် ဆိုလို့ အာလဲတွေ့ နားလည်းယဉ်နေတဲ့ Melody မျိုးတွေကိုဘဲ ဖန်တီးဖြစ်ကြတာများပါတယ်။

ဒါ ထာဝရ ပုံမှန်ဖြစ်တည်နေတဲ့ တေးရေးသူတွေရဲ့ သဘာဝ အကျင့်စရိုက်ပါဘဲ။

ဒီတော့ ဒီခွေထဲက သံစဉ်တွေအားလုံးဟာ ကိုညီထွဋ် ရဲ့ ဆိုဟန်မျိုး အတွက် အတွက်ရေးထားတာ လုံးဝ မဟုတ်ဘဲ နည်းနည်းလေး ပြာချင်သလို ပါးရှရှ ဖြစ်နေတဲ့ ကိုဆောင်းဦးလှိုင် ဆိုဖို့သီချင်းတွေကို ကိုညီထွဋ် ကို ဝင်ဆိုခိုင်းထားသလိုဖြစ်နေပါတယ်။

နောက်ပြီး ကိုဆောင်းဦးလှိုင် ရဲ့ Vocal Range ဟာ ကိုညီထွဋ် ရဲ့ တစ်ဝက်လောက်ဘဲ ရှိပါတယ်။
ဆိုလိုတာက ကိုဆောင်းဦးလှိုင် ဟာ KEY အမြင့် High Notes တွေကို မအော်နိုင်တဲ့ Low Key Pop အဆိုတော်ဖြစ်ပါတယ်။

နောက် သူ့ ရဲ့ Vocal Power & Force က အရမ်းအားနည်းပါတယ်။
သိပ် Thin ဖြစ်တဲ့ အသံပါးလွန်းတဲ့သူပါ။
သူအရမ်းအော်လိုက်ရင် အသံက သိသိသာသာကို ပြာထွက်သွားတတ်ပါတယ်။

ဒီနေရာမှာ ကျွန်တော် ကိုဆောင်းဦးလှိုင်ကို ဘာကြောင့်မှ မကောင်းမြင်စိတ်နဲ့ အပုပ်ချ ဝေဖန်နေတာမဟုတ်ဘူးဆိုတာလဲ သေချာနားလည်စေချင်ပါတယ်။

ဒီလိုလူမျိုးဟာ အသံ မကောင်းဘူးလို့ မဆိုလိုပါ။
သူတို့နဲ့လိုက်ဖက်တဲ့ သီချင်းတွေဟာ Low Pitch & within narrow/small Vocal Range ဘဲ ဖြစ်ရမှာပါ။

ကိုညီထွဋ်က သူနဲ့ လုံးဝ ဆန့်ကျင်ဖက် အသံရှိတဲ့သူပါ။
ကိုညီထွဋ် ရဲ့ Vocal က Bass များပြီး Range ကလဲ Rocker ပီသစွာ အရမ်းကျယ်ပြန့်ပါတယ်။

High Pitch တွေကိုဆိုလေ ပိုပြီး Force ကောင်းလာလေ ဆိုတဲ့ အမာစားအသံအထူစား မျိုးပါ။

ဒီတော့ ပါးပျော့ပျော့ အသံနဲ့ Pop သမားဆိုဖို့ ရေးထားတဲ့ သီချင်းတွေကို မာထူပြင်းရှ အသံနဲ့ Rocker ကိုဆိုခိုင်းလိုက်တော့ ခြင်္သေ့ ကို ကြောင်လိုအော်ခိုင်းသလို ဖြစ်နေပါတယ်။

တစ်ခွေလုံးနားထောင်နေရင်း ရင်ထဲမှာ Horse Power 1000 ရှိတဲ့ Ferrari ပြိုင်ကား အသစ်စက်စက်ကြီးကို Local လမ်းမှာ ကထိန်လှည့်နေတုန်း ဘီးလှိမ့်ရုံလေး မောင်းခိုင်းနေသလို ခံစားရပါတယ်။

ကိုညီထွဋ် ရဲ့ Vocal Power တွေ အကုန် Waste ဖြစ်သွားစေတဲ့ တွဲဖက်မှုပါဘဲ။

ကိုဆောင်းဦးလှိုင်ဟာ ပင်ကိုယ် ထူးချွန်တဲ့ Pop / Country / Soft Rock ကိုယ်ပိုင်သံစဉ် တေးရေး တစ်ယောက် ဖြစ်ပေမယ့် Hard Core Rocker တွေအတွက် သီချင်းရေးဖို့ မသင့်တဲ့ တေးရေးသမားတစ်ယောက်ဖြစ်ပါတယ်လို့ ရိုးသားစွာ သုံးသပ်မိပါကြောင်း ပြောကြားရင်း ဒီခွေလေးကို ခိုးကူးတွေ မဝယ်ဘဲ မူရင်းကိုဝယ်ယူအားပေးခြင်းဖြင့် ကိုညီထွဋ် + Emperor Music Group နဲ့ ကျွန်တော့် မိတ်ဆွေများ အပါအဝင် မြန်မာ့ ဂီတလောက ကို ကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။


အနုပညာသစ္စာဖြင့်


မျိုးချစ်မြန်မာ

မှတ်ချက် ။ ။ " လူ " ကို ဒီမှာ နားဆင်နိုင်ပါပြီ။

FaceBook - https://www.facebook.com/notes/myo-chit-myanmar/ဇော်ဝင်းထွဋ် ၏ တေးစီးရီးသစ် " လူ " ကို သုံးသပ်ခြင်း/483212711713865

Wednesday, October 12, 2011

ဝိုင်းစုခိုင်သိန်း ရဲ့ " မျက်လှည့် " ကို အသေးစိပ်ဝေဖန်ခြင်း




( ၁ ) အဖွင့်သီချင်း ဖြစ်တဲ့ “ မျက်လှည့် “ က Arabian တီးလုံးလေးနဲ့ အစပြုခဲ့ပြီး “ မက်လောက်စရာ “ သီချင်းရဲ့ Mood + Tempo နဲ့ Britain Pop Style + Cha Cha Rock ကို လှပစွာ တွဲဖက်သုံးစွဲထားပါတယ်။

ဒီသီချင်း တစ်ပုဒ်ထဲကနေ တစ်ခွေ လုံးရဲ့ Attitude ကို ခံစားလိုက်ရပါတယ်။
ဝိုင်းစုခိုင်သိန်း ရဲ့ လွတ်လပ် ရဲရင့် တဲ့ မူရင်း ဝိဥာဉ် အစစ်အမှန်ကို တိုက်ရိုက် မိတ်ဆက်ပေးလိုက်တာပါဘဲ။


( ၂ ) “ အချစ် ရဲ့ ညနေ “ သီချင်း လေးကတော့ Asian Pop Melody အစစ်လေးပါ
အလွမ်းသီချင်း ပီသသွားစေတဲ့ Vocal Power ရှိတဲ့ ဝိုင်းစု အတွက် ထမင်းစားရေသောက် သီချင်းလေးဆိုပေမယ့် ဒီသီချင်းလေးမှာ သူ့ရဲ့ အသံပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ကို သေချာ တွေ့ရပါလိမ့်မယ်။
ကျွန်တော် အရမ်းကြိုက်တဲ့ သီဖွဲ့မှု ပုံစံတစ်မျိုးပါဘဲ။


( ၃ ) “ ဆည်းလည်းသံ “ သီချင်းလေးကတော့ မြန်မာ အမျိုးသမီးလေး တစ်ယောက်ရဲ့ ရင်ခုန်သံကို ရိုးရှင်းစွာ ဖွင့်ဟဝန်ခံထားတဲ့ ရိုးသားတဲ့ ရင်ခုန်သံ သီချင်းလေး တစ်ပုဒ်ပါ။
အင်မတန် လှပတဲ့ Melody လေး နဲ့ စာသားလေးတွေကို သီဖွဲ့ထားတာပါဘဲ။


( ၄ ) “ ပြန်လာခဲ့ပါ “ ဆိုတဲ့ Slow Pop သီချင်းလေးကတော့ မြန်မာ တွေ အကြိုက် အရှေ့တိုင်းဆန်တဲ့ Melody ငြိမ်ငြိမ်လေး ကို မိန်းမသားဆန်တဲ့ အတ္တလေး နဲ့ သီဖွဲ့ထားပြီး အဆွေးသံလေး ကို ပိုင်နိုင် လှပစွာ အသုံးချ သီဆိုထားတဲ့ ချက်ချင်း နားစွဲ နိုင်တဲ့ သီချင်း တစ်ပုဒ်ပါ။


( ၅ ) “ မိန်းကလေးအလှ “ ဆိုတဲ့ သီချင်းလေးကတော့ ငယ်ရွယ်သူ မိန်းကလေး တစ်ယောက်ရဲ့ အလှ နဲ့ နုပျိုမှုအပေါ်မှာ ထားတဲ့ ယုံကြည်မှုကို Hip Hop နောက်ခံတီးလုံးလေး နဲ့ သီဖွဲ့ထားတဲ့သီချင်းလေး တစ်ပုဒ်ပါ။

“ မက်လောက်စရာ တစ်ကွက်မှ မရှိသူ “ ဆိုတဲ့ စာသား ကိုပြန်ထည့်ထားတာ က အောင်မြင်ခဲ့တဲ့ အရင်ခွေက သီချင်းထဲက စာသားကို တိုက်ရိုက် ရည်ညွှန်း ထားတဲ့အပြင် အရင် သီချင်းခွေရဲ့ Title ကိုလဲ ပြန် ရည်ညွှန်း ထားသလို ဖြစ်နေတာကတော့ သိပ်အဆင်မချောလှပါဘူး။

နောက်ပြီး Indepenent, What we’ve got!, That’s what we want ဆိုတဲ့ အင်္ဂလိပ် စာသားတွေ နေရာမှာ Dual Harmony တွေ လိုနေပါတယ်။

အဲ့ဒိ နေရာတွေ က စာသား ရဲ့ Punch Line တွေ ဖြစ်တဲ့အတွက် Harmony မပါမဖြစ် လိုပါတယ်။
ခုက အဲ့ဒိ နေရာတွေမှာ ဟာပြီး ချောင်နေတဲ့အတွက် သီချင်းက မြူးသင့်သလောက် မမြူးသလို ဖြစ်နေတယ်လို့ ခံစားရပါတယ်။

ဒါ ဟာ တေးဆိုသူ ဝိုင်းစု ရဲ့ လစ်ဟာမှု မဟုတ်ပါဘူး။

တေးရေး နဲ့ Composer သို့မဟုတ် Arrangement ရဲ့ ပြန်လည် စီစစ် ဖို့ လိုအပ်ချက် တစ်ခုပါ။


( ၆ ) “ ချစ်သူမရှိတဲ့အချိန် “ ဆိုတဲ့ အလွမ်းသီချင်းလေးက Japanese Style Romantic Melody ရိုးရိုးလေး တစ်ပုဒ်ပါ။

“ မက်လောက်စရာ “ တေးစီးရီးထဲက “ ပြန်တော့ကွယ် “ ဆိုတဲ့ သီချင်းလေးရဲ့ Frame နဲ့ တော်တော်လေး တူပေမယ့် မူကွဲပါတယ်။
နားစွဲလွယ်ပြီး မိန်းကလေး ပီသတဲ့ နူးညံ့မှု ကို ဖေါ်ကျူး ထားတဲ့သီချင်းလေး တစ်ပုဒ်ပါဘဲ။


( ၇ ) “ Snow White “ ဆိုတဲ့ သီချင်းလေးကတော့ ၁၉၈၀ နှစ်ဦးလောက်တုန်းက နာမည်ကျော်ကြားခဲ့တဲ့ " မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာ ကလေးသရုပ်ဆောင် အဖြစ် နဲ့ အကယ်ဒမီ ဆု ကို ဆွတ်ခူးနိုင်ခဲ့တဲ့ သရုပ်ဆောင် အဆိုတော် ငြိမ်းငြိမ်းအိ (သို့မဟုတ်) အင်္ဂလန်စိန် ရဲ့ နာမည်ကျော်ကြားခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ကို ပြန်သီဆိုထားတာပါ။

ဒီသီချင်းလေး ကို ကျွန်တော့်အဖိုး ဒါရိုက်တာ ဦးကြီးမြင့် က သရုပ်ဆောင် စိုးမိုးအောင် (အာလူး) ဇော်ဦး ငြိမ်းငြိမ်းအိ တို့ နဲ့ ရိုက်ကူးခဲ့တဲ့ “ မဆုံဆည်းခဲ့လေသော အချစ်များ “ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာ ဇာတ်ဝင်ခန်း တေးသရုပ်ဖေါ် အနေနဲ့ အဲ့ဒိ ခေတ်တုန်းက ရုပ်ရှင် ကားတစ်ကားရဲ့ တစ်ကားလုံးအတွက် လိုအပ်တဲ့ သုံးငွေ ပမာဏ နီးပါး ကုန်ကျတဲ့ Setting အကြီးကြီး တစ်ခု ကို A1 ခြံထဲမှာ အားလုံး ကန့်ကွက်တဲ့ကြားက ဇွတ်တည်ဆောက်ပြီး ၄ မိနစ်စာ အိပ်မက်ခန်း လေးတစ်ပုဒ်ကို ငွေ ၅၀၀၀၀ နီးပါး သုံးပြီး ရိုက်ခဲ့ပါတယ်။

(မှတ်ချက် ။ ။ အဲ့ဒိတုန်းက ရုပ်ရှင်တစ်ကားရဲ့ ထုတ်လုပ်မှု စားရိတ်ဟာ တစ်သိန်းကျော်ရုံလေးဘဲ ရှိပါတယ်၊ ရွှေတောင်ကြားလမ်း နဲ့ ဝင်ဒါမီယာ ထဲက အိမ် တစ်လုံးဟာ တစ်သိန်းခွဲ နဲ့ ၂ သိန်းခွဲကြားမှာဘဲ ရှိပါသေးတယ်)

အဲ့ဒိ သီချင်းလေးက ငွေကုန်ရုံတင်မကဘဲ မှတ်မှတ်ရရ မြန်မာ့ရုပ်ရှင် ဆင်ဆာ အဖွဲ့ နဲ့ ပထမဆုံး အတိုက်အခံ လုပ်ပြီး Lip Kiss လို့ ခေါ်တဲ့ နှုတ်ခမ်းချင်း ထိပြီးနမ်းတာကို မြန်မာ ကားတွေ ထဲမှာ ပထမ ဆုံး နဲ့ နောက် ဆုံးအကြိမ် ထည့်သွင်း ပြသခဲ့တာပါ။

ယောကျာ်း နဲ့ မိန်းမ နှုတ်ခမ်းခြင်းမနမ်းပြရဘူး ဆိုတဲ့ ရုပ်ရှင် ဆင်ဆာအဖွဲ့ ရဲ့ စည်းကမ်းအရ မိန်းကလေးခြင်းတော့ နမ်းပြလို့ရတယ်ပေါ့ ဆိုတဲ့ ဟာကွက်ကို မရမက နင်းပြီး အတင်း ကြိုတင်ခွင့်တောင်းပြီး အတိုက်အခံညှိနှိုင်းမှုတွေ လ နဲ့ချီ ကြာပြီးတဲ့အခါမှာ ရုပ်ရှင် အစည်းအရုံးက အိပ်မက်ခန်းဘဲ ဖြစ်ရမယ်
အိပ်မက်လို့လဲ သိသာအောင် ပြရမယ်
နောက်ပြီး မိန်းကလေး ခြင်းဘဲ နမ်းရမယ်
နှုတ်ခမ်းခြင်း လဲ ထိရုံဘဲထိရမယ် Open Mouth မဟုတ်ရဘူး ( No Tounge )
စတဲ့ ကန့်သတ်ချက်တွေ နဲ့ ခွင့်ပြုချက်ရပြီးတော့မှ

မိန်းကလေးတစ်ယောက်ကို ယောက်ျားလေး နဲ့ တစ်ပုံထဲဖြစ်အောင် ပြင်ပြီး အင်္ဂလန်စိန် ကို မင်းသားလေးက နှုတ်ခမ်းကို နမ်းတဲ့အခန်း ကို ရအောင် ကပ်သီးကပ်သပ်ရိုက်ခဲ့တဲ့ ကျွန်တော့် အဖိုး ရဲ့ ဥာဏ်ကို ဆင်ဆာ အဖွဲ့ လက်မြှောက်ခဲ့ရတဲ့ မြန်မာ့ရုပ်ရှင်လောက မှာ သမိုင်းတင်ရစ်ခဲ့တဲ့ ၅ စက္ကန့် ကြာ အနမ်းလေး တစ်ပွင့် ရဲ့ သမိုင်းကို ရုပ်ရှင်ကြည့် ပရိသတ် တွေ သေချာ သိချင်မှ သိခဲ့ကြမှာပါ။


ဘယ်လိုဘဲ ဖြစ်ဖြစ် သမိုင်းတွင်ရစ်ခဲ့မှာ မဟုတ်မှန်း အကယ်ဒမီ ရမယ့် ဇာတ်ကားမျိုး မဟုတ်မှန်း သိပေမယ့် " စနေမောင်မောင် " လို ကားမျိုးကို ဦးညွန့်ဝင်း နဲ့ ပင်းတယ လို သဘာဝ ဥမင် အကြီးကြီး ကို Warehouse Size Studio ကြီး ထဲမှာ အတုကြီး အပြည့်ဆောက်ပြီး သင်္ကြန်မိုး လို အကုန်ခံပြီး ရိုက်ကူးရဲခဲ့တဲ့ .....

“ မုန်းရခက်ကြီး “ ဆိုတဲ့ ကားထဲမှာ အရက်မူးနေတဲ့ မင်းသား (ကျော်သူ) နံရံပေါ်ကို လမ်းတက်လျှောက် သွားဖို့ စက္ကန့် သုံးဆယ် ကြာအခန်းလေး အတွက် ဆုံလည် သံမဏိ စက်ဝိုင်းအကြီးကြီး ပေါ်မှာ ကျွန်တော် တို့ အိမ်က အိပ်ခန်း ရဲ့ ပုံစံတူ မော်ဒယ်ကို ၉၀ ဒီဂရီ လှည့်လို့ရအောင် ၆ သောင်းလောက် အကုန်ခံ ဆောက်ပြီး “ ဟေ့ အချစ် “ ဆိုတဲ့ သီချင်းကို ရိုက်ပြရဲခဲ့တဲ့ .....
ကျွန်တော့် အဖိုး ကို ကျွန်တော် လေးစားစွာ ဂုဏ်ယူပါတယ်။

မလိုအပ်ဘဲ ပေရှည်သွားခဲ့ရင်တောင်းပန်ပါတယ်။

ဒါပေမယ့် ကျွန်တော် ဝိုင်းစုခိုင်သိန်း ကို ဘာကြောင့် ဒီလောက် ကာကွယ်ပေးခဲ့သလဲ ဘာလို့ ဒီ ကလေး ကို ဒီလောက် ချစ်သလဲ လို့ မေးနေကြသူတွေကို သူဟာ ကျွန်တော့် အဖေရဲ့ တပည့် ရင်း ဖြစ်တဲ့အပြင် ကျွန်တော် လေးစားချစ်ခင်တဲ့ ကိုငှက်ကြီးရဲ့ တပည့်ရင်းလေးလဲ ဖြစ်သလို ရုပ်ရှင် သရုပ်ဆောင်တွေထဲမှာ ထူးခြားစွာ ဂီတ ကို ပိုင်နိုင်ကျွမ်းကျင်တဲ့ ကလေး တစ်ယောက် မို့ ကျွန်တော့် ရဲ့ အနုပညာ သွေးသားရင်းချာလေး တစ်ယောက်လို ကျွန်တော် သဘောထားပါတယ် ဆိုတာကို ကြုံကြိုက်တုန်း ပြောပြချင်လို့ပါ။


( ၈ ) “ First Love “ ဆိုတဲ့ သီချင်းလေးကတော့ လူတစ်ရာ မှာ ၉၉ ရောက် လောက် ခံစားနိုင်မယ့် Country Pop Style ဆန်ဆန် သီချင်းလေးပါ။

ချောချော ရုပ်ဆိုးဆိုး အိုအို ပျိုပျို ကြီးကြီး ငယ်ငယ် လူတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ဖူးပါတယ်
ရည်းစားဦးဆိုတာ မရှိခဲ့ဖူးသေးတဲ့ အပျိုဟိုင်း လူပျိုဟိုင်း ကြီးတွေ မှာတောင် ဘယ်သူ့ကို မှ ဝန်မခံခဲ့တဲ့ တစ်ဖက်သပ် အချစ်ဦးဆိုတာ ရှိခဲ့စမြဲပါ။

ဒီသီချင်းလေး မှာ အဆို အတီး တေးရေး ပညာပိုင်းဆိုင်ရာ ဘာမှ ထူးခြားမှု မရှိပေမယ့် အတိုင်းအတာ တစ်ခုထိ ခံစားမှု တစ်ခုကို ပေးနိုင်တဲ့ သီချင်းလေးတစ်ပုဒ်ပါဘဲ။


( ၉ ) “ ရုပ်ဆိုးမ “ ….. ကတော့ တစ်ခွေလုံး မှာ အကောင်းဆုံး နဲ့ အကြိုက်ဆုံး သီချင်းလေးပါ။


စ နားထောင်မိတာနဲ့ ဒီတစ်ခွေ လုံးကို အပိုင်ဝယ်သိမ်းထားချင်စိတ် ပေါက်သွားစေနိုင်တဲ့ သီချင်း လေးက ဒီ သီချင်းပါဘဲ။

ဒီ တစ်ခွေ လုံးတင် မကပါဘူး။

ဝိုင်းစု ဆို ခဲ့တဲ့ သီချင်း လေးတွေ အားလုံးထဲမှာ ယနေ့ထက်ထိ ကျွန်တော် အကြိုက်ဆုံး သီချင်းတစ်ပုဒ် အဖြစ် ပထမဆုံး နားထောင်ဖြစ်ကထဲက မှတ်တမ်းတင်ဖြစ်သွားခဲ့တဲ့ သီချင်းလေးပါဘဲ။

Alternative Rock တွေကို အရမ်းကြိုက်တဲ့ ကျွန်တော့်လို ပုရွက်ဆိတ် တစ်ကောင် အတွက် ဒီသီချင်းက ပျားရည် ပုံးကြီးလို့ ပြောလို့ရပါတယ်။

Melody က စပြောရရင် Teen Alter Standard ကို လုံးဝ အပြည့်ဝင်ပါတယ်။
Chord Frame ကလဲ အရမ်း လှပါတယ်။

သီချင်းရေးသူရဲ့ ဟာသ ဥာဏ် က လဲ အရမ်း ထက်မြနေပါတယ်။

ဝိုင်းစု ရဲ့ ဆိုဟန် (Vocal Attitude) ကလဲ သီချင်း ရဲ့ Theme ထဲက ရုပ်ဆိုး ဝတုတ်မလေး ရဲ့ Character ကို 100% ထင်ဟတ်စေပါတယ်။

သီချင်း ကို Compose လုပ်ထားတာကလဲ American Youth Alter Pop/Rock Style အပြည့်ပါဘဲ
ဒီသီချင်းကို ပွင့် နဲ့ ရိုက် ဖို့ ဝိုင်းစု စိတ်ကူးမိမယ် လို့ ထင်ပါတယ်။

ဖြစ်နိုင်ရင် သီချင်းရဲ့ အစပိုင်း တစ်ဝက်လောက်ကို ပွင့် နဲ့ ဟာသလေးတွေ ရိုက်ပြပြီး Chorus အရောက်မှာ ဝိုင်းစု က Band နဲ့ စင်ပေါ်မှာ ဆိုနေတာ ကို ပွင့်က အောက်ကနေ ကြည့်ပြီး သဘောတွေ ကျနေတာ မျိုး ပြထားပြီး မှ 3rd Verse မှာ စပြီး သူ တွေးသမျှ တလွဲတွေ ဖြစ်လာတာကနေ နောက်ဆုံး တစ်ကယ်က ဆိုနေတဲ့ သူ ကိုယ်တိုင်ကလဲ ပွင့် ဖြစ်နေပြီး ဝိုင်းစု က သူ ကြည့်ပြီး စိတ်ကူးယဉ်နေတဲ့ ပရိသတ် ကောင်မလေး ဖြစ်နေတာ မျိုးလေး နဲ့ သိမ်းလိုက်ရင် အရမ်းချစ်စရာကောင်းတဲ့ သီချင်းလေး ဖြစ်သွားမှာပါ။


( ၁၀ ) “ ချစ်ဦးပုံပြင် “ ကတော့ တစ်ခွေလုံးမှာ ဒုတိယ အကြိုက်ဆုံးနဲ့ အခံစားရဆုံးသီချင်းလေး တစ်ပုဒ်ပါဘဲ။

6/8 Beat နဲ့ ဂျပန် သီချင်းလေး တစ်ပုဒ် ကို မြန်မာ လို ကြားရလိုက်သလိုပါဘဲ
အရမ်းလှပတဲ့ Melody လေးပါဘဲ။

မေ့ဖျောက်ဖို့ မလွယ်တော့တဲ့ အချစ်ဟောင်း အတွက် အလွမ်းလေးကို လှပစွာ ဖေါ်ကျူးထားတဲ့ အပြစ်ပြောစရာမရှိအောင် လှပနေတဲ့ သံစဉ်လေးပါ။

အထူးသဖြင့် မိန်းကလေးတွေ အရမ်း ကြိုက်ကြမယ် ဆိုတာ သေချာပါတယ်။


( ၁၁ ) “ ကြောင် “ ဆိုတဲ့ သီချင်းလေးကတော့ မိန်းကလေးတစ်ယောက်ရဲ့ မာန နဲ့ ယောက်ျားလေးတစ်ယောက်ကို သရော်ထားတဲ့ Hip Hop Style သီချင်းလေးတစ်ပုဒ် ပါ။

ကြိုက်လှချည်ရဲ့ လို့ တစ်ဖွဖွ ပြောနေရလောက်မယ့် သီချင်း မဟုတ်ပေမယ့် နားထောင်လို့ကောင်းတဲ့ သီချင်းလေး တစ်ပုဒ်ပါ။

နောက် ၆ လ လောက် အကြာမှာ ဝိုင်းစုခိုင်သိန်း သီချင်းလေး ရယ်လို့ မှတ်မိနေစေမယ့် သီချင်းတော့ မဟုတ်ပါဘူး။

အဆိုတော် တစ်ယောက် သိသင့်တဲ့ အချက်တစ်ခုပါ။


( ၁၂ ) “ နှုတ်ဆက်ပါတယ် “ ကတော့ အပိတ်နှုတ်ဆက်သီချင်း ပီသ စွာ လှပတဲ့ Pop Alter Melody လေး ကို မြန်မာ ဆန်စွာ ရေးဖွဲ့ထားတဲ့ သီချင်းလေးပါ။

အဆိုအတီး ဘာမှ ပြောစရာမရှိပါဘူး။

ဝိုင်းစု အသံ Vibration လေးတွေ သိပ် မသုံးတတ်တာ ကို ဒီသီချင်းလေး မှာ သတိထားမိပါတယ်။

သီချင်းရဲ့ Mood မြင့် မြင့် သွားတဲ့ အချိန်လေးတွေ မှာ သူ့ ရဲ့ အသံလေးတွေ ခါ သွားသင့်တဲ့ အခါလေးတွေ မှာ အသံလေးတွေ ဖြောင့်နေတာ သီချင်းရဲ့ Emotional Level ကို အားပျော့သွားစေပါတယ်။
ဒါက အလေ့အကျင့် နဲ့ အသက်အရွယ် နှစ်မျိုးလုံးနဲ့ ဆိုင်ပါတယ်။


အဲ့ဒါ လေးကို သတိထားပြီး လေ့ကျင့်ပေးဖို့ လိုနေတယ်ဆိုတာလေးက လွဲရင် ဒီခွေလေးက ပထမ ခွေလိုဘဲ နိုင်ငံတစ်ကာ အဆင့်အတန်း မှီ ပြီး စွဲမက်ဖွယ်ရာ မက်လောက်စရာ အပြည့်နဲ့ သီချင်းစီးရီးလေး တစ်ခု ဖြစ်ပါတယ် ဆိုတာ ကျွန်တော် နားလည်သမျှ ဂီတရဲ့ ပေတံတွေ နဲ့ တိုင်းထွာ ဝေဖန်သုံးသပ်ရင်း …
ကျွန်တော် ချစ်တဲ့ ညီမလေး ဝိုင်းစု အနုပညာ လောက မှာ ထာဝရ ရပ်တည် နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ။ ။


မျိုးချစ်မြန်မာ

Saturday, July 9, 2011

" New Divide "

ကမ္ဘာကျော်အမေရိကန်ရော့(ခ်) ဂီတအဖွဲ့ Linkin Park ကို 1996 ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပါတယ်။

2000ပြည့်နှစ်မှာ စတင်ထုတ်လုပ်တဲ့ အဖွဲ့ရဲ့ ပထမဆုံး အယ်လ်ဘမ် Hybrid Theory နဲ့ နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားလာပါတယ်။

Linkin Park ရဲ့ သီချင်းတွေဟာ nu metal ၊ rap metal ၊ modern rock အမျိုးအစားတွေဖြစ်ပြီး တစ်ခြားအဖွဲ့တွေနဲ့ ကွဲပြားတဲ့ပုံစံနဲ့ ဖောက်ထွက်ခဲ့ကာ ဂီတလောကကို တစ်ခေတ်ဆန်းသစ်စေခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အောင်မြင်မှုအရှိဆုံး ဂီတ အဖွဲ့တွေထဲမှာပါဝင်တဲ့ Linkin Park ဟာ

Hybird Theory (2000) ၊
Meteora (2003) ၊
Minutes to Midnight (2007) ၊
A Thousand Suns (2010)

စတဲ့ စတူဒီယိုအယ်လ်ဘမ်လေးခု ထွက်ရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှာ အချပ်ရေ သန်း(50)ကျော် ရောင်းချပြီးဖြစ်သလို ဂရမ်မီဆုနှစ်ခုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဖွဲ့ဝင်တွေကတော့

Chester Bennington (vocals) ၊
Mike Shinoda (vocals,keyboard) ၊
Rob Bourdon (drums) ၊
Brad Delson (lead) ၊
David Phoenix Farrell (bass) ၊
Joe Hahn (keyboard, DJ) တို့ဖြစ်ပါတယ်။

အဖွဲ့ရဲ့အမည် Linkin Park ဟာ သမ္မတကြီးလင်ကွန်းကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ ကယ်လီဖိုးနီးယားက ဆန်တာမိုနီကာအရပ်မှာရှိတဲ့ Lincoln Park ကို ပြောင်းလဲတီထွင် ထားတာပါ။

Linkin Park ရဲ့ New Divide သီချင်းဟာ နာမည်ကြီး Transformers ဇာတ်ကားရဲ့ ဇာတ်ဝင်တေးဖြစ်ပါတယ်။

လျှို့ဝှက်နက်နဲပြီး အဓိပ္ပါယ်ဖမ်းဆုပ်ဖို့ခက်တဲ့ တင်စားချက်တွေ၊ နိမိတ်ပုံဆန်ဆန်စာသားတွေနဲ့ အပြင်းစားပေါက်ကွဲသံစဉ်တွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ New Divide သီချင်းကို သီချင်းခံစားမှုကဏ္ဍအတွက် ရွေးချယ်တင်ဆက်လိုက်ပါတယ်။

သီချင်းဗီဒီယိုကိုတော့ အောက်ပါအင်တာနက် လိပ်စာမှာ ကြည့်ရှု့နိုင်ပါတယ်။



" New Divide " by Linkin Park

I remembered black skies
The lightning all around me
I remembered each flash
As time began to blur
Like a startling sign
That fate had finally found me
And your voice was all I heard
That I get what I deserve

[(So give me reason
To prove me wrong
To wash this memory clean
Let the floods cross
The distance in your eyes)
Give me reason
To fill this hole
Connect this space between
Let it be enough to reach the truth that lies
Across this new divide]
There was nothing inside
The memories left abandoned
There was nowhere to hide
The ashes fell like snow
And the ground caved in
Between where we were standing
And your voice was all I heard
That I get what I deserve

Across this new divide
In every loss in every lie
In every truth that you deny
And each regret and each goodbye
Was a mistake too great to hide
And your voice was all I heard
That I get what I deserve

ပိုင်းခြားမှုအသစ်
လင်ကင်းပါ့(ခ်)

အနက်ရောင်ကောင်းကင်တွေ ငါသတိရ
ငါ့နံဘေးနား လျှက်စီးတွေတောက်ပ
တဖျတ်ဖျတ်လင်းလက်မှုတိုင်း ငါအမှတ်ရ
အချိန်က ဝိုးတဝါးအစပြုလာ
ရုတ်တရက်အံ့အားသင့်စရာတစ်ခုပမာ
နောက်ဆုံးငါ့ကိုတွေ့ရှိတဲ့ ကံကြမ္မာ
ငါကြားသမျှ မင်းရဲ့အသံဟာ
ငါရလိုက်တဲ့ ထိုက်တန်သောအရာ

[(ငါ့ကိုအကြောင်းပြချက်ပေး
 ငါတကယ်မှားယွင်းနေရင်
 ဒီမှတ်ဥာဏ်ကို ဆေးကြောသန့်စင်ဖို့
 ရေပြင်တွေဖြတ်စီးဆင်းစေ
 မင်းမျက်လုံးများထဲက ဝေးကွာခြင်းတွေ)
 ငါ့ကိုအကြောင်းပြချက်ပေး
 ဒီကွက်လပ်ကို ဖြည့်တင်းဖို့
 ဟင်းလင်းပြင်ကို ဖြတ်သန်းဆက်သွယ်
 အမှန်တရားဆီရောက်နိုင်ဖို့
 ပိုင်းခြားမှုအသစ်ကို ဖြတ်ရင်း]

အထဲမှာနတ္ထိဗလာ
အစွန့်ပစ်ခံမှတ်ဥာဏ်များစွာ
ပုန်းကွယ်စရာကင်းမဲ့
ပြာမှုန်တွေနှင်းလိုလွင့်ခဲ့
မြေပြင်ဟာပြိုအက်လာ
ငါတို့နှစ်ဦးရပ်နေရင်းမှာ
ငါကြားသမျှ မင်းရဲ့အသံဟာ
ငါရလိုက်တဲ့ထိုက်တန်သောအရာ

( )

ရှုံးနိမ့်မှုတိုင်းမှာ လှည့်ဖျားမှုတိုင်းမှာ
မင်းငြင်းဆန်တဲ့ အမှန်တရားတိုင်းမှာ
နောင်တနဲ့ လမ်းခွဲမှုတိုင်းဟာ
ဖုံးကွယ်လို့မရတဲ့ အမှားတစ်ခုသာ
ငါကြားသမျှ မင်းရဲ့အသံဟာ
ငါရလိုက်တဲ့ ထိုက်တန်သောအရာ

[ ]


မင်းသက်စံ

Saturday, July 2, 2011

Decode



ဒီလသီချင်းခံစားမှု ကဏ္ဍအတွက် Paramore လူငယ်ရော့(ခ်) ဂီတအဖွဲ့ရဲ့ Decode ဆိုတဲ့သီချင်းလေးနဲ့ တင်ဆက်ချင်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းစားနေတဲ့ အမေရိကန်ရော့(ခ်) ဂီတအဖွဲ Paramore ကို တန်နက်ဆီပြည်နယ်၊ ဖရန်ကလင် မြို့မှာ 2004 ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပါတယ်။
အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်ကတော့ ဟေလီဝီလျံ(မ်)(စ်) ဖြစ်ပြီး ဂျော့ဖာရို(လိဒ်)၊ ဇက်(ခ်)ဖာရို(ဒရမ်)၊ ဂျယ်ရီမီဒေးဗစ်(စ်)(ဘေ့စ်)တို့ ပါဝင်ပါတယ်။
နယ်လှည့် ဖျော်ဖြေရေးတွေမှာ ပါဝင်တဲ့ နောက်ထပ်အဖွဲ့ဝင်တွေလည်း ရှိပါတယ်။

Decode သီချင်းဟာ သွေးစုတ်ဖုတ်ကောင်၊ ဝံပူလွေလူသားနဲ့ မိန်းခလေးတစ်ဦးရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ဖော်ကျူးထားတဲ့ ကမ္ဘာကျော် Twilight (2008) ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းတစ်ပုဒ်ပါ။
ယခုအခါ အသက်(၂၃)နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်မလေး ဟေလီဝီလျံ(မ်)(စ်)ဟာ ဒီသီချင်းကို သီဆိုစဉ်က အသက်(၂၀)မျှသာရှိသေးပေမယ့် အလွန်အားကောင်းလှတဲ့ အသံပါဝါ၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ သီဆိုဟန်တွေနဲ့ သူမရဲ့ အရည်အချင်းကို ပြနိုင်ခဲ့တဲ့ ပါရမီရှင်မလေးပါ။

အဖွဲ့ရဲ့အမည် Paramore ဟာ တိတ်တခိုးချစ်သူလို့ အဓိပ္ပါယ်ရတဲ့ Paramour ဆိုတဲ့ စကားလုံးကို အနည်းငယ်ပြောင်းလဲ တီထွင်ထားတာပါ။

All We Know Is Falling(2005),
Riot!(2007),
Brand New Eyes(2009)
ဆိုပြီးတေးအယ်(လ်)ဘမ်(၃)ခု ထွက်ရှိပြီးဖြစ်တဲ့ Paramore အဖွဲ့ရဲ့ Decode သီချင်းကိုတော့ အဖွဲ့ရဲ့ Fan Club site မှာ 2008 အောက်တိုဘာ(၁)ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တာပါ။
လျို့ဝှက်ပြီး စိတ်ကူးယဉ်ဆန်တဲ့စာသား၊ ထူးခြားဆန်းသစ်တဲ့ ပေါက်ကွဲသံစဉ်တွေနဲ့ ပေါင်းစပ်ထားတဲ့ Decode သီချင်းလေးကို ဘာသာပြန်ဆိုဖော်ပြလိုက်ပါတယ်။

ဖွင့်ဆိုခြင်း

ဘယ်အရာဟာ အမှန်လဲ ငါဘယ်လိုဆုံးဖြတ်နိုင်မလဲ
ငါ့စိတ်မှာ မင်းကြောင့် ရှုပ်ထွေးသွားတဲ့အခါ
အချိန်တိုင်းမင်းကို ရှုံးနိမ့်ရင်း
ငါပိုင်ဆိုင်တဲ့အရာ ငါကိုယ်တိုင်မသိတော့ပါ
အခြားတစ်ဖက်မှာ မင်းရှိတဲ့အခါ
မင်းယူသွားလို့မရတဲ့ ငါ့ဂုဏ်သိက္ခာ
ဒီအချိန်မှာ မဖြစ်နိုင်ဘူး

CHO: ဘယ်လိုဖြစ်ခဲ့ပြီလဲ
        တစ်ချိန်က ငါနားလည်ခဲ့တဲ့မင်း
        ဘယ်လိုဖြစ်ခဲ့ပြီလဲ
        တကယ်တမ်းတော့ ငါသိတယ်

မင်းမျက်ဝန်းထဲ အမှန်တရားဟာ ပုန်းကွယ်ဆဲ
မင်းနှုတ်ဖျားမှာ ဆွံ့အနေဆဲ
ငါ့သွေးသားထဲ ပူလောင်ဆူပွက်
ငါမမြင်နိုင်ဘူး မင်းထင်လား
တကယ်ဆို မင်းဟာ ယောက်ျားတစ်ယောက်ပဲ

ငါကိုယ်တိုင်အဖြေရှာမယ်
မင်းကိုသိပ်ချစ်တယ် ဟစ်အော်နေရင်း
ငါတစ်ယောက်တည်း
မင်းမသိတဲ့ ငါ့အတွေးများလည်း
CHO:

မင်းသတိရရဲ့လား
ငါတို့ အတူတူ ရူးသွပ်ခဲ့သမျှတွေ
CHO:

Decode

By Paramore


How can I decide on what's right?
When you're clouding up my mind
I can't win your losing fight all the time
Nor could I ever own what's mine
When you're always taking sides
But you won't take away my pride
No not this time
Not this time

     How did we get here?
     When I used to know you so well
     How did we get here?
     Well, I think I know
The truth is hiding in your eyes
And it's hanging on your tongue
Just boiling in my blood,
But you think that I can't see
What kind of man that you are
If you're a man at all

Well, I will figure this one out on my own
(I'm screaming "I love you so.")
On my own
(My thoughts you can't decode)

     How did we get here?
     When I used to know you so well, yeah
     How did we get here?
     Well, I think I know
Do you see what we've done?
We've gone and made such fools of ourselves
Do you see what we've done?
We've gone and made such fools of ourselves

Yeah, Yeah

     How did we get here?
     When I used to know you so well, yeah, yeah
     How did we get here?
     When I used to know you so well
     I think I know
     I think I know

There is something I see in you
It might kill me,
I want it to be true

မင်းသက်စံ

Tuesday, April 1, 2008

မြန်မာ့ ရုပ်ရှင်လောကသားများကိုယ်စား တုံ့ပြန်ကြေငြာချက်


ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နာမည်ကျော် မြန်မာရုပ်ရှင်ဒါရိုက်တာတွေတစ်ချို့က ထောက်ခံမဲထည့်ဖို့ စည်းရုံးလှုံ့ဆော်မယ့် ဝါဒဖြန့်ချိရေးကားတွေ ရိုက်ကူးဖို့ စီစဉ်နေပါတယ် ဆိုပြီး တိတိကျကျကို စွတ်စွဲ ထားတဲ့ စာထွက်လာပါတယ်

ဒါကို ဘလော့တစ်ခု မှာ ဒီ ဒါရိုက်တာတွေ ထုတ်လုပ်သူတွေက ရဟန်းသံဃာတွေ ကျောင်းသားပြည်သူတွေကို သစ္စာဖေါက်သူတွေဆိုပြီး ပြင်းပြင်းထန်ထန် ရေးလာတာလဲ တွေ့ရပါတယ်

ဒါကိုဖတ်ရတော့ ကျွန်တော်လဲ တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်
ဘာလို့လဲဆိုတော့ အတွင်းမှာနေထိုင် ရုန်းကန်နေရတဲ့ ရုပ်ရှင်လောကသားတွေ ရဲ့ဘဝကို မသိကြတဲ့ လူတွေကြောင့်ပါ

မြန်မာ့ရုပ်ရှင်လောကဟာ ဘယ်တုန်းကမှ စစ်အစိုးရရဲ့ ချုပ်ကိုင်မှုအောက်က မရုံးထွက်နှိုင်ခဲ့ပါဘူး
မဆလ ခေတ် တလျှောက်လုံးကျွန်တော် ရုပ်ရှင်လောက ထဲမှာကြီးပြင်းလာခဲ့တာပါ
အစိုးရက ရုပ်ရှင်လောက သားတွေကို ဖလင်ထုတ်ယူခွင့် ကနေစလို့ ဆင်ဆာခွင့်ပြုမှု ထုတ်ဝေခွင့် (က ကြီးမှ အ) အထိပေါ့ဗျာ လိုက်ထိန်းချုပ်ထားခဲ့တာပါ ပြီးတော့ ကြုံရင်ကြုံသလိုလဲ သူတို့ အကျိုးပြုကားတွေ ရိုက်ခိုင်းလေ့ရှိပါတယ်
ကျွန်တော်တို့လဲ မရိုက်ချင်ဘဲ အစိုးရကားတွေ ရိုက်ပေးခဲ့ရတာတွေရှိပါတယ်


သူတို့ရိုက်ခိုင်းရင် ငွေလဲမရတဲ့အပြင် သူတို့ထုတ်ပေးတာမလောက်လို့ ကိုယ်လဲအိပ်ထဲကစိုက်ရ အဆိုးဆုံးက ပြည်သူက အမြင်ကပ်တာလဲခံရလို့ ဘယ်သူမှတော့ရိုက်ချင်တာမဟုတ်ဘူး

ဒါပေမယ့် မရိုက်ပေးဘူးလို့ ငြင်းပြန်ရင်လဲ လူကြီးလူကောင်းခွေးမသားတွေက အငြိုးတကြီးနဲ့ကို ဆော်တော့တာဘဲ
ကိုယ်ရိုက်တဲ့ ကားကျတော့မှ ဇာတ်လမ်းရိုက်ကူးခွင့်ပယ်မယ် ဖလင် ထုတ်ပေးရင် ကန့်သတ်မယ်
(အပြင်ကဝယ်ရိုက်နေရတာဈေးကြီးမှန်းသိလို့..)
နောက်ဆုံးဆင်ဆာတင်တော့လဲ ကပ်ညစ်မယ်
ဒီလို တောက်လျောက်ကိုဆော်တော့တာဗျို့

ဒါတောင်သူတို့ကို ဘာမှ ပြောရ လုပ်ရသေးတာမဟုတ်ဘူး
တခုခုများ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး သူတို့ကိုဆန့်ကျင်တဲ့သူတွေဆိုရင်တော့
လုပ်စားခွင့်တောင် အကန့်အသတ်မရှိပိတ် ပစ်တော့တာဘဲ

အနုပညာ သမားတယောက်ကို အနုပညာနဲ့ လုပ်စားခွင့်က ပိတ်ပင်လိုက်တာဟာ
ငါးကိုရေထဲက ဆယ်ပြီးသောင်ပြင်ပေါ် ပစ်လိုက်သလိုပါဘဲ

ဒီတော့ ကိုယ်ချစ်တဲ့ လောကလေး ကိုမစွန့်ခွာနှိုင်တဲ့အခါ
မချစ်သော်လဲ အောင့်ခါနမ်းပြီး မျက်စိမှိတ် လုပ်ပေးခဲ့ရတာ ခေတ်အဆက်ဆက် ကပါ

ဒါပေမယ့် စုန်းပြူးတွေကလဲ ခေတ်အဆက်ဆက် မှာရှိခဲ့ဖူးပါတယ်
အစိုးရ ကိုမျက်နှာလို အားရလုပ်ပြီး ကိုယ့်ကောင်းကျိုးအတွက် ဖါးခဲ့တဲ့ သူတွေလဲရှိခဲ့ပါတယ်
ပြီးရင် Cell Phone Permit လေးတောင်းလိုက် Car Permit လေး တောင်းလိုက်ပေါ့နော်
တစ်ချို့ကျတော့လဲ တကယ်ကို ဆင်းရဲရှာလို့ ဒီလိုလုပ်ကြရတာပေါ့ဗျာ
တစ်ချို့ကကျတော့ သာကူး လို့ခေါ်တဲ့ သစ္စာဖေါက် အစစ်တွေပေါ့
ဘယ်သူသေသေ ငတေမာရင်ပြီး တဲ့လူတွေကတော့ နေရာတိုင်း အလွှာတိုင်းမှာ ရှိကြစမြဲပေါ့

ဒါပေမယ့်ဗျာ ခုတိုင်းပြည် အနေအထားက မဆလ ခေတ်ကထက်တောင် အများကြီးပိုဆိုးနေပါပြီ
အရမ်းလဲ ငတ်မွတ် ဆင်းရဲ နေကြပြီ
ယုံကြည်မှုထက် ကြောက်ရွံ့ခြင်းက အားသာနေပြီ
ဒီကောင်တွေ ခိုင်းတာမလုပ်ရင် ဘာဖြစ်နှိုင်တယ် ဆိုတာလဲ အားလုံးသိနေကြတဲ့အခါ
ကိုယ်နဲ့ ကိုယ့်မိသားစု လုံခြုံရေးအတွက် မလွှဲသာ မရှောင်သာ လုပ်ပေးကြရတော့တာပေါ့


ဒါကို အပေါ်ယံလေး ကြည့်ပြီးတော့ အစိုးရ ကားရိုက်တယ်ဆိုရင် သစ္စာဖေါက်ပဲ ဘာညာစွတ်ပြောလို့ မရဘူးဗျ
ပြည်တွင်းက အနုပညာသမားတွေက သေနပ်ပြောင်းဝ မှာမလူးသာ မလွန့်သာဖြစ်နေတုန်း
ရွေးချယ် ငြင်းပယ်ခွင့် မရှိတဲ့ ဘဝ ကိုနားလည်မပေးဘဲ လက်တစ်ဆုတ်စာရှိတဲ့ သာကူး တစ်ချို့နဲ့ တစ်တန်းထဲရောပြီး သစ္စာဖေါက် လို့သတ်မှတ်လိုက်မယ်ဆိုရင် အမြင်ကျဉ်းလွန်းရာကြပါတယ်ဗျာ
ရုပ်ရှင် လောက မှာ သေချာ ထဲထဲဝင်ဝင် မနေခဲ့ဘူး လို့ မစာနာတတ်တာလို့ဘဲထင်ပါတယ်
ဒီအတွက်တော့ ကျွန်တော် စိတ်မကောင်းပါဘူး


နောက်ပြီး ကာယကံရှင်တွေ ကိုသေချာမမေးဘဲ လမ်းပေါ်မှာဝေတဲ့စာလေးတစ်စောင် ကို
ကိုးကားပြီး သစ္စာဖေါက် တွေဘာညာခေါ်ဖို့ ဆိုတာ နဲနဲလေး မစောလွန်းဘူးလားဗျာ


မောင်မျိုးမင်းတို့ ညီလာခံကား ရိုက်တုန်းကဆို ကျွန်တော်ကိုယ်တိုင်ဝေဖန်ခဲ့ပါတယ်
သူတို့က စေတနာဗလပွနဲ့ ဖါးယားပြီးလုပ်ကြတာပါ
ဒီလိုလူတွေ ကိုတိုက်ခိုက်ဖို့ တော့ ကျွန်တော်ကိုယ်တိုင် အားပေးကူညီမယ်

အခု အရေးအခင်း ဖြစ်ပြီးတော့ အခြေအနေ တွေက မတူတော့ဘူးလေ
အနုပညာလောက သားတွေအားလုံး မလှုပ်ရဲ အောင်ကို ချုပ်ထားကြပါပြီ
လုပ်ရတာနဲ့ ပြန်ခံရမှာ ကို မတန်ဘူး ဆိုတာသိအောင် သူတို့ မှိုင်းတိုက်ထားလိုက်ပြီလေ

ဒါကို သူတို့နေရာမှာ သူတို့နဲ့ တန်းတူ ရင်ဆိုင်နေရတာ မဟုတ်ဘဲနဲ့
ကိုယ်က လွတ်လပ်တဲ့နိုင်ငံမှာ Computer ရှေ့ထိုင်ပြီး Key Board လေးတပြင်ပြင်နဲ့
အလကားရေးရတာဘဲ ရေးလိုက်ဦးမယ်ဆိုတဲ့ အတွေးနဲ့ ရေးတိုင်းသတင်း မဖြစ်ပါဘူး

ကာယကံရှင်တွေ ဘာကြောင့် ဘယ်လို ရပ်တည်နေရတယ်ဆိုတာ သေချာစုံစမ်းသင့်ပါတယ်

ကျွန်တော်ကတော့ သေချာစုံစမ်းပြီးမှ သုံးသပ်ပြီးရေးတာပါ
ကိုယ်တိုင်လဲ ဆက်သွယ်မေးမြန်းပြီးပါပြီ

ကိုယ်ရေးရပြီးရောရေးတဲ့ သတင်းကတော့ မြန်မာ့အလင်းမှာ ဖတ်ရတာနဲ့ တူတူပါဘဲ

ကျွန်တော် အခုလဲ ဘာမှမပြောတော့ပါဘူး လို့ စဉ်းစားထားရင်း သတိရလာတာရှိလို့ပါ

ကျွန်တော် နိုင်ငံရေးသမား မဟုတ်ဘူး လူမှုရေးသမား
ကျွန်တော် အမိမြေကိုချစ်တယ် မြန်မာတွေကိုချစ်တယ်
ဒီတော့ မြန်မာလူမျိုး တွေ ကိုအသက်ရှိနေသမျှ ကာကွယ်သွားမယ်

ကျွန်တော် ကိုပါချင် ကိုသိချင် မဟုတ်ဘူး အနုပညာ မျိုးဆက် စစ်စစ် ဖြစ်တယ်
အနုပညာ လောကကို အထူးသဖြင့် ရုပ်ရှင်လောက ကိုချစ်တယ်

တတ်ယောင်ကားစိတ်နဲ့
ကျွန်တော့် လူတွေ မြန်မာ့ အနုပညာလောကသားတွေ
ရုပ်ရှင်လောကသားတွေကို တစ်ဖက်သတ် စော်ကားလာရင် ခေါင်းငုံ့ခံနေမယ့်ကောင်တော့ မဟုတ်ဘူး


သေချာတာတစ်ခုတော့ရှိတယ်
ကျွန်တော် ဒီ Post ရေးတာ လူစိတ်ဝင်စားအောင်တော့မဟုတ်ဘူး
ခံယူချက် ယုံကြည်မှု နဲ့ရေးတာ ဘယ် အမည်မသိ မိတ်ဆွေကြီးကမှ ပေးတဲ့သတင်းမဟုတ်ဘူး


မျိုးချစ်

Monday, February 4, 2008

Stallone says 'Rambo' banned in Myanmar


February 2, 2008 1:04 PM

LOS ANGELES (AP) - Sylvester Stallone says his latest ''Rambo'' movie and its tagline are inspiring real-life opponents of Myanmar's ruling military junta - and prompting a government backlash.

''Either live for something, die for nothing - it's your choice,'' Stallone said on Saturday in a phone call from Paris, where he is promoting the new film. ''Students have now used this film as a rallying point and are using the quote, thinking maybe the American military will intervene and save them.''

While the film has yet to be formally released in Asia, Stallone said he's heard reports that Myanmar police have prohibited DVD sellers from stocking pirated copies. Stallone also said two of the film's actors, who are from the country formerly known as Burma, told him that family members have been arrested.

It was not immediately possible to confirm the claims.

Myanmar's military crushed pro-democracy protests led by students and Buddhist priests last year.

The fourth ''Rambo'' has the disaffected Vietnam vet trying to find missionaries captured by Myanmar soldiers, who are shown razing villages and killing civilians.

Stallone filmed the movie on a river bordering Myanmar and neighboring Thailand.

He issued a challenge to the junta about its portrayal.

''If they think this movie is a fantasy,'' he said, ''I welcome the opportunity to let me come over there and walk around the country without armed guards following me every inch of the way.''

Twitter Delicious Facebook Digg Stumbleupon Favorites More