Showing posts with label Interview. Show all posts
Showing posts with label Interview. Show all posts

Friday, February 3, 2012

အဖေ အကယ်ဒမီရတုန်းက






Broadcast interview when my dad Actor/Director Htun Htun Naing won his first academy award.


ကျွန်တော့် အဖေ သရုပ်ဆောင်/ဒါရိုက်တာ ဦးထွန်းထွန်းနိုင် အကယ်ဒမီရတုန်းက အင်တာဗျူးမှာ အဖေက ခုလိုပြောခဲ့ပါတယ်...


ကျွန်တော် သစ္စာတရား သုံးပါး လက်ကိုင်ထားပြီးတော့ အနုပညာ လုပ်ငန်းကို သေတစ်ပန်သက်တစ်ဆုံး လုပ်သွားမယ်ဆိုတာပါ ...

သစ္စာတရား သုံးပါး ဆိုတာက ...

ကျွန်တော် လူသားတစ်ယောက် အနေနဲ့ လူ့လောက အပေါ်မှာ သစ္စာရှိပါ့မယ် ...

ကျွန်တော် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ နိုင်ငံအပေါ်မှာ သစ္စာရှိပါ့မယ် ...

ရုပ်ရှင်လောကသားတစ်ယောက်အနေနဲ့ ကျွန်တော့် လောက အပေါ်မှာ ကျွန်တော် သစ္စာရှိပါ့မယ် ...



ထွန်းထွန်းနိုင် (ခ) နောင်ထွန်းလွင်

(၁၉၅၂ - ၂၀၀၈)





အဖေ့ သစ္စာကို သားတစ်သက်လုံး သေတဲ့အထိ ဆက်စောင့်ထိန်း ထားပေးပါ့မယ် အဖေ ...




သားကြီး

Sunday, August 7, 2011

မေးလို့ဖြေပြီ


Please click on photo to ENLARGE!



၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း NewsWatch Weekly (စောင့်ကြည့်သတင်း) ဂျာနယ်အတွက် သတင်းသမား မနွယ်နီ လာရောက်မေးမြန်းချက်များကို ဖြေဆိုထားသော ကျော်သူ၏ အဖြေစကား များကို ၁၀.၈.၂၀၁၁ (ဗုဒ္ဓဟူးနေ့) NewsWatch Weekly (စောင့်ကြည့်သတင်း)ဂျာနယ် အတွဲ - ၇၊ အမှတ် - ၆ ထုတ်တွင် ပါဝင်မှုတို့ကို တင်ပြခြင်းဖြစ်သည်။   

Saturday, July 9, 2011

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာနှင့် စကားပြောခြင်း


" အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာနှင့် စကားပြောခြင်း "


ဟင်နရီကစ်ဆင်ဂျာရဲ့ အမည်အပြည့်အစုံက ဟင်နရီအဲလ်ဖရက်ကစ်ဆင်ဂျာ ဖြစ်ပြီး ၁၉၂၃၊ မေလ(၂၇)ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။

မဝေးလှတဲ့ အမေရိကန် သမိုင်းမှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး၊ သြဇာကြီးမားတဲ့ နိုင်ငံရေးသုခမိန်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ထင်ရှားတဲ့ ဟင်နရီကစ်ဆင်ဂျာဟာ ဂျာမန်သွေးပါသူဖြစ်ပါတယ်။

သမ္မတ ရစ်ချဒ် နစ်(က်)ဆန်နဲ့ ဂျယ်ရယ်(လ်)ဖို့(ဒ်)တို့ လက်ထက်မှာ အမျိုးသားလုံခြုံရေးအကြံပေး၊ နိုင်ငံခြားရေးဝန်ကြီး စတဲ့ရာထူးတာဝန်တွေ ကိုထမ်းဆောင်ခဲ့သူ ကစ်ဆင်ဂျာရဲ့ နိုင်ငံရေး ဒဿနတွေဟာ နောက်တက်လာတဲ့ အမေရိကန်သမ္မတတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်များစွာ အပေါ်မှာပါ သြဇာသက်ရောက်နေဆဲဖြစ်ပါတယ်။

