Showing posts with label Myanmar Crime News. Show all posts
Showing posts with label Myanmar Crime News. Show all posts

Wednesday, July 6, 2011

ညှို့ချက်ြ​ပင်းသော အမျိုးသမီး​သုံးယောက်

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအချို့၏ မြို့နယ်များတွင်းရှိ လူနေအထပ်မြင့် အဆောက်အအုံများတွင် မသမာသူ အမျိုးသမီးသုံးဦးသည် ဗေဒင် နက္ခတ် နတ်များကို အလွန်အမင်း ယုံကြည်သူ အမျိုးသမီးများအား ပြစ်မှတ်ထားပြီး အလှူခံအဖြစ် ဝင်ရောက်ကာ ခေတ်သစ် တို့ဆေး ခေါ် စိတ်ညှို့အတတ်ပညာများဖြင့် ငွေလိမ်လည် တောင်းခံမှုများ မကြာခဏ ပြုလုပ်ခဲ့တယ်လို့ သိရသည်။

“ကျွန်မအိမ်ကို နေ့လယ် ၁ နာရီကျော်ကျော်လောက်မှာ အလှူခံလာတယ် ကျွန်မအမျိုးသားကလဲ ဆုံးထားတာ မကြာသေးတော့ ကျွန်မလဲ ကောင်းမှုကုသိုလ်လုပ်မယ်ဆိုတဲ့ အနေနဲ့ တံခါးဖွင့်ကြည့်တော့ အိမ်ရှေ့ မှာ ကုလားမသုံးယောက် ရောက်နေတယ် သူတို့ကဘုရားပွဲရှိတယ် ကုလားမီးနင်းပွဲ အတွက် အလှူခံပါတယ်တဲ့ တတ်နိုင်သလောက် လှူနိုင်တယ်တဲ့ နောက်ပြီး သူတို့ သုံးယောက်က ကျွန်မအမျိုးသား ဆုံးတာ သိနေတယ် တစ်ယောက်က ပုဂ္ဂိုလ်ပူးသလိုလို ဘာလိုလိုနဲ့ ကျွန်မအမျိုးသားက မကျွတ်သေးဘူးတဲ့ အိမ်နားမှာဘဲ ရှိနေသေးတယ်တဲ့ အဲဒါ ကျွန်မ အမျိုးသား ကောင်းရာမွန်ရာ ရောက်အောင် ယတြာလေး ခြေပါလား ဆိုပြီး သူတို့ မှာပါလာတဲ့ ဘုရားပုံလေးကို ကိုင်ခိုင်းပြီး လိုတဲ့ဆု တောင်းခိုင်းတယ် ကျွန်မလည်း အမျိုးသား အတွက် ဆိုပြီး သူတို့ခိုင်းတဲ့အတိုင်း လုပ်လိုက်တယ် အဲဒီနောက်ပိုင်း ဘယ်လိုဖြစ်သွားတယ် မသိဘူး သူတို့ပြောတာကိုဘဲ နားထောင်တယ် ကိုယ်က ဘာမှ ပြန်မပြောဖြစ်ဘူး နောက်ပြီး ယတြာခြေဖို့ ငွေငါးသောင်း တောင်း တာလည်း ပေးလိုက်မိတယ် အံ့သြစရာ ကောင်းတာက ကျွန်မ ဘာမှပြန်ပြောလို့မရဘူး သူတို့ခိုင်းတာဘဲ လုပ်နေတယ် နောက်ပြီးတော့ သူတို့ပြန်သွားတော့ မှာသွားသေးတယ် ဒီအကြောင်းကို ဘယ်သူမှ မသိစေရဘူး ပြောချင်ရင် နောက်နေ့ ၁၂ နာရီကျော်မှ ပြောရမယ်တဲ့ တကယ်လဲ ကျွန်မဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ဘူး ကျွန်မ သားတွေကိုတောင် မပြောဖြစ်ခဲ့ဘူး တော်တော်ကို ကြောက်စရာကောင်းတယ်လို့ ကိုယ်တွေ့ကြုံရတဲ့ မင်္ဂလာဒုံ မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပြသွားပါတယ်။

အလားတူပဲ လွန်ခဲ့တဲ့ အပတ်ကလည်း ကမာရွတ်မြို့နယ်ထဲက အင်းစိန်လမ်းမပေါ်မှာရှိတဲ့ အဆောက်အအုံတစ်ခုမှာ နယ်ကလာပြီး ကုမ္ပဏီ ဝန်ထမ်း အလုပ်လုပ်နေကြတဲ့ မိန်းကလေး လေးယောက် နေထိုင်တဲ့ လှိုင်ရတနာဈေးရှေ့က တိုက်ခန်းတွင် နေ့ခင်းနှစ်နာရီလောက်မှာ အဆိုပါ ကုလားမသုံးဦး က မိန်းကလေး လေးယောက် နေထိုင်တဲ့ အခန်းကို တံခါးလာခေါက်ပြီး အလှူခံလာတာပါလို့ ပြောတယ်လို့ ဆိုပါတယ် အဲဒီအချိန်က အခန်းမှာ မိန်းကလေးနှစ်ဦးသာရှိပြီး၊ လူကြီးမရှိကြောင်း ပြောပေမယ့် အိမ်ထဲကို အတင်း ဝင်လာကာ လူကြီးမရှိလဲ တတ်နိုင်သလောက် လှူနိုင်တယ်လို့ ပြောပါတယ် မိန်းကလေးများဟာ နယ်သူလေးများဖြစ်ပြီး အားနာတာကြောင့် ငွေ ၂၀၀ ကျပ် ထုတ်လှူလိုက်ရာမှာ နည်းသေး တာပေါ့လို့ ပြောကာ ထိုအချိန်က မိန်းကလေးတစ်ဦးဟာ နေမကောင်းနေတာကို ရိပ်စားမိဟန်ရှိပြီး ထိုမိန်းကလေး ကျန်းမာရေးမကောင်းတာ ဗေဒင်ကြည့်ပေးမယ် သူတို့ ဘုရားမယ်တော်က အကုန်သိတယ်လို့ပြောကာ အသင့်ပါလာတဲ့ မယ်တော်ပုံလေးအား ကိုင်ခိုင်းပြီး လိုရာဆုကို တောင်းခိုင်းတယ်လို့လည်း ဆိုပါတယ်

ဆုတောင်း အပြီးမှာ မယ်တော်ပူးသလို ဘာလိုလိုနဲ့ အဟောအပြောတွေ စလုပ်ကာ နေမကောင်းသူ မိန်းကလေးအား ဟောရာမှာ ခြေနှစ်ချောင်း ထွက်ကိန်းရှိကြောင်း အဝေးက မိဘနှစ်ပါးထဲက တစ်ယောက်ယောက် ခန္ဓပျက်ကိန်းရှိတယ် လို့ဆိုကာ အဲဒီ မကောင်းတာတွေ ပျောက်အောင် ယတြာခြေရမယ် ငွေခြောက်သောင်းပေး လို့ ပြောပြီး တောင်းတယ်လို့ ဆိုပါတယ် အဲဒီအချိန်တွင် သူတို့ပြောသည်များကိုသာ လုပ်ဆောင်နေပြီး ဘာကိုမှ ပြန်ပြောလို့မရဘူးလို့လည်း ဆိုပါတယ် နောက်ပြီး ပြန်ခါနီးမှာ ဒီအကြောင်းတွေကို နောက်နေ့ ၁၂ နာရီ မကျော်မခြင်း ဘယ်သူ့ကိုမှ မပြောရဘူး ပြောချင်ရင် နောက်နေ့ ၁၂ နာရီကျော်မှပြောလို့ရတယ်လို့ ဆိုကာ နောက်သုံးလေးရက် ကြာလျှင် ပြန်လာခဲ့မယ်လို့ ပြောပြီး ပြန်ဆင်းသွားကြတယ်လို့ ဆိုပါတယ် တကယ်ပင် နောက်တပတ်ခန့်အကြာ အဲဒီ ကုလားမ သုံးယောက် ပြန်ရောက်လာလို့ ဝိုင်းဝန်းဖမ်းဆီးရာ လွတ်မြောက်သွား တယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် ယခုအခါမှာ အထပ်မြင့် တိုက်ခန်းများတွင် နေထိုင်ကြတဲ့ မိသားစုများ အနေနဲ့ လူကြီးများ အပြင်သွားကြတဲ့အခါမှာ အိမ်တွင် ကျန်ရစ်မယ့် ကလေးသူငယ်များကို ဖြစ်ဖြစ် သက်ကြီးရွယ်အိုများကိုဖြစ်ဖြစ် သေချာစွာမှာပြီးမှ မိမိတို့အိမ်အား မရင်းနှီးသည့် လူများ လာရောက်ပါက လွယ်လင့်တကူ တံခါးများကို ဖွင့်မပေးကြဖို့နဲ့ တာဝန်ရှိသူများ လာရောက်ပါကလည်း သေချာစွာ မေးမြန်းပြီးမှသာ ဖွင့်ပေးသင့် ကြောင်း အလားတူ မိန်းကလေးများ ချည်းစု၍ နေကြတဲ့ တိုက်ခန်းများ အထူးသဖြင့် အဆိုပါ မသမာ သူတို့ရဲ့ပစ်မှတ် ဖြစ်နေတာကို သတိပြုရမှာဖြစ်ကြောင်းကို ကိုယ်တွေ့ကြုံရသူများက ပြောပြသွားကြလို့ သိရပါတယ်။

သူငယ်ချင်းများ သတိထားနိုင်ရန် စေတနာဖြင့် ရတနာပုံဆိုဒ်မှ ကူးယူဖေါ်ပြပါသည်။


သီတာမြင့်

Thursday, April 3, 2008

မြန်မာ ကလေးငယ်တစ်ဦး အသတ်ခံရခြင်း (MSNBC)


7-year-old disappeared from her home; body found in nearby apartment

SOUTH SALT LAKE, Utah - A 21-year-old man admitted causing the death of a 7-year-old Myanmar girl who disappeared at her apartment complex in South Salt Lake, police said Wednesday.

Esar Met was being held on charges of aggravated murder, kidnapping and evidence tampering. The details were released in a document used to support his arrest.

The body of Hser Nay Moo was found Tuesday, more than 24 hours after she disappeared from her family's apartment at the South Parc complex, sparking a search that involved hundreds of people. The body was in another apartment.


A Salt Lake County jail document said Met admitted keeping Hser in the apartment by force, resulting in her death.

Met does not have a criminal record in the U.S., and authorities were trying to determine his native country, police said.

Met's mother, Ra He Mar, who also lives in the apartment complex, told the Deseret Morning News, "I don't believe my son did anything wrong."

'I loved her the most'
The girl's father, Cartoon Wah, said through an interpreter Wednesday that he was grateful for an outpouring of public support and that he missed his daughter.

"I have one daughter in this world, and I loved her the most," he said.

Volunteers searched for Hser after she walked away from her apartment following an argument with an older brother Monday.

Her family settled in Utah last summer and are natives of Myanmar, formerly known as Burma. The country is governed by an authoritarian military regime and has numerous documented cases of human rights abuses, according to the U.S. State Department.

The family is among more than 500 refugees from that country living in Utah, said Norman Nakamura, Utah's coordinator for refugee resettlement.

Questions linger
Candles, stuffed bears and flowers were placed at the apartment complex Wednesday. In a reference to the search, handmade signs said, "You're never so lost that angels can't find you."

Jessica Torres, who lives at South Parc, said her children asked: "Why would someone do that to a little girl? Why does the world have to be that way?"

Hser had four siblings, including a brother born just a few weeks ago. About 400 Burmese refugees have settled in Utah since last year, said Aden Batar of Catholic Community Services.

Wednesday, March 5, 2008

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်း

ဒီတနင်္လာနေ့ ညနေပိုင်း ကဖြစ်တောင့်ဖြစ်ခဲ သေနတ်ပစ်ခတ်မှု တစ်ခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုအကျဉ်းချထားရာ နေအိမ်အနီး ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း မှာ ဖြစ်ပွားခဲ့ပါတယ်

အစိုးရဧည့်ဂေဟာ အနီး မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုဧည့်ဂေဟာ မှာ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ တွေ့ဆုံရေး ဝန်ကြီး တွေ့ဆုံဆွေးနွေးလျင် အသုံးပြုနေကြ နေရာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာ ရှိပြီး အစိုးရ မှ အမြဲတန်း အစောင့်ချထားသော နေရာလဲ ဖြစ်ပါတယ်

အမည်မဖေါ်လိုတဲ့ အနီးပတ်ဝန်းကျင် မှ သူများ ပြောပြချက်အရ ဘာဖြစ်တယ် ဆိုတာတော့ အသေအချာ မပြောနှိုင်သေးပါဘူး
Fuji House coffee shop ရဲ့ ပိုင်ရှင်ဖြစ်သူ ဥိးသူဇော်ရဲ့ နေအိမ်ဖြစ်ပါတယ်။
မနေ့ ညနေက ဦးသူဇော် ၄င်းရဲ့ အိမ်ကိုပြန်ချိန်မှာ ယောက္ခထီးဖြစ်သူ ဦးစောကြည်ဖေ၊ ယောက္ခမဖြစ်သူ ဒေါ်နန်းစန်းမြ၊ မိန်းမဖြစ်သူ မမြစန္ဒာ၊ ခယ်မဖြစ်သူ မနှင်းပွင့်အေးနဲ့  အိမ်ဖေါ်ဖြစ်သူ မနော်အေးဖေါ တို့  သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ ရတာဖြစ်ပါတယ်။

အိမ်ရှိ အတွင်းပစ္စည်းများကိုလဲ အကုန်ယူသွားတယ်လို့ သိရတာကြောင့် ဓါးပြမှု တခုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်

တိုင်းရင်းသား လူမျိုးစု များနှင့် နယ်စပ်ဒေသများမှာ ပြည်တွင်းစစ် ဖြစ်နေတာ နှစ်ပေါင်း ၆၀ ကျော်နေပြီ ဖြစ်တဲ့ မြန်မာပြည်မှာ ဒါမျိုးက အလွန့် ကို ဖြစ်တောင့်ဖြစ်ခဲပါ။

မြန်မာပြည်ဟာ သာမန် ပြည်သူတွေ လက်နက် ကိုင်ဆောင်ခွင့်လုံးဝ မရှိယုံသာမက လက်နက်မှန်သမျှ ကိုအစိုးရကသာ ထိန်းချုပ်ထားသောနိုင်ငံဖြစ်ပါတယ်
အထူးသဖြင့် ဒီနိုင်ငံထဲ ဒီလောက်တောင် လုံခြုံရေး အပြည့်အဝ တင်းကျပ်ထားတဲ့ ဒီလိုနေရာမျိုးမှာ ဒါမျိုး ဖြစ်တယ် ဆိုတာကတော့ တော်တော် လေး ထူးဆန်းနေပါတယ်

မျိုးချစ်

Unknown assailants gun down family and maid in Yangon

Yangon - Unknown gunmen killed five people in their Yangon home near the US embassy and the compound of detained opposition leader Aung San Suu Kyi, eyewitnesses said Tuesday.

The assault occurred at 6:30 p.m. Monday in the residence of Thu Zaw, owner of the nearby Fuji House coffee shop, a popular meeting place for dissidents.

When Thu Zaw returned home Monday night he found his father-in-law Saw Kyi Phay, mother-in-law San San Mya, wife Mya Sandar, her sister Hnin Pwint Aye and the maid Naw Ae Phew all dead from gunshot wounds.

The Fuji House Coffee Shop on the University Avenue Road is between SeinLeKanTha State Guest House and Aung San Suu Kyi's compound where the Nobel peace laureate has been under house arrest since May 2003.


The coffee shop, which is also near to the US embassy in Yangon, had been a popular meeting place for anti-government activists in the past, Yangon residents said. It was unclear whether the murders were motivated by politics or a business conflict.

It is unusual in Myanmar, which has been under an authoritative military regime since 1962, for civilians to possess firearms.

Twitter Delicious Facebook Digg Stumbleupon Favorites More