လက်တွေ့ချဉ်းကပ်ဆောင်ရွက်ရေးဝါဒီဖြစ်သူ ကစ်ဆင်ဂျာဟာ ၁၉၆၉ မှ ၁၉၇၇ အတွင်း ယူအက်(စ်)နိုင်ငံခြားရေးမူဝါဒအပေါ် များစွာ လွှမ်းမိုးခဲ့သူဖြစ်ပါတယ်။

အဆိုပါကာလအတွင်းမှာ ဆိုဗီယက်ယူနီယံနဲ့ ဆက်ဆံရေးဆိုးဝါးနေခြင်းကို ပြုပြင်ဖို့ ကြိုးပမ်းခဲ့သလို တရုတ်နိုင်ငံနဲ့ တခါးဖွင့်ဆက်ဆံရေးမှာလည်း ဦးဆောင်ခဲ့ပါတယ်။

ပဲရစ်ငြိမ်းချမ်းရေး သဘောတူညီမှု ပေါ်ပေါက်လာအောင် ဆောင်ရွက်ခဲ့ပြီး ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ပါဝင်မှုကို အဆုံးသတ်စေခဲ့ပါတယ်။

ကမ္ဘောဒီးယားကို ဗုံးကြဲခဲ့တဲ့ကိစ္စအပါအဝင် အဲဒီခေတ် အမေရိကန်မူဝါဒ အတော်များများကတော့ အငြင်းပွားစရာတွေရှိနေဆဲပါ။

နိုင်ငံတကာ အကြံပေးအဖွဲ့အစည်းအဖြစ်တည်ထောင်ထားတဲ့ ကစ်ဆင်ဂျာအဖွဲ့အစည်းမှာ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင် နေဆဲဖြစ်ပြီး၊ ဒီနေ့အထိ အငြင်းပွားဖွယ်ရာ ပုံရိပ်တစ်ခုဖြစ်နေဆဲလို့ဆိုရမယ့် ဟင်နရီကစ်ဆင်ဂျာကို တိုင်း(မ်)သတင်းထောက် ဘယ်လင်ဒါ လပ်(စ်)ကွမ်း တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးကို တင်ဆက်လိုက်ပါတယ်။

မေး။    ။အမေရိကဟာ တရုတ်ကိုကြောက်သင့်ပါသလား။

ဖြေ။    ။အမေရိကဟာ တရုတ်ကို နားလည်သဘောပေါက်ဖို့ပဲ လိုပါတယ်။ ကြောက်ဖို့မလိုပါဘူး။

မေး။    ။ဘာကြောင့်လဲ။

ဖြေ။    ။တရုတ်နဲ့ယူအက်(စ်)ဟာ တစုံတရာသော ကိုယ်စီတိမ်းညွတ်မှုတွေကြောင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကြောက်နေကြတယ်။
ယူအက်(စ်)က တရုတ်ကိုစစ်အင်အားနဲ့ ဝိုင်းထားမှာကို တရုတ်ကကြောက်တယ်။
တရုတ်က အာရှကိုလွှမ်းမိုးထားပြီး ယူအက်(စ်)ကို အာရှကနေကန်ထုတ်မှာကို ယူအက်(စ်)ကကြောက်တယ်။
အလုပ်အတူတူတွဲလုပ်ပြီး ပူပေါင်းဆောင်ရွက်မှုနဲ့ မိသားစုအဖွဲ့အစည်းဆန်ဆန် ခံစားမှုမျိုးရရှိစေမယ့် နှစ်နိုင်ငံစလုံးပါဝင်နိုင်မယ့် ပရောဂျက်တွေ ချမှတ်ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်ထင်တယ်။
သို့မှသာ မဟာဗျူဟာအရ ထိပ်တိုက်တွေ့ဆုံရေးဆိုတာထက် ထူခြားပြီးလက်တွေ့ကျကျပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေမှာ ထိပ်တိုက်တွေ့ဆုံတာမျိုး ဖြစ်လာလိမ့်မယ်။


မေး။    ။ခင်ဗျားရဲ့ ‘စိနဗေဒ’ (On China) စာအုပ်အရဆိုရင် နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမေရိကရဲ့ လက်ဦးမှုရယူရေး မူဝါဒထက် တရုတ်ရဲ့ စိတ်ရှည်သည်းခံရေးလမ်းကြောင်းကို ခင်ဗျားပိုပြီး အာရုံကျတယ်ထင်တယ်။

ဖြေ။    ။ဒီလိုမဟုတ်ဘူးဗျ။ ကျွန်တော်ပြောချင်တာက သမိုင်းကြောင်းအရ အမေရိကန်တွေဟာ ပြဿနာအတော်များများကို ဖြေရှင်းနိုင်တာတွေ့ရတယ်။
ပြဿနာတစ်ရပ်ပေါ်လာတိုင်း ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ကျွန်တော်တို့တွေးတယ်။ အဲဒီနောက်ပြေလည်မှုရသွားတယ်။
ဒါက တစ်စိတ်တစ်ပိုင်းပဲမှန်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့သမိုင်းက တိုတောင်းပြီး အရမ်းကိုအောင်မြင်ခဲ့လို့ပဲ။
တရုတ်သမိုင်းက နှစ်ထောင်ချီရှိပြီး ပြဿနာတစ်ခုကြုံတိုင်း သူတို့စိတ်ထဲမှာ အဖြေမရှိဘူးလို့ တွေးထင်ကြတယ်။


တရုတ်တွေအတွက် သမိုင်းဆိုတာ ရှင်သန်နေတဲ့အရှိတရား ဖြစ်တယ်။ ဒါဟာ အတွေးအခေါ် ဒဿနပိုင်းဆိုင်ရာ ခြားနားချက်ပဲ။
ဒီလိုပြောတာက တန်ဖိုးထားမှုဆိုင်ရာ စံနှုန်းတွေနဲ့ ဆက်စပ်ပြီး ပြောတာတော့မဟုတ်ဘူးပေါ့ဗျာ။

မေး။    ။တရုတ်ပြည်အပေါ် အကောင်းမြင်သဘောထားရှိတာဟာ တရုတ်အစိုးရအတွက် လုပ်ကိုင်နေတဲ့ ခင်ဗျားရဲ့ အဖွဲ့အစည်းကြောင့်လား။

ဖြေ။    ။ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အစိုးရကိုမဆို စီးပွားရေးမိတ်ဖက်လို ကျွန်တော်တို့ သဘောမထားဘူး။
တရုတ်ရင်းမြစ်တွေက ဒါမှမဟုတ် တရုတ်အစိုးရဆီက ကျွန်တော်တို့ငွေကြေး ရယူခြင်းမရှိပါဘူး။


မေး။    ။အာရပ်နွေဦး (Arab Spring) လို့ခေါ်တဲ့ အာရပ်ကမ္ဘာရဲ့ အပြောင်းအလဲတွေဟာ အပေါင်းလက္ခဏာ ဆောင်တယ်လို့မြင်ပါသလား။

ဖြေ။    ။ဒီအုံကြွမှုတွေဟာ အင်အားပြင်းထန်တဲ့ သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခုပါပဲ။
ခုချိန်မှာ တကယ့်ဒီမိုကရေစီတော်လှန်ရေးတစ်ရပ် လို့တော့မပြောနိုင်သေးဘူး။

ဇာတ်ဝင်ခန်းငါးခုပါ ပြဇာတ်တစ်ပုဒ်ရဲ့ ပထမဆုံးဇာတ်ဝင်ခန်းရဲ့ ပထမဆုံးပြကွက်အဆင့်မှာပဲ ရှိသေးတဲ့ အာရပ်တော်လှန်ရေးကို တဖြည်းဖြည်း ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဖြစ်လာအောင် ကျွန်တော်တို့ ဘယ်လိုကူညီပေးနိုင်မလဲ။ အဲဒါက ကျွန်တော်တို့အတွက် ပစ္စက္ခစိန်ခေါ်မှုပဲ။

မေး။    ။ပြည်ပကဝင်ရောက် ကူညီမှုမပါဘဲ အဲဒီဒေသမှာ အစိုးရအပြောင်းအလဲ ဖြစ်နိုင်တယ်ဆိုရင် အီရတ်ကိစ္စမှာ ယူအက်(စ်)အနေနဲ့ နောက်ထပ်နှစ်အနည်းငယ် စောင့်ခဲ့ဖို့ကောင်းတယ်လို့ ခင်ဗျားထင်ပါသလား။

ဖြေ။    ။အီရတ်အပေါ်စစ်ရေးအရ အရေးယူတာကို ကျွန်တော်ထောက်ခံခဲ့တယ်။ ကွန်ဂရက်ရဲ့ ငါးပုံလေးပုံကလဲ ထောက်ခံခဲ့တာပဲ။ ခုတော့  သူတို့မေ့သွားပြီပေါ့ဗျာ။

ယေဘုယျအားဖြင့် စစ်အင်အားသုံးပြီး အစိုးရအပြောင်းအလဲ ဖော်ဆောင်နိုင်မယ်လို့ ကျွန်တော် မယုံကြည်ဘူး။ သို့နှင့်တိုင် ထူးခြားတဲ့ အခြေအနေတွေမှာတော့ အမြဲတမ်း ချိန်ဆပြီးလုပ်ဖို့ လိုလိမ့်မယ်။

မေး။    ။ဒါဆိုရင် အခုရောဘယ်လိုလဲ။

ဖြေ။    ။အီရတ်ဟာ ဒေသတွင်းမှာ ကိုယ်စားလှယ်အစိုးရတစ်ရပ် အုပ်ချုပ်တဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်သွားပြီလို့ ပြောနိုင်ကောင်း ပြောနိုင်ပါလိမ့်မယ်။

ဒီအနေအထားကိုရဖို့ ဆယ်နှစ်လောက်တိုက်နေရမယ်ဆိုတာကို ကျွန်တော်ထောက်ခံလားလို့ မေးခဲ့ရင်တော့ မထောက်ခံဘူးလို့ ပြောခဲ့မှာပေါ့ဗျာ။

မေး။    ။ယူအက်(စ်)အနေနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) မဝင်တာဟာ ခင်ဗျားအပါအဝင် ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေ ဥပဒေအရ အရေးယူခံရမှာ စိုးလို့လား။

ဖြေ။    ။ကျွန်တော်တို့ အိုင်စီစီ အဖွဲ့မဝင်ရခြင်းရဲ့အကြောင်းရင်းကို ပြောရမယ်ဆိုရင် အဲဒီမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံအတော်များများက ဥပဒေရေးရာတာဝန်ရှိသူတွေဟာ များသောအားဖြင့် နိုင်ငံတကာရေးရာတွေကို ကောင်းစွာ နားလည်သူတွေမဟုတ်လို့ပဲ။
အိုင်စီစီကို ကျွန်တော်သိပ်သဘောမတွေ့ပါဘူး။ သို့ပေမယ့် ကျွန်တော့်ကိုယ်ရေးကိုယ်တာအတွက် ကြောက်စိတ်ရှိဖို့ဆိုတာတော့ သိပ်ကိုဝေးလွန်းပါတယ်။


မေး။    ။ခင်ဗျားနာမည်ရဲ့ရှေ့ဆုံးမှာ ဟိန့်(ဇ်)နဲ့စပြီး ခေါ်တွင်ဖို့ ဆန္ဒရှိဘူးသလား။

ဖြေ။    ။တစ်ခါမှမရှိဘူး။

မေး။    ။မွန်တီပိုင်သွန် ကနေ ဘော့(ဘ်)ဒီလန်အထိ ခင်ဗျားအကြောင်း သီချင်းတွေရေးဖွဲ့သီဆိုကြတယ်။ ခင်ဗျားအကြိုက်ဆုံး တစ်ပုဒ်လောက်ရှိရင် ပြောပြပါလား။

ဖြေ - ကျွန်တော်ပြောရင် ခင်ဗျားအံ့သြသွားမလား။ ကျွန်တော်အဲဒါတွေ လုံးဝမသိဘူးဗျ။



မင်းသက်စံ
Ref: TIME Magazine, June 06, 2011

Saturday, May 24, 2008

VOA စကားဝိုင်း May, 23rd, 2008

May 23rd မှာ VOA က ကိုကျော်အောင်လွင်ရဲ့ဖိတ်ခေါ်မှုကြောင့်ခနစကားပြောဖြစ်ခဲ့ပါတယ် နားဆင်ကြည့်ကြပါဦး
VOA 052308 at MySpaceFileHosting.com
Click here to play

Thursday, May 1, 2008

Wednesday, April 9, 2008

ကြံ့ဖွံ့တွေအကြောင်း ဆွေးနွေးခြင်း (VOA)

ဒီနေ့ VOA မှာဆွေးနွေးကြတဲ့ အကြောင်းလေးပါ
အဓိက ကတော့ မြန်မာပြည်က ကြံ့ဖွံ့ခွေးတွေ အကြောင်းပေါ့နော်

အစီအစဉ် တစ်ခုလုံးကို ဒီမှာ နားဆင်နှိုင်ပါပြီ
Real Player ရှိဖို့လိုပါတယ်
Real Player မရှိရင် ဒီမှာနှိပ်ပါ
အသံဖိုင် သီးသန့် ကိုတော့ ဒီမှာ ရယူနှိုင်ပါတယ်
ဖိတ်ကြားပေးခဲ့တဲ့ ကိုကျော်အောင်လွင်နဲ့ VOA အဖွဲ့သားများအားလုံးကိုကျေးဇူးတင်ပါတယ်

မျိုးချစ်မြန်မာ

Saturday, April 5, 2008

VOA စကားပြောခန်း

မနေ့က VOA စကားပြောခန်းမှာ ဝင်မေးဖို့ ဖိတ်ခေါ်လို့ ခနဝင်မေးဖြစ်ပါတယ် ဒီမှာ နားဆင်ကြည့်ကြပါ

အသံဖိုင်သီးသန့် ကိုတော့ ဒီမှာ ရယူ နိုင်ပါပြီ

စကားဝိုင်းကို ဖိတ်ခေါ်ခဲ့တဲ့ ကိုကျော်အောင်လွင် နဲ့ VOA အဖွဲ့သားများကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်

မျိုးချစ်မြန်မာ

Wednesday, March 26, 2008

မဆွေ (မေဆွိ) နှင့် အမှတ်တရ စကားပြောခြင်း

ခုတလော ထွက်ပေါ်နေတဲ့ မဆွေနဲ့ ပါတ်သက်တဲ့ ကောလဟာလ တစ်ခု နဲ့ ပါတ်သက်ပြီး အမှတ်တရ စကားပြောဖြစ်ခဲ့ပါတယ်
နားဆင်ကြည့်ကြပါ

အသံ ဖိုင် သီးသန့် ကို ဒီမှာ ရယူ နှိုင်ပါတယ်

Saturday, February 2, 2008

ကျွန်တော် နှင့် VOA Interview (Jan,31st,2008)

မိတ်ဆွေတို့ခင်ဗျာ

ဒီနေ့ VOA မြန်မာပိုင်း အစီအစဉ်မှာ ထုတ်လွှင့်သွားခဲ့တဲ့ မအေးသန္တာကျော် နဲ့ ကျွန်တော့်ရဲ့ အင်တာဗျူး အစီအစဉ်ပါ

နားဆင်ကြည့်ကြပါဦး

မအေးသန္တာကျော် နဲ့ VOA အဖွဲ့သားများကို အထူးကျေးဇူးတင်ပါတယ်လို့ပြောကြားပါရစေ ခင်ဗျာ

မျိုးချစ်


Tuesday, January 29, 2008

Twitter Delicious Facebook Digg Stumbleupon Favorites